ထိန်းချုပ်ထားသော စိတ်အပိုင်းအစများ

in #myanmar6 years ago (edited)

my sign.JPG

မရေးသားတာကြာတော့ စတီးမစ်ဆိုတာတောင် ခေါင်းထဲမှာတောင် နေရာကပျောက်ချင်ချင်။ အဲ့လိုတော့ လုံးဝအဖြစ်မခံနိုင်။ အဲ့ဒီတော့ ဦးနှောက်ထဲက အစိတ်အပိုင်းလေးတွေကို ဟိုဟိုဒီဒီပြန်စီပြီး ဒီပရိုအတွက်လေးကနေ ပြန်စရင်း အားပြန်ဖြည့်လိုက်ပါတယ်။ တစ်ရက် တစ်ရက် အလုပ်တွေပိနေပေမဲ့ ဒီနေ့တော့ မရမက ရေးမှကို အဆင်ပြေတော့မှာ။ အလုပ်အကြောင်းပြနေရင် အလုပ်တွေက တစ်ရက်ပြီးတစ်ရက် မပြီးမစီး တစ်ခုပြီး တစ်ခု ထွက်ထွက်လာနေတော့ အလုပ်အားမှဆိုရင် လုံးဝကိုဖြစ်နိုင်တော့မယ်မထင်။

ဒါနဲ့ပဲ ကွန်ပျူတာပေါ်လက်တင်ရင်း ဦးနှောက်ထဲရှိတဲ့အတွေးတစ်ခုကို ချရေးဖို့ဖြစ်လာပါတယ်။ လူ့လောက ဆိုတဲ့ထဲမှာရှိတဲ့ ကျန်တော် ကြုံတွေ့ရဖူးတဲ့ လူတွေထဲက လူတစ်ချို့အကြောင်းကိုရေးချင်တာပါ။ လူတွေဆိုတာလည်း ထူးဆန်းသား။ အထူးသဖြင့် ကျန်တော်တို့ မြန်မာပြည်က လူတစ်ချို့ပေါ့။ အခုလက်ရှိဖြစ်သွားတဲ့ ဂူမှာ ပိတ်မိနေတဲ့ ကလေး ၁၃ ယောက် ကိစ္စကို ကြည့်ရင်ပဲ လူအမျိုးမျိုး သဘောထားအထွေထွေ ရှိတာမြင်နိုင်ပါတယ်။ ဒါပေမဲ့ ကျန်တော်ဘာကိုမြင်မိလည်းဆိုတော့ ကျန်တော်တို့ ဆီက လူတော်တော်များများက ပြသနာအပေါ်ထင်မြင်ချက်ပေးတာမှာ အဘက်ဘက်ကနေ ကြည့်တဲ့လူ သိပ်မရှိပဲ၊ အပေါ်ယံပိုင်း ကိုသာ ကိုယ့်အထင်နဲ့ ကိုယ့်အမြင်ကိုသာ အမှန်လုပ်နေကျတာကို မြင်ရပါတယ်။

တကယ်တမ်းတော့ ကိုယ့်အမြင်မှန်တယ်ဆိုပေမဲ့ အမြဲတမ်း လူ့လောကနဲ့ အံဝင်ကွင်ကျဖြစ်ဖို့ကျတော့ တကယ်ကိုခက်ခဲပါတယ်။ ကိုယ်ဖက်က မှန်တယ်ဆိုပေမဲ့ သူများအမြင်ကိုလည်း နားထောင်တတ်မှသာ teamwork လည်းဖြစ်၊ အလုပ်လည်းပိုတွင်လာမှာပါ။ ကိုယ်ကပဲမှန်တယ် အလျော့မပေးနိုင်ဖူးဆိုပြီး မာနထောင်လို့ကတော့ ကိုယ်ရဲ့ မိတ်ဆွေတစ်ယောက်လည်း ဆုံးရှံးပြီး အလုပ်ကလည်း ပိုနောင့်နှေးကြန့်ကြာပါတယ်။

