steemcleaner မှ စည်းကမ်းများ

in #myanmar8 years ago (edited)

ကျန်တော်တို့ စတီးမစ်မှာ ကော်ပီလုပ်သူတွေ၊ သူများအတွေးအခေါ်ခွင့်မတောင်းပဲရေးသားသူတွေအတွက် steemcleaner ဆိုတာရှိပါတယ်။ steemcleaner မှာလည်း သူ့စည်းကမ်းတွေရှိပါတယ်။ အဲ့ဒါချိုးဖောက်တဲ့သူတွေကို steemcleaner က လာဘုတ်တတ်ပါတယ်။ steemcleaner ကလာဘုတ်ရင် နားမလည်သူ တစ်ချို့ကတော့ပျော်ကောင်းပျော်မှာပါ။ ဒါပေမဲ့သေချာပြန် ကြည့်ကြည့်ပါ။ မိမိအကောင့် reputation ကျသွားပါလိမ့်မယ်။ဆက်လုပ်နေမယ်ဆိုရင် sp လည်းကျပါမယ်။ ဒါကိုမှထပ်လုပ်နေတယ်ဆိုရင် အကောင့်ပါပိတ်ခံရနိုင်ပါတယ်။ ဒါကြောင့် steemcleaner မမိအောင်ရေးသားဖို့လိုအပ်ပါတယ်။ steemcleaner မိတဲ့အကောင့်ကိုဆိုရင် နိုင်ငံခြားကသူတွေကလည်း လာမဘုတ်ချင်ကျပါဖူး။ အရည်အသွေးအရမ်းနိမ့်ပြီး တန်ဖိုးမရှိတဲ့ အကောင့်ဆိုပြီးရှောင်ကျပါတယ်။ ဒါဆိုရင် steemcleaner ရဲ့ စည်းကမ်းတွေကိုသိထားမှသာလျှင် ကျန်တော်တို့ပိုစ့်ကို steemcleaner မလာအောင် ရှောင်ရန်ဆောင်ရန်တွေသိနိုင်မှာပေါ့နော်။ ဒါကြောင့် သူ့စည်းကမ်းလေးလေ့လာကြည့်ရအောင်။

  1. ပုံတူကူးချခြင်းနှင့် လုံးဝကူးချခြင်း
  2. ကူးချခြင်း - ပိုစ့်မှာ မူရင်းလင့် ပါရှိပေမဲ့ တစ်ပိုဒ် သို့မဟုတ် တစ်ပိုဒ်ထက် ပိုပြီးကူးချခြင်း
  3. spam ကို tag ဆွဲမိခြင်း
  4. ခိုးယူခြင်း၊ လိမ်လည်လှည့်ဖျားခြင်း ပေါ်လွင်သော်
  5. spam မန့်တွေရေးသားခြင်း
  6. virus နှင့် အခြားသူများအားထိခိုက်နိုင်သော လင့်များအား ပိုစ့်အတွင်းထည့်သွင်းခြင်း
  1. ပုံတူကူးချခြင်းနှင့် လုံးဝကူးချခြင်း
    အကယ်၍ မိမိကိုယ်တိုင်ပြုလုပ်တာမဟုတ်ဖူးဆိုရင် တခြားသူတွေကို ကိုယ်လုပ်တာဆိုပြီး ပုံမဖမ်းပါနဲ့။ ဒီနေရာမှာ သီချင်း၊ ဓါတ်ပုံ၊ နဲ့ အခြားအနုပညာတွေအားလုံးပါဝင်ပါတယ်။ ကျန်တော်တို့က copyright ကိုအရမ်းအာရုံစိုက်နေတာတော့မဟုတ်ပါဖူး။ ဒါပေမဲ့ ပုံတူကူးချခြင်းနဲ့ မူရင်းပိုစ့်တွေကူးချခြင်းကိုတော့ အရမ်းဂရုစိုက်ပါတယ်။
    ပုံတူကူးချခြင်းဆိုတာကတော့ အခြားတစ်ယောက်ရဲ့ စကားလုံးနဲ့ အတွေးအခေါ်တွေကို မိမိအတွေးအခေါ် မိမိမူဟန် အနေနဲ့ ပြန်သုံးတာကိုဆိုလိုပါတယ်။

  2. ကူးချခြင်း - ပိုစ့်မှာ မူရင်းလင့် ပါရှိပေမဲ့ တစ်ပိုဒ် သို့မဟုတ် တစ်ပိုဒ်ထက် ပိုပြီးကူးချခြင်း
    ကျန်တော်တို့ copyright ရှူထောင့်ကနေမကြည့်ဖူးဆိုပေမဲ့၊ အကယ်၍ ခင်ဗျားက အခြားမှ ပိုစ့်တွေကို ကူးယူးဖော်ပြနေမယ်ဆိုလျှင် ကျန်တော်တို့က မကြိုက်မနှစ်သက်ပါဖူး။ flag လာမပြဖူးဆိုပေမဲ့ ချက်ခြင်းပြစ်မူ့ရှိတယ်လို့ သတ်မှတ်ပါတယ်။ ဆက်လက်ပြိးတော့ ပိုစ့်တွေကိုကူးယူခြင်းဖြင့် ဆက်တင်နေပါက ကျန်တော်တို့ steemit အသိုင်းအ၀ိုင်းမှာ မကြော်ငြာရပဲ spam ပိုစ့်အဖြစ်သာ ရှိနေပါလိမ့်မယ်။

