စပ်မိစပ်ရာ အတွေးလေးများ

in #myanmar6 years ago

မနက် လေးနာရီခွဲ အလိုလိုနေရင်း နိုးနေသည်။ ဘာလို့နိုးနေ။ သည်တော့မသိပေ။ သေချာသည်ကတော့ ၆နာရီဆိုလျင် ကားဂိတ်အရောက်သွားရမည်။ ၆ နာရီခွဲတွင်ကားထွက်သည်ဆိုပေမဲ့ မနက်စာ စားသောက်သည်နှင့် ၆နာရီ ဂိတ်ကိုရောက်လျင်ကွတ်တိပင်ဖြစ်သည်။ ကားဂိတ်ရောက်သည်နှင့် အနီးနားက လက်ဘက်ရည်ဆိုင်တွင် ဝင်ရောက်ပြီး မုန့်ဟင်းခါးတစ်ပွဲစားကာ ကျသင့်သည်များကိုရှင်းလင်းပြီး မိမိလားရှိးသွားရောက်မည့် ကားစိမ်း(ကားအမည်) ပေါ်တို့တက်ရောက်နေရာယူပြီး အပြင်းပြေ ဂိမ်းလေးတစ်ပွဲလောက်ဆော့ကာ အပြင်းဖြေနေလိုက်သည်။
ဂိမ်းတစ်ပွဲအပြီးမှာတော့ ကျန်တော်တို့ GP 1 sub-leader မှ chat box ထဲ စာပို့ပြီးပြောဆိုထားကျသည်များကို ဖတ်ရှူပြီးမှ ကျန်တော်တို့ pro တင်ရမယ့်နေ့ကိုတောင် နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာကြောင်း သိရှိရသဖြင့် ကုန်ကြမ်းရှာဖွေကာ ညဏ်အကြံထုတ် ပေါင်ကိုပုတ်ကာ ရေးသားစရာတွေတောရင်း မနက်မှစ ကားပေါ်ရောက်သည်ထိ ရေးသားအစချီရတော့သည်။
image

image

image

image

image

image
သည်လိုနဲ့ ဘော်ကြိုဘုရားကိုကျော်လာပြီး သီပေါရောက်သောအခါ မနက်စာ စားရန်ခေတ္တ ကားရပ်နားပေးလေသည်။ ကားရပ်သောအခါ ကားပေါ်မှ ကျန်တော်တို့တစ်တွေ အလျိုလျိုဆင်းကျပြီး မိမိကြိုက်နှစ်သက်ရာ ကော်ဖီ ၊ လက်ဖက်ရည် ရှမ်းခေါက်ဆွဲ စသည်တို့ကို မှာယူစားသောက်ကျလေသည်။ ကျန်တော်တို့မှာယူစားသောက်နေပေမဲ့ စပယ်ရာမှာတော့ သီပေါမှ ကားတက်စီးမည့်သူတို့၏ ပစ္စည်းများကို ကားအောက်ပိုင်းတွင်စီရီကာထည့်နေပြီး ခရီးသည်ကို ဟိုဟိုဒီဒီမေးကာ စီစဉ်နေလေသည်။
ဒီလိုနဲ့ နားချိန်နာရီဝက်ပြည့်တော့ ကားပြန်ထွက်လာပြီး ခဏအကြာတွင် ခရီးသည်များထက်တက်မည်ဖြစ်သည့်အတွက် ကားရပ်ပေးတော့ ဟိဒ္ဒူ လား 786 လား မသိတဲ့ ကုလား ငါးယောက်ရယ်။ ကလေးပွေ့ပြီးတက်လာတဲ့ လင်မယားနှစ်ယောက်ထပ်တက်လာပါတယ်။ ကလေးနဲ့ ကြားခုံထိုင်ရမှာဖြစ်တဲ့အတွက် ဟိုကြည့်ဒီကြည့်လုပ်နေစဉ် ကျန်တော်လည်း နေရာမှထပေးပြီး ကလေးနဲ့သူကို ကျန်တော့်နေရာထိုင်ဖို့ပေးပြီး ကျန်တော်တော့ ကြားခုံဆင်းထိုင်လိုက်ပါတယ်။ သူတို့အဆင်ပြေသွားတာကြည့်ပြီး ရင်ထဲ အိုကေသွားပေမဲ့၊ ခုနက တက်လာတဲ့ ငါးယောက်က ကားပြတင်းပေါက်ထဖွင့်တော့နွေးထွေးနေတဲ့ အနွေးဓာတ်လေးပျောက်ပြီး ခဲမတတ်လေတွေတိုးဝင်လာပါတော့တယ်။ နာရီဝက်လောက်ကျိတ်မှိတ်ခံကြည့်တာ မရတော့ ထပြီး ပြတင်းပေါက်တောင်းပိတ်တော့မှ အနွေးဓာတ်လေးပြန်လည်ရရှိလာပါတော့တယ်။
ဒီလိုနဲ့ လားရှိးမြို့ကိုရောက်လာပါပြီ။ လားရှိးရောက်တော့ လာကြိုမယ့်သူမရှိတာနဲ့ အမေပေးတဲ့ ခြေလေးသုံးပြီး
အလိုရှိရာနေရာကို လျောက်လှမ်းသွားပါတယ်။ ဒီလိုနဲ့ အိမ်ရောက်တာနဲ့ ဆိုင်ကယ်လေးယူပြီး သူငယ်ချင်းကိုခေါ်ကာ ကျန်တော့်ဗိုက်အလိုကို plus one ဆိုင်လေးမှာသွားဖြည့်ပါတယ်။ ယိုးဒယားအစားအစာတွေစားသုံးပြီးသူငယ်ချင်းတွေနဲ့ နိုင်ငံရေး လူမျိုးရေး အချစ်ရေး စီးပွားရေး အကြောင်းတွေ တောင်စဉ်ရေမရ ထိုင်ပြောကျပြီး ညနေ လေးနာရီခွဲမှ အားလုံးမိမိနေရာဆီသို့ အလျိုလျိုပြန်ကျပါတော့တယ်။ ဒီလိုနဲ့အိမ်ပြန်ခဏနားပြီး ညချမ်းလေးရောက်တော့ ကျန်တော်တို့ စတီးမစ်သင်တန်းလေးလည်းစပြီဖြစ်တဲ့အတွက် လိုင်းပေါ်တက်ကာ သင်တန်းတက်ရောက်ပါတယ်။ သင်တန်းထဲမှာ လူစုံတက်စုံနဲ့ ဆရာတင် သင်ပေးသမျှကို အားလုံး စိတ်ပါလက်ပါ သင်ယူနေကျတာကိုတွေ့ရတာ စတီးမစ်အတွက်တကယ်ကိုအားရှိပါတယ်။ ကျန်တော်တို့ msc အတွက် အနာဂတ်ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့ရည်ရွယ်ချက်က အနာဂတ်မှာ msc ပိုမိုကြီးမားလာမယ်ဆိုတာ အမှန်အကန်ပါပဲ။ သင်တန်းထဲမှာ လူမူ့ရေး စီးပွားရေး စိတ်ပိုင်းဆိုင်ရာတွေ အစုံကို ဆရာက ဆရာ့အတွေ့အကြုံတွေနဲ့ ဥပမာလေးတွေပါပြပြီး ပြတော့ msc မှာတာမကပဲ တကယ့်လက်တွေ့ဘဝမှာပါ အသုံးချနိုင်ပြီးအောင်မြင်နိုင်တယ်အရာတွေပါ။ ဒါကြောင့်ပဲ သင်တန်းသူ သင်တန်းသားတွေအားလုံး ကြိုးစားမှတ်သား ကျင့်ကြံအသုံးချပြီး ဘဝမှာအောင်မြင်တဲ့ သူတွေဖြစ်ကျပါစေလို့ ဆုမွန်ကောင်းတောင်းပြီး ဒီစာလေးကိုနိဂုံးချုပ်လိုက်ပါတယ်။