ထိုင်းနိုင်ငံ ကလေး ဆယ့်သုံးယောက် ကိစ္စ အပြီးမှာ သူတို့နိုင်ငံအပေါ် ကျန်တော့်အမြင်ကတော့ တော်တော်လေးကို ချီးကျူးမိပါတယ်။ ကိုယ့်နေရာနဲ့ ကိုယ့်တာဝန်ကိုပဲ အပြီအပြင် လုပ်ဆောင်သွားကျတာက ကျန်တော်တို့တစ်တွေလည်း အတုယူသင့်ပါပြီ။ ကျန်တော်တို့ စီမှာတော့ ဖေ့ဘုတ်ဖွင့်လိုက်တယ်ဆိုရင်ကိုပဲ ပေါ်ပြူလာဖြစ်နေတဲ့ ကိစ္စတိုင်းကို ဝေဖန်ခနဲ့ အသံတွေနဲ့အတူ မန့်တွေဝင်ကြည့်လိုက်ရင်လည်း ဆဲဆိုသံနဲ့ လေလိုင်းစစ်တိုက်နေကျတာအများကြီးပါ(တစ်ချို့ကိစ္စမှာ ကျန်တော်လည်းအပါ အ၀င်ပေါ့ ဟီး)။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နေရာနဲ့ကိုယ့်တာဝန်ကို ယူလာကျပြီဆိုရင် ကျန်တော်တို့ နိုင်ငံကြီးတိုးတက်တာ အသာထားမိမိအိမ်တွင်းမှာကိုပဲ တော်တော်လေးကို သာယာ ပျော်ရွင်ဖွယ်နေရာလေးဖြစ်လာမှာပါ။ နင်မလုပ်လို့ ငါမလုပ်ဖူး ဆိုတဲ့ စိတ်ဓါတ်ကြီးကိုထားပြီး သူမလုပ်လည်း ငါအလုပ်တော့ ငါပြီးအောင်လုပ်မယ်ဆိုတဲ့သူတွေများလာရင် အားလုံးဟာ တစ်ဆင့်ပြီး တစ်ဆင့်တိုးတက်လာမှာပါ။

ဒီလိုတိုးတက်အောင်ကိုတော့ ကျန်တော်တို့ ကလေးတွေကို စုပေါင်းအစွမ်းကိုနားလည်ဖို့ မူကြိုတွေနဲ့ ကျောင်းတွေမှာ သင်ကြားပေးဖို့လိုအပ်မှာပါ။ သင်ကြားတဲ့အခါမှာလည်း စာတွေ့ပဲမဟုတ်ပဲ၊ လက်တွေ့ကိုပိုပြီး အသားပေးရင် နောက်လာမယ့်မျိုးဆက်မှာ စုပေါင်းစွမ်းအားနဲ့ ကိုယ်ဆီ တာဝန်ယူမှု့တွေကို မြင်တွေ့လာရတဲ့အခါ တိုင်းပြည်က အော်တို တိုးတက်လာပြီး ပိုပြီးတော့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းလာနိုင်မှာပါ။

အခု ကျန်တော်မြင်တွေ့နေရတာကတော့ မူကြိုတစ်ချို့မှာ ကလေးတွေကို ပျိုးထောင်တာ အတော်လေးကိုကောင်းပါတယ်။ စကားများလွန်းပြီး ပြောစကားနားမထောင်ဖူးလို့ မိဘတွေ ပြောပြောနေတဲ့ ကလေးတွေဟာ တကယ်တော့ သူတို့ကို ကောင်းကောင်းပျိုးထောင်ရင် သာမာန်ကလေးတွေထက်ကို ပိုတော်မယ်ဆိုတာကို အဲ့ဒီမူကြိုက ဆရာမတွေက နားလည်ထားပါတယ်။ နားလည်ထားတဲ့အတိုင်းလည်း သူတို့ဆီလာထားတဲ့ကလေးကို စိတ်ရှည်စွာ ပျိုးထောင်ပေးကျတယ်။ ဒါပေမဲ့သူတို့တွေ ခက်ခဲနေတာက ကျောင်းမှာ ပျိုးထောင်သမျှ အိမ်ရောက်တာနဲ့ နဂိုအတိုင်းပြန်ဖြစ်သွားလိုက်နဲ့ ဆိုတော့ သူတို့တွေက မိဘတွေကိုပါ ကလေးတွေအကြောင်းကို ပြန်ပြီးရှင်းပြနေရသလို ပိုစ့်တစ်ခုအနေနဲ့လည်း ကလေးတွေအကြောင်းကိုပြောပြထားပါတယ်။ ကလေးအတွက် အချိန်အနဲငယ်ပေးနိုင်တဲ့မိဘတွေကတော့ အဲ့ဒီပိုစ့်လေးကိုဖတ်ပြီး သူတို့ အကျင့်တစ်ချို့ ကလေးတွေအတွက် ပြင်သွားပေမဲ့၊ အချိန်မပေးနိုင်တဲ့ ကလေးမိဘတွေကျတော့ ထုံးစံအတိုင်း အရင်လိုဖြစ်နေစဲပါပဲ။

တိုင်းပြည်ကြီးတစ်ခုလုံးအတိုင်းအတာနဲ့ ဆိုရင်တော့ အကုန်လုံးအဆင်ပြေသွားဖို့ဆိုတာ တကယ်ကို အဘက်ဘက်က ပြင်ဆင်ဖို့လိုသလို အစိုးရဖက်ကလည်း ပြင်ဆင်မှု့တွေကို ထောက်ပံ့ပေးဖို့လိုအပ်ပါတယ်။ ပြည်သူက ကြိုးစား တစ်ချို့သော အစိုးရ ၀န်ထမ်းတွေကပိတ်( တစ်ချို့ကလည်း ကောင်းကောင်းမနေပဲ ကမြင်းနေလို့ အမြင်ကပ်လို့နေပါမယ်) နဲ့ ဆိုရင်တော့ လက်ရှိ ကမ္ဘာ့နံပါတ် တစ်ရာ့ငါးဆယ်ကျော်ကလည်း နောက်ကျရင် အဲ့ထပ်ကျဖို့ပဲမြင်ပါတယ်။