  3. spam ကို tag ဆွဲမိခြင်း
    spam ကို tag ဆွဲမိခြင်း ဆိုတာကတော့ မိမိက ကြောင်အကြောင်းရေးနေရင် ခွေးကို tag မဆွဲပါနဲ့။ မှန်ကန်တဲ့ tag က စာဖတ်သူ တွေကို မှန်ကန်တဲ့ခေါင်းစဉ် tag နဲ့ ရှာဖွေရလွယ်ကူအောင်ပါ။
    spam ကို tag ဆွဲမိခြင်းကို အခြေအနေ နှစ်ရပ်အတွက်သုံးပါတယ်။
    အသုံးပြုသူက သူများအသုံးအများဆုံးtag ကိုထပ်ခါထပ်ခါအသုံးပြုခြင်း။ (ဥပမာ- introduceyourself tag ကိုပဲ ဘာရေးရေး ထပ်မှန် ထည့်သွင်းအသုံးပြုခြင်းပါ။ မိမိရေးသားတဲ့ပိုစ့်အကြောင်းဖြစ်တဲ့ အင်္ဂလိပ်စာလုံးကို tag ဆွဲရင်တော့ ရပါတယ်။)
    အသုံးပြုသူ တစ်ယောက် သို့မဟုတ် အဖွဲ့အစည်းက spam ပိုစ့်တွေများစွာကို post ခြင်းကလည်း spam abuse ဖြစ်ပါတယ်။
    အကယ်၍ tag အသစ်ကိုထွင်ပြီး ရည်ရွယ်ချက်ရှိရှိအသုံးပြုနေလျှင် steemcleaner အဖွဲ့ဝင်တွေကိုလင့်နဲ့အတူ အကြောင်းရင်းကိုရေးသားဖော်ပြကာ အကြောင်းကြားပေးပါ။ ဥပမာအနေနဲ့ပြရရင်တော့ colorchallenge လိုမျိုးပါ။ ကျန်တော်တို့က မန့်ကိုအသေးစိတ်ရေးသားဖော်ပြပြီး tag အလွဲသုံးစားလုပ်မူ့ကို ဖော်ပြမှာဖြစ်ပါတယ်။
    သို့သော်လည်းပဲ ရှိပြီးသား မူရင်း tag ကိုတော့ အသုံးပြုသူ သို့မဟုတ် အဖွဲ့အစည်းက သင့်လျော်စွာအသုံးပြုဖို့လိုပါမယ်။ မြို့နာမည်၊ ပြည်နယ်၊ နိုင်ငံနာမည် တွေကတော့ မိမိရေးသားတဲ့ပိုစ့်အပေါ်မူတည်ပြီး အသုံးပြုလို့ရပါတယ်။

  4. ခိုးယူခြင်း၊ လိမ်လည်လှည့်ဖျားခြင်း ပေါ်လွင်သော်
    လိမ်လှည်လှည့်ဖျားခြင်း- ကိုယ်တိုင်ရေးပိုစ့်မဟုတ်တဲ့ ပိုစ့်တွေကိုဟန်ဆောင်လိမ်လည်ပြီးမတင်ချင်ပါနဲ့။ မိမိကိုလာအားပေးမယ့် သူတွေမရှိမှာဆိုးတာနဲ့ အခြားနာမည်ကြီး စာရေးဆရာတစ်ယောက်ရဲ့ အရေးအသားကို ပြန်ကူးယူဖော်ပြတာက မိမိကိုအားပေးတဲ့သူတွေကို လိမ်ညာတာနဲ့တူတူပါပဲ။ ကူးယူခြင်းခွင့်မပြုတဲ့ပုံစံတွေကတော့
    @xyz ဆိုတဲ့ နာမည်နဲ့ xyz.com က ပိုစ့်တွေကို ကူးယူတင်ပြတာပါ။
    သူများရိုက်ကူးထားတဲ့ဓါတ်ပုံတစ်ခုကို မိမိရိုက်ကူးထားတဲ့ပုံစံနဲ့ ဖော်ပြတာ။
    သူများပုံကြီးပဲအသုံးပြုပြီး ပိုစ့်တင်ခြင်းဟာလည်း စာဖတ်သူတွေကို ဖော်ပြထားတဲ့ပုံတွေက မိမိရဲ့ပုံတွေလို့ ထင်ယောင်ထင်မှား ဖြစ်စေနိုင်ပါတယ်။

