the bread

in #myanmar7 years ago

အာဟာရအဖြစ် ဖြည့်စွက်စားနေကျတဲ့ ပေါင်မုန့်တွေ မုန့်တွေလုပ်တဲ့ နေရာလေးကို ကျန်တော်ဒီနေ့ ရောက်သွားခဲ့ပါတယ်။ မုန့်ဖုတ်နေရာကိုရောက်တာနဲ့ပဲ မုန့်ဖုတ်တဲ့ အနံ့သင်းသင်းလေးက မုန့်ဖုတ်ခန်းထဲဝင်ချင်အောင် ကျန်တော်ကို ဆွဲဆောင်တော့ သိချင်စိတ်ကိုမထိန်းနိုင်ပဲ မွေးလွန်းတဲ့ မုန့်ဖုတ်နံ့ရှိရာအခန်းထဲသို့ ကျန်တော်ဝင်ရောက်သွားခဲ့ပါတယ်။
အခန်းထဲရောက်သွားတဲ့အခါမှာတော့ ပူပူနွေးနွေး ကိတ်မုန့်တွေနက် မုန့်မျိုးစုံကိုတွေရပါတယ်။ တစ်ချို့က အအေးခံထားတယ်၊ တစ်ချို့က ခုမှ မုန့်ဖုတ်စက်ထဲကခုမှထုတ်လာတာ ပူပူနွေးနွေး မွေးမွေးလေးပေါ့ဗျာ။ မုန့်တွေကတော့မျိုးစုံဆိုပေမဲ့ မုန့်တစ်ချို့ကိုပဲ ပုံရိုက်ခဲ့ရတယ်။
မုန့်တွေလုပ်နေတုန်းနဲ့ထွက်လာတဲ့အခါ ရတဲ့ပုံစံက တစ်ချို့ကျန်တော်တို့ထင်နေတာနက် ကွဲမှန်းခုမှသိတယ်။ လေးထောင့် အချိုမပါတဲ့ပေါင်မုန့်ကို ပုံစံခွက်ထဲကို အလုံးလေးထည့်ပြီး ပေါင်းတယ်၊ ပြီးမှနောက်တစ်ဆင့်ဖုတ်လိုက်မှ ကျန်တော်တို့စားနေတဲ့ ပေါင်မုန့်လေးထောင့်လေးကိုရပါတယ်။ ဓားလီးမုန့်လို့လည်းခေါ်ကျတယ်ဗျာ့။ ဘာလို့လည်းဆိုတော့ အဲ့လိုမုန့်မဖုတ်ခင်မှာ ဂျုံလုံးလေးကို ဓားလေးနက်လှီးပြီး ပြန်စီပြီးမှထည့်လို့ ဓားလီးမုန့်ပါတဲ့။ ရိုက်ခဲ့တဲ့ပုံလေးတွေကိုအောက်မှာ ကြည့်ပေးပါ။
IMG_20180121_110058.jpg