ဒီလိုမလွယ်ကူတဲ့နေရာမှာ လူဖြစ်ရတာ တစ်ချို့က ညှည်းတွားနေကျပေမဲ့၊ တစ်ချို့ကတော့ ပျော်ရွင်နေကျပါတယ်။ ဒါတွေကိုတော့ ပြောဖို့ စကားလုံးရှာမရသေးတော့ မပြောတော့ပါဖူး။ ဒါပေမဲ့ မြန်မာပြည်မှာ အလုပ်တကယ်လုပ်ရင်လည်း နိုင်ငံခြားမှာလို ဆယ်ချီရနိုင်ပါတယ်လို့ ပြောရင်း နိုင်ငံခြားသွားချင်သူများကို ပြန်ခေါ်ချင်ပါတယ်ဗျာ့။ ဒါနဲ့ .................... ပညာလေးတစ်ခုတော့ ကျွမ်းကျင်ဖို့လိုမယ်နော့်။

saipanpha.PNG
end.PNG

Sort:  

မိမိက စ ပြင်
အားလုံး ပြင်ဖို့ လိုမှာပါ

ဟုတ်တယ်
ကိုယ်ကစမှ ပဲ အဆင်ပြေမှာပါ

Hi Passing by And Upvoted you :) !
:
“Caesar of the 21st century : I came! I saw! I bought!” ====> Ljupka Cvetanova

ဘွဲ့မပါဘဲ ဆယ်ချီရတဲ့ အလုပ်လေးများ လင်းပေးပါဦး

MLM လုပ်ကြည့်ပါ ဘဒို 😁😁
စတာပါ ဘဒို
သူအကွက်နဲ့သူဆိုတော့ ဘိုပြောရမလဲဘဒို

မိဘတွေကနားမလည်
နားလည်အောင်လည်းမကြိုးစား
သားသမီးတွေကပိုနားမလည်
အဲ့သားသမီးတွေကမိဘဖြစ်လာ
မျိုးဆက်ကတဖြည်းဖြည်းတောင်ဆုတ်ယုတ်လာတယ်ဗျာ
ဒါကြောင့်လည်းရင်လေးမိလို့ကိုယ်တတ်နိုင်သလောက်တော့ကလေးတွေကိုစာသင်ပေးတယ်
ဆုံးမတယ်
ဒီထက်အများကြီးလည်းလုပ်ရဦးမှာပါဗျာ

အင်းဘဒိုရေ
လွယ်တော့ တကယ်မလွယ်ပါဖူး။ အကုန်လုံးအစက ပြေါင်းလဲ ရမှာဆိုတော့လေ

ဖောင့်မှန်လို့ ဒီတိုင်းအားပေးသွားတယ်ကိုစိုင်းရေ

ဟုတ်ကဲ့ပါ ဘဒိုရေ

ဟုတ်ပဗျာ အဘက်ဘက်က လိုအပ်ချက်တွေပြည့်နေတဲ့ နိုင်ငံအတွက် စိတ်မကောင်းဖြစ်မိတယ်။

စိတ်မကောင်းတာကလွဲလို့
တခြားလုပ်နိုင်တာဆိုလို့ စတီးမစ်ကနေ စာရေးတာပဲရှိမှာနော့် 😁😁

ဆယ်ချီရတဲ့အလုပ်ပြောပြပါ။

အရင်ကတော့ MLM လုပ်တယ်လေ ဘဒို 😁😁
ဒီကရတာ ဟိုကိုပြန်ထည့် ဟိုကပြန်ထုတ် ဒီကိုပြန်ထည့် 😂

စတာပါ ဘဒို

ကုန်သွယ်ဖို့ တရုတ်ကနေယူလို့ရပါတယ်။ အဲဒါက မိတ်ရလာရင် အိုကေပဲ

ကျမလည်းကွန်​ပျူတာနဲ့​ကျောင်းပြီးပြီးစာသင်​စား​နေရတယ်​။ဆယိချီရတဲ့အလုပ်​​လေး​ပြောပါဦးရှင်​။

တရုတ်ကနေ ကုန်သွယ်ပါ ဆစ် 😁

မှန်ပါတယ်။တိုင်းပြည်တိုးတက်ဖို့ အဘက်ဘက်က ပြင်ရမှာပါ။

ကလေးက စရင် ပိုလွယ်မလားလို့ ဆစ်

ပြင်စရာရှိတာနောက်လူငယ်တွေကျမှပြင်နိုင်တော့မယ်။

ဟုတ်တယ်ဘဒိုရေ
အပစ်တင်စောတာလေးတွေ ပျောက်အောင် လူငယ်ကပဲစရတော့မှာ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.034
BTC 62877.62
ETH 3140.75
USDT 1.00
SBD 3.89