ဆယ်တန်းဘဝ အမှတ်တရ

in #myanmar6 years ago

ယနေ့ည ဆယ်တန်းတွေစားမေးပွဲပြီးတော့ အဆောင်က ကျောင်းသား ကျောင်းသူများနဲ့ အတူတူ ရှစ်နာရီခွဲ အကင်ဆိုင်ကိုသွားရောက်စားသောက်ပျော်ပါကျပါတယ်။ ဆယ်တန်းစားမေးပွဲပြီးတော့ ဆိုင်ကယ်ဝယ်ပေးတဲ့ မိဘနဲ့၊ အိမ်ကိုပြန်လာခေါ်တဲ့မိဘတွေ အဆောင်မှာလည်းစီကားနေပါတယ်။ အားလုံးတော့မပြန်သွားကျပေမဲ့ တချို့က အိမ်ပြန်နှင့်ပါတယ်။ ပြန်တဲ့သူတော့ ညစာစားပွဲကိုမမှီဖူးပေါ့ဗျာ။
မိဘတွေ အလောတကြီးနဲ့လာကြိုကျတယ်။ တချို့လည်းဝယ်စရာရှိတာဝယ်ပေးကျတယ်။ အဲ့ဒါကို ကြည့်ရင်း ကျန်တော်ဆယ်တန်းပြီးခါစအချိန်ကိုသတိရမိတယ်။ စာမေးပွဲပြီးတော့ အဆောင်သူ/သား တွေနဲ့ အားလုံး ကျောက်မဲမှ လားရှိးကို ပျော်ပွဲစားထွက်လာကျတယ်။ light truck ကားနှစ်စီးနဲ့ အပြည့်လူတွေတင် ပြီး လားရှိးပန်းခြံကိုလာလည်ကျတယ်။ ပန်းခြံကိုရောက်တော့ စကိတ်စီးတဲ့သူကစီး၊ ဗိုလ်ချုပ်ရုပ်ဘေးမှာ ပဲပေးတဲ့သူကလည်းပေးနဲ့ တစ်ယောက်တစ်မျိုးဆီပျော်နေကျပါတယ်။
ပန်းခြံမှာ ဆော့ပြီးခဏမှာတော့ ဆရာမက ကားပေါ်ပြန်တက်ပြီးနောက်တစ်နေရာသွားကျဖို့လုပ်ပါ တယ်။ အားလုံးပဲကားပေါ်ပြန်တက်ပြီးတော့ လားရှိးဟူးမွန်ဆည်ကိုဦးတည်ပြီးသွားကျပါတယ်။ ပန်းခြံကနေ ဟူးမွန်ဆည်ရောက်ဖို့ကိုတော့ နာရီဝက်လောက်ထပ်မောင်းရပါတယ်။ ဟိုရောက်တဲ့အခါမှာတော့ ဆည်ထဲ ကိုဆင်းပြီး ရေမဆော့ရဲပေမဲ့ ရေလွတ်မြောင်းထဲကို ရေ၀င်ဆော့ကျပါတယ်။ မိန်းကလေး ယောကျားလေး ခွဲခြားခြင်းမရှိပဲ ရေလွတ်မြောင်း ဆင်ခြေလျောလေးကို အကုန်လုံးကလေးလေးတွေလို လျောစီးကျပါတယ်။ အဲဒီမှာ ရေမကူးတတ်တဲ့ကျန်တော်က ရေတိမ်တယ် မဆော့ချင်ဖူးဆိုပြီး ဆင်ခြေလျောအောက်ဖက်နေရာ အကျော်က ကျန်တော့်သူငယ်ချင်းတွေဆော့နေတဲ့ ရင်ညွန့်လောက်နက်တဲ့နေရာကိုပြောင်းဆော့ပါတယ်။ ပြသနာကအဲဒီမှာမစပေမဲ့ အဲ့အချိန်ခဏမှာ ပစောက်ပုံစံချိုင့်ရှိတော့ သူငယ်ချင်းတစ်ယောက်အရင် ရေနှစ်တော့ သူ့ကိုကယ်ဖို့လှမ်းအော်ပေးရင်းကနေ ဘယ်ကနေ ဘယ်လိုမျိုး ကျန်တော်ပါ အဲ့ဒီပစောက်ချိုင့်ထဲ ကျသွားလည်းမပြောတတ်။ သူများကိုအော်ပေးရာကနေ ကျန်တော်ကိုယ်တိုင် အဲ့ဒီချိုင့်ထဲကိုရောက်သွားတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ခဏသတိလွတ်သွားကာ ရေတွေက ကျန်တော့်ပါးစပ်ကနေတစ်ဆင့် ဗိုက်ထဲကို အတားအဆီးမရှိဝင်လာပါတယ်။ အော်လေပိုဝင်လာလေပေါ့။ အဲ့ဒါနဲ့ အဆောင်မှာနေတုန်းက သူငယ်ချင်းတွေ နဲ့ ညညအားလူးဖုတ်ကျရင် ပြောကျတဲ့ ရေနှစ်ရင်ဆိုတဲ့ စကားဝိုင်းလေးကို ဦးနှောက်ထဲသွားအမှတ်ရလိုက်ပါ တယ်။ အဲ့တုန်းက