IMG_20180121_110046.jpg

IMG_20180121_110229.jpg

IMG_20180121_110135.jpg

IMG_20180121_110429.jpg

IMG_20180121_110852.jpg

IMG_20180121_122926.jpg

received_194246157985939.jpeg

 ဂျုံနဲ့ အခြားမုန့်ဖုတ်ပစ်စီးတွေရောပြီး စက်ထဲထည့်ကာ နှံ့အောင်နယ်ပါတယ်။ နယ်တဲ့အချိန်တော့ ကျန်တော်အတိအကျမသိပါ။ ဒါပေမဲ့ နယ်တာအများကြီးပေမဲ့ လျံမထွက်လာတာတော့ မုန့်ဖုတ်သမားရဲ့ပညာပါ။ စက်နဲ့ နှံ့အောင်နယ်တာပြီးရင်တော့ မုန့်လုပ်တဲ့စာပွဲပေါ်ကိုတင်ပါတယ်။ ပြီးရင်မုန့်တစ်လုံးလုပ်ဖို့လိုအပ်တဲ့ ကီလိုဂရမ်ချိန်ပြီးအလုံးလေးတွေလုပ်ထားပါတယ်။ အဲ့အလုံးလေးတွေကို ဒလှိမ့်တုံးနဲ့လိမ့်ပြီး အလိပ်လေးပြန်လိပ်ပါတယ်။ ပြီးမှာဓားလေးနဲ့ သုံးပိုင်းဖြစ်အောင်လှီးပြီး ခေတ္တခဏလေသလပ်ခံထားပါတယ်။ ပြီးရင်ပုံစံခွက်ထဲကိုထည့်ပြီးအရင်ပေါင်းပါတယ်။ ပေါင်းတာရပြီဆိုရင် မုန့်ဖုတ်ဖိုထဲကိုထည့်ပါတယ်။ မုန့်ဖုတ်ဖိုကနေထွက်လာပြီဆိုလျက်တော့ နီညှိုရောင်သန်းနေတဲ့ စားချင်စဖွယ် ပေါင်မုန့်ကိုရလာပါပြီ။ ဒါနဲ့လည်းမပြီးသေးပါဖူး။ အဲ့ပေါင်မုန့်ကို အပြားလေးတွေညီအောင်ဓားလေးနဲ့စိတ်ရှည်ရှည်ထပ်လှီးရပါသေးတယ်။ အဲ့အဆင့်တွေပြီးတော့မှ အိတ်လေးထဲကိုသတ်သတ်ရပ်ရပ်လေးထည့်ကာ အိတ်လေးပိတ်ပြီး အရောင်းကောင်တာကိုတင်ပါတယ်။
 ပေါင်မုန့်စားခြင်းက လူကောင်ထွားစေတယ်လို့သိရပါတယ်။ ဝိတ်တက်တာပေါ့နော်။ အဲ့တော့ ပိန်ချင်တဲ့ မမများကတော့ အများကြီးမစားဖို့ပြောချင်ပါတယ်။ 
 ပေါင်မုန့်မှာက calories ပါဝင်တာများပြီး၊ nutrients ပါဝင်မူ့နည်းပါတယ်။ ဒါပေမဲ့ ဗီတာမင် ဘီ၊ သတ္တုဓာတ်နဲ့ ဖိုင်ဘာဓာတ်တွေတော့ပါဝင်ပါတယ်။ အသေးစိတ်ဖတ်ချင်ရင်တော့ အောက်ကလင့်မှတစ်ဆင့်လည်းဖတ်ရှူ့နိုင်ပါတယ်။

https://www.medicalnewstoday.com/articles/295235.php

authur @saipanpha
msc-186

Sort:  

စာ​ဖတ်​​နေချိန်​မနက်​စာမစားရ​သေး​သောအခါ😁

ဟီး 😁😁😁
စားပါဦး ငိငိ

ကျွန်တော်တော့ ပေါင်မုန့် အရမ်ြးုကိုက်တယ်ဗျ
ဖုတ်တော့ဖုတ်တတ်ဖူး

ကျန်တော်လည်းဖုတ်တတ်ဖူးဗျာ့
သူငယ်ချင်းက မုန့်ထုတ်တော့သိချင်တာနက်သွားလေ့လာတာ ဟီး
အထင်နဲ့အမြင်ဘာမှ့ကိုမဆိုင်ဖူးရယ်

အရသာ ရှိမဲ့ ပုံလေး

ဟုတ်မဆု
အရသာလေးလည်းမိုက်တယ်

အရသာလေးက မဆုလာမှ ကျွေးမယ်
ရှယ်ပဲ

စားချင်​သဖွယ်​ရှိလာတယ်​ဗျာအစ်​​ရေ

ဟီး အလည်လာရင်လိုက်ကျွေးမယ်ဘဒိုရေ

အဲဗျာ အဲ့မှာ စတွေ့ တာပဲ စာဖက်ရင်း ဗိုက်တောင်စာသွာပြီဗျ😁

ဟီး ဘဒို့ကိုနိပ်စက်သလိုများဖြစ်သွားလား 😁😁😂

ကိုယ်တိုင်ဖုတ်ပီးရှယ်စားလိုက်ချင်တယ်ဗျာ

လုပ်လိုက်တော့ဘဒိုရေ

Postတင်တာ အခက်ခဲကြောင့်နောက်ကျသော်လည်း
ဓားလှီးပေါင်မုန့် မှန်းသိသောအခါ
နည်းနည်းကျွေးပါဗျို့ 

ညေးဆီလာခဲ့ပါဘဒို 😁😁
မုန့်ဖုတ်ရုံကနေ မထနိုင်အောင် တစ်ဝကျွေးပါ့မယ် 😁

ဗဟုသုတရပါတယ်​တခြားမုန့်​အ​ကြောင်း​လေး​တွေလဲမျှ​ပေးပါအုံး

ပူတင်းမုန့်အကြောင်းလေးလည်းထပ်ပြောပြပါမယ်

စားချင်တယ်

လာလည်ရင်ကျွေးမယ်ဘဒိုရေ
ပူပူနွေးနွေးလေး

Thanks for sharing broရေ မု န့် လုပ်တာကို အခုမှသေချာသိရတယ်။

ဟုတ်ဘဒိုရေ
ပူတင်းလေး လာဦးမယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62890.35
ETH 2544.51
USDT 1.00
SBD 2.94