  5. spam မန့်တွေရေးသားခြင်း
    မန့် spam တွေကို steemcleaner က ဒီလိုသတ်မှတ်ပါတယ်။
    “Thanks”, “Great Post!”, “Nice”, “Follow Me” စတဲ့ စာသားတွေကို တရက်အတွင်း ဆယ်ကြိမ်နှင့်အထက်အသုံးပြုခြင်းမျိုးပါ။
    မန့်တစ်ခုတည်းကိုပဲ copy/paste အသုံးပြုခြင်း။
    မိမိတကယ် မဘုတ်ရ၊ မရှယ်ရ၊ အလံမထောင်ရပဲ၊ ငါတော့ ဘုတ်ခဲ့ပြီ၊ ရှယ်ခဲ့ပြီ၊ အလံထောင်ခဲ့ပြီဆိုတာမျိုး။
    Referral links များ မန့်တွင်လာချပေးခြင်းများ

  6. virus နှင့် အခြားသူများအားထိခိုက်နိုင်သော လင့်များအား ပိုစ့်အတွင်းထည့်သွင်းခြင်း
    စတီးမစ်အသုံးပြုသူများ၏ အကောင့်၊ ကွန်ပျူတာ နှင့် steemit.com ကိုထိခိုက်စေနိုင်သောလင့်များဟာလည်း steemclener မှလာရောက်နိုင်ပါတယ်။

အခြားအလွဲသုံးစားလုပ်မူ့များ
အလွဲသုံးစားလုပ်မူ့ဆိုရာမှာလည်း အများအပြားရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့
အမုန်းပွားစေသော အရေးအသားများ၊ personal တိုက်ခိုက်ခြင်းများ နှင့် အနှောက်အယှက်ပေးခြင်းများ
Bot အတုများ
Downvote အလွဲသုံးစားပြုလုပ်မူ့များ စတဲ့အရာများကိုလည်း steemcleaner ကို report တင်နိုင်ပါတယ်။

credit to steemcleaner
if u guy wanna read original post, check here!

https://steemit.com/steemcleaners/@steemcleaners/abuse-guide-2017-update

translate by @saipanpha
msc-186

Sort:  

ကျေးဇူးပါကိုစိုင်း မသိသေးတာတွေအတွက် ကျေးဇူးပါ

ဟုတ် ဘဒိုရေ

မသိသေးတာတွေ သိလိုက်ရပီ။ thanks .

ဟုတ်ကဲ့ပါ 😃

ကျေးဇူးပါ။ အခုလို တင်ပြပေးတာပြီးမှ အသေးစိတ် ပြန်ဖတ်ပါဦးမယ်

ဟုတ်ဘဒိုဟိန်း

ဒီတစ်​ပတ်​ ဖက်​ရတာ အတန်​ဆုံးပို့စ်​ပဲ ကိုစိုင်း​ရေ....

ကိုလင်း အဲ့လိုပြောတော့ ဘာသာပြန်ပဲရေးတော့မလားလို့ 😁

အခုမှ ရှင်းလင်းသိလိုက်​ရလို့ ၊ ဗဟုသုတ​တွေရလိုက်​လို့​ကျေးဇူး ကိုစိုင်း​ရေ ...

ဟုတ်ကဲ့ဗျာ့ 😁

အခုလို စည်းကမ်းတွေ သိနိုင်အောင် ရေးပေးတဲ့အတွက် ကျေးဇူးပါ ကိုစိုင်း

တင့်ပါ့ဘုရား

တပည့်တော်လည်း ကိုစော ကပြောပြလို့ သိရတာပါ

မှတ်သားစရာတွေပါဗျာ

ဟုတ်ဘဒို 😁😀😀

Reportတင်လို့ရတယ်ဆွယခုမှသိတယ်အကိုရေ

ဟုတ်တယ် စိုင်းဟက်
ကိုယ့်စာမူကိုယူသုံးတာတွေ့ရင်လည်း report တင်လို့ရတယ်။

အရမ်း​ကောင်းတဲ့ post​လေးပါ အဖွဲ့ဝင်​အသစ်​​တွေ​ရောအ​ဟောင်း​တွေပါ အ​ထောက်​အကူဖြစ်​​စေပါတယ်

ဟုတ်ကဲ့ ဘဒိုစိုင်းရေ
😁

ဟုတ်ကဲ့ပါကိုစိုင်းရေ
ခုလိုတင်ပြပေးတဲ့အတွက်ရှောင်ရန်ဆောင်တွေထပ်ပြီးသိခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ

ဟုတ်ကဲ့ပါဗျာ 😀

Coin Marketplace

STEEM 0.09
TRX 0.30
JST 0.037
BTC 106505.73
ETH 3608.31
USDT 1.00
SBD 0.55