ဘာတွေပြောကျလည်းဆိုတော့ ရေနှစ်တဲ့အခါ ရုန်းကန်ခြင်းမလုပ်ပဲ ရေနဲ့အလိုက်သင့်နေပါ၊ အသက်ကိုအောင့်ပြီးတော့ ခြေလက်တွေသုံးပြီး ကမ်းအနားရောက်အောင်သွားပါဆိုတာလေးသတိရသွားတာ နဲ့ အသက်ကိုအောင့်ပြီး မကူးတတ်တဲ့ရေကို ဟိုယက်ဒီယက်နဲ့ ကမ်းအနားလေးကိုရောက်ပြီး ခြေဖျားထောက်လို့ရသွားပါတယ်။ ခြေဖျားထောက်လို့ရတယ်ဆိုပေမဲ့ ရေစီးကြောင့်ပြန်ပါသွားတော့မယ့်စဲစဲ မှာ ကျန်တော်အချစ်ဆုံးသူငယ်ချင်းလက်ကြောင့် ကျန်တော်ကမ်းပေါ်ပြန်ရောက်ခဲ့ပါတယ်။ ကမ်းအပေါ်ရောက်ရောက်ခြင်းမှာ မောလွန်းလို့ အသံတောင်မထွက်နိုင်ပဲ ငုတ်တုတ်လေးထိုင်ပြီး သတိခဏမေ့နေပါတယ်။ ငါသေခြင်းကနေ သီသီလေးလွတ်ခဲ့ပါလားဆိုပြီးပေါ့။ ပါးစပ်ထဲကို ၀င်သွားတဲ့ရေတွေလည်း သန့်မသန့် ဘာတွေပါလာလည်း တွေးမိမနေတော့ပဲ၊ ငါတော်တော်ကံကောင်းတာပဲ ဆိုပြီးတွေးမိကာ ငိုင်နေတုန်းအဆောင်မှူးလည်းရောက်လာကာ ရေမကူးတတ်ဖူးလား ဘာလားလာမေးပါတော့ တယ်။ ကျန်တော်တို့ နှစ်ယောက်ကြောင့် ပျော်နေတဲ့အပျော်လေးလည်း ပျောက်ကုန်တာနဲ့ ရေဆက်မဆော့ခိုင်းတော့ပဲ အားလုံးကားပေါ်တက်ကာ ရေကန်တောင်ကိုလာကာ ပါလာတဲ့ ကြက်ဆီထမင်းလေးနဲက အားပြန်ဖြည့်ခိုင်းပါတယ်။ သူများတွေတော့ စားနေကျပေမဲ့ ကျန်တော်ရင်ထဲ တထိတ်ထိတ်ဖြစ်နေတာနဲ့ ဘယ်လိုမှကိုစားမ၀င်နိုင်ပါ။ ငုတ်တုတ်လေး ကြက်ဆီထမင်းဘူးလေးကိုင်ကာ ရေထဲဘယ်လိုကျသွားလည်းဆိုတာကို အတွေးလေးဖွင့်ပြီး ငုတ်တုတ်ထိုင်နေမိပါတယ်။ သူငယ်ချင်းတွေကလည်း ကံကောင်းတာကွာ၊ ဘာကွာ၊ ညာကွာတွေနဲ့လာပြောနေကျပေမဲ့ စိတ်ထဲမှာတော့ လာဆွဲတင်ပေးတဲ့ သူငယ်ချင်းကိုတော်တော်လေးကျေးဇူးတင်နေမိပါတယ်။ ကျန်တော့်ရတဲ့ ကြက်ဆီထမင်းဘူး လေးကို ဘေးက စားကုန်သွားတဲ့ သူငယ်ချင်းကိုပေးလိုက်ရင်းနဲ့ သေခြင်းကလွတ်လာတဲ့ကျန်တော့်ကို ကျန်တော်ပြန်ကျေးဇူးတင်နေမိပါတယ်။ ပြီးတော့ ရေနှစ်တုန်းတွေးမိတဲ့အတွေးတစ်ခုက ကျန်တော် ကျန်တော့် အမေကို မရှာကျွေးရသေးဖူး ရှာကျွေးချင်သေးတယ်ဆိုတဲ့ အတွေးလေးလည်းဝင်ပါသေးတယ်။ အဲ့အတွေးကြောင့်ပဲလား သူငယ်ချင်းတွေနဲ့ အာလူးဖုတ်တုန်းကရတဲ့ ပညာကြောင့် အသက်ဆက်ရှင်တာလား ဆိုတာ ခုထိကို ကျန်တော်အဖြေရှာမရသေးပါဖူး။ အဲ့ဒါလေးကတော့ ကျန်တော်ဆယ်တန်းပြီးခါစ အမှတ်တရ လည်းဖြစ် ဆယ်တန်းစာမေးပွဲအပြီးလည်းဖြစ်နေတော့ ဆယ်တန်းတွေ စာမေးပွဲပြီးတိုင်း ဒီအကြောင်းအရာက ကျန်တော့ ခေါင်းထဲကိုအမြဲရောက်လာပါတယ်။ ကျန်တော်ဘ၀ရဲ့ အမှတ်တရတစ်ခုပေါ့ဗျာ…… ။
အားလုံးပဲစိတ်ရှည်ရှည်နဲ့ဖတ်ပေးတာကိုကျေးဇူးအထူးတင်ပါတယ်ဗျာ။ ရေနှစ်ခြင်းကနေ အားလုံးကင်းဝေးကျပါစေဗျာ။