photo credit to google
author @saipanpha
msc-186

Sort:  

စပ်မိစပ်ရာ ဘာညာသာရကာ စာစီပါလို့ ပို့စ်ကိုရေးတယ်

ကားပေါ်မှာ ဆိုတော့
စိတ်ကူးမထွက်တာနဲ့ ကြုံတာလေး ချရေးလိုက်တာဘဒိုရေ 😁

စပ်မိစပ်ရာ ဘာညာကွိကွ

Bro​အောင်​မြင်​ပါ​စေ😉

ဟုတ်ဘဒို ကျေးကျေး

တ​နေ့တာ လုပ်​​ဆောင်​ချက်​​တွေ​ပေါ့ ​ကောင်းပါတယ်

ဟုတ်တယ်ဘဒိုရေ

ဟုတ်ကဲ့ပါဗျာ
ကြိုးစားမှတ်ငားကျင့်ကြံပြီး
ဘဝကိုအောင်မြင်အောင်ကြိုးစားသွားပါမည်

ဟုဟု ဘဒို 😃

ဂိမ်းက ဘာဂိမ်းကစားနေတာလဲ။

sniper ဂိမ်းဆော့တာပါဘဒို။

Photo lay tway good tal bro

ဟုတ်ဘဒိုကိုကယ်ပေးတာလေ အာ့ 😁

ဓါတ်ပုံက သီပေါ ဘော်ကြိုဘုရားလားကိုစိုင်း မရောက်ဘူးလို့ပါ

ဟုတ်တယ်ကိုပေါက်ရေ
ဘော်ကြိုဘုရားပုံပါ

စပ်မိစပ်ရာဖတ်သွားပါသည်

ဟုဟု ဘဒို😂😂

ခရီးသွားရင်း အချမ်းတက်ရင်း ကူညီပေးရင်းပေါ့
ပုံလေးတွေရှာထားတာ မိုက်တယ်ဗျာ

ဟုတ်ကိုမိုးဇော်ရေ
ချမ်းတာခဲတော့မှာ အဲဒါကို ပြတင်းပေါက်နဲနဲကိုမပိတ်ပေးတာနဲ့ထပိတ်လိုက်ရတယ် 😂
ကိုကယ်ပေးတာလေ ပုံတွေက ကျန်တော့်ကိုသုံးပါတဲ့ ဟီး

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 59273.25
ETH 2758.24
USDT 1.00
SBD 2.28