author life
စာရေးဆရာတစ်ယောက်ရဲ့ဘဝဟာတကယ်တော့လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်တဲ့အလုပ်တစ်ခုပါ။ စာရေးဆရာတစ်ယောက်လို့တော့မခံယူဝံပါ။steemit ကိုစသိကတဲက ကျန်တာတွေကို စိတ်ဝင်စားတာထက် စာရေးရဖတ်ရတာကိုပို ဝါသနာပါလို့ အသုံးပြု ဖြစ်ခဲ့ချင်းလည်းဖြစ်ပါသည်။steemitတွင်တကယိအရေးသားကောင်းပြီး အမှန်တကယ်အောင်မြင်နေကြသော စာရေးဆရာများ နှင့်စာရေးဆရာနီးပါးအရေးသားကောင်းကြသောသူများလည်းရှိကြပါသည်။
ထိုသူများကိုမည်သူမည်ဝါလို့တော့ မဖော်ပြလိုတော့ပါ။ steemit သည် အကောက်ပေါင်း Myanmar user အနေဖြင့်သောင်းကျော်ရှိသည့်အတွက်ကြောင့်မို့ ကျွန်တော်လက်လှမ်းမမှီသောစာရေးဆရာကောင်းများအားအလေးထား၍ မဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ကျွန်တော်က ကဗျာနှစ်သက်တဲ့သူ ဖြစ်လို့ကဗျာနဲ့ပတ်သက်လို့အတော်များများဖတ်မိပါသည်။စာရေးဆရာများနှင်စာရေးသူစီနယာအပေါင်းတို့ကိုလည်းအလွန်ပင်လေးစားအားကျမိပါသည်။အမှန်တိုင်းပြောရလျင် ကျွန်တော်သည်အရင်ကဒီလောက်ပင် မရေးရဲခဲ့ပါ ။steemit ကိုစတင်အသုံးပြုစဉ်က စာရွက်ပေါ် ဘောပင်ထောက်၍ စာပွဲပေါ်တွင်အကြိမ်ကြိမ် ပြိုလဲခဲ့ဖူးပါသည်။
ယခုလိုရေးဖို့နေနေသာသာ စာအနည်းအကျည်းလောက်ရေးဖို့ကိုပင် အချိန်အတော် ယူခဲ့ရပါ သည်။ကံကပဲခေတာလားမသိ steemit accountရလို့ကိုယ်စာစတင်ရေးချိန်တွင် steemit ဈေး မှာ 1.6 $ သို့ပင်ထိုး ကျခဲ့ပါသည်။စာရေးထား၍ မဖြစ်စလောက်ရသော $ များ steemit ဈေးကျ သောကြောင့် ' 0 ' ပင်မကွဲခဲ့ပါ။ ဝါသနာအရရေးခဲ့တာကြောင့် သိပ်ပြီးစိတ်မထိခိုက်ခဲ့ရပါ။ steemit တွင်စာရေးခဲ့သည်မာယခုဆိုလျင် 2 month ပင်ကျော်ခဲ့ပါသည်။ယခုအချိန်ထိတော့ မက်လောက်စရာ $တွေက မရသေးပါ။လိုချင်လွန်းလို့ပြောတာမဟုတ်ပါ။
တကယ်တမ်း internet ဖိုးကိုပြန်တွက်လိုက်မည်ဆိုလျင်အရင်းတောင် အဖျားမခက်သေးပါ ။ဝါသနာအရရေးတာဖြစ်တဲ့အတွက်ကြောင်ဒာတွေကိုလည်းမှုပါ။ ဒာပေမဲ့အိမ်ရှင်မကိုတော့မှု ရပါလိမ်မည်။သူမက ဖုန်ဘေထည့်ပေးသောကြောင့်ဖြစ်ပါသည်။သူမကတစ်ခါတစ်ယံပြောသောစကားသည်။ ရင်ဘက်ထဲကို စူးခနဲဝင်ရောက်ခဲ့ပါသည်။အနည်းဆုံးတော့တစ်ပတ်လျင်တစ်ကြိမ်တော့သူမပြောဖြစ်ပါသည်ထွေထွေထူးထူးတော့မဟုတ်ပါ။ မိန်းမတို့ထုံးစံအတိုင်း ရှင့်အလုပ်ကထမင်းမကျွေးဘူး ထင်းစားရမဲ့အလုပ်ကလေးဘာလေးစဉ်းစားအုံး ဘာညာပေါ့။ ကိုယ်ကလည်း စိတ်ထဲတွင် ငါ steemit မာ power ကောင်းပြီးအောင်မြင်လာရင်ဘာညာပေါ့ပြောပြစ်လိုက်ချင်ပါသည်။တကယ်တမ်းတော့လည်း သူမပြောတာ ထိုက်သင့်သလောက်တော့မှန်ပါသည်။ ဒါတောင် ကိုယ်က အစိုးရဝန်ထမ်းမို့လို့ပေါ့ နောက်ဆိုမလွယ်ဘူး။