Author by @saipanpha (ခေတ္တလားရှိး)
Msc-186

Sort:  

မိဘကျေးဇူးဆပ်ဖို့အချိန်ထပ်ပေးလိုက်တာထင်ပါတယ်။
ကိုစိုင်းလည်း လူဘဝမှာ နှစ်ပေါင်းတစ်ရာ့ငါးဆယ်နေပီးရင်တေမှာတဲ့😁😁😁😁
မျက်စေ့တွေမှုန်ပီး လမ်းမလျှောက်နိုင်တော့ရင်တော့မသိဘူးနော်။ နှစ်ပေါင်း၁၅၀တော့ပြည့်အောင်နေသွားပါ😁😁😂😂

ငိ တစ်ရာဆိုတော်ပြီလေ ဘဒို 😁😁

ကျွန်တော်ဆိုရင်ဘော်ဒါမှာအမြဲတမ်းအိပ်ယာထနောက်ကျလို့အပစ်အမြဲပေးခံနေကျလေးသတိသွားရတယ်

အမြဲတမ်းရေပက်နိုးရတာလေး
သတိရတယ် ဘဒိုရာ 😁😁

တော်​​သေးလို့​နော်သူငယ်​ချင်းကယ်​​ပေလို့ ​သေ​ဘေးနဲ့ ကို​ယ်​တိုင်​ကြုံမှ အသက်​ရှင်​ခြင်းရဲ့တန်​ဖိုးကိုနားလည်​လိုက်​ရတာ​ပေါ့

အခုရော် ရေကူးတတ်ပြီလားဗျို့ ကျွန်တော်တော့
ရေမကူးတတ်သေးဘူး ခုထိ

သေကံမ​ရောက်​ သက်​မ​ပျောက်​ဗျာ

ရေကူးကျက်ထားတော့ ဘရို

ခေါင်းစည်းပုံကလေးတော့ထည့်ပါကွယ်။

Congratulations @saipanpha! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

၁၀တန်းတွေစာမေးပွဲဖြေချိန်ဆိုပြန်ပြန်သတိရမိတယ်။ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါ

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 59467.52
ETH 2609.98
USDT 1.00
SBD 2.38