သူ မကလည်းကျွန်တော့ကို မိန်းမတို့ထုံးစံအတိုင်ပါစပ်ကသာပြောတာပါတကယ်တမ်းတော့လည်းကျွန်တော့ဝါသနာပါတာကိုသူမတားလိုပါ ကျွန်တော့ကို့ဆက်လုပ်ခွင့်ပေးပါသည်။အပြင်မာစာရေးဆရာတွေလည်း တချို့မအောင်မြင်ခင်အချိန်မာ ဒီအတိုင်းအတော်များများ ကြုံကြလိမ်မယ်လို့ထင်မိပါသည်။ဒာတောင် steemit ကြီးပေါ်လာလို့ နော်ဆို ကျွန်တော်တို့လိုဝါသနာရှင်တွေ စာရေးဖို့စာရွက်ဖိုးကျေဖို့တောင် စာမူခရဖို့ကမလွယ်ကူပါ။ steemit ပေါ်လာတော့ ကျွန်တော်တို့လိုဝါသနာရှင်တွေအတွက်ပိုအဆင်ပြေသွားတာပေါ့ဗျား။ပညာလည်းရဝမ်းလည်းဝဆိုသလိုပေါ့။စာရေးဆရာများနှင့်စာရေးသူစီနီယာများသည်ကျွန်တော့ရဲ့သင်ဆရာ၊ မြင်ဆရာများဖြစ်တာကြောင့်အမြဲတမ်းလေးစားသမှုရှိနေပါသည်။
စာရေးရာမှာလည်းကျွန်တော်တို့စာရေးသူများသည် ဈန်ဝင်မှ ပိုရေးလို့ကောင်းသည်ဖြစ်သောကြောင့် ယခုpostနှင့်တချို့ post တွေ ဆိုကျွန်တော်သည် သံကောင်ကျော်မှထ ရေးသည်ပင်ရှိပါသည်။ အမြဲတမ်းလည်းကျိုးစားပြီးစာရေးသွားပါမည်။ steemit ဈေးကျသည် မကျသည် ကပကျွန်တော့အတွက်က ပဓာနမဟုတ်ပါ။ဝါသနာသည်သာအဓိကဖြစ်ပါသည်။steemit မှ မိသားစုဝင်အားလုံးလည်းကျွန်တော့လိုဝါသနာပါရာကိုနားလည်ပေးတတ်သော ဇနီး-ခင်ပွန်းကောင်းများပိုင်ဆိုင်နိုင်ကြပါစေ။
photocreadit; google image
Writing by @sanaung53
You got a 38% upvote from @aungzawhtwe courtesy of @sanaung53 ! its cool fee free .
အမှန်ပဲ မောင်လေးရေ အစ်မဆိုလည်း အလုပ်လုပ်နေရတဲ့ ကလေးအမေဆိုတော့ အချိန်က ရှားပါးတယ် ၊ အိပ်ချိန်ကို လုပြီး ရေးရတာပဲ ၀ါသနာပါတာကိုးလေ။
This post has received a 0.81% upvote from thanks to: @sanaung53.
For more information, click here!!!!
If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.
Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.
Voting for @yabapmatt
ပုံတွေကို မူရင်းလင့်ကို credit သေချာပေးစေချင်ပါတယ်။