ပညာရေးဆိုက်ရှယ်ပေးခြင်း

in #myanmar6 years ago (edited)

my sign.JPG

ကျန်တော်တို့ အလုပ်တွေလုပ်ကျတယ်။ အလုပ်တွေလျောက်ကျတယ်။ အလုပ်တစ်ခုလျောက်တဲ့အခါမှာ ကိုယ်ကျွမ်းကျင်မှုကိုမေးကျတယ်။ ဒီလိုမေးတဲ့အခါမှာ ဖြေနိုင်ဖို့ ပြနိုင်ဖို့အတွက်ကို ကျန်တော်တို့ တစ်တွေ သင်တန်းတွေ တစ်ခုပြီးတစ်ခုပတ်တက်ကျရတယ်။ ဒီလို ပတ်တက်ပေမဲ့ တစ်ချို့သင်တန်းတွေမှာ တက်တာ တက်တယ် ဘာမှုမတတ်တာတွေလည်း အများကြီးပါ။ ဒီနေ့တော့ ကျန်တော် လေ့လာဖို့ ပြင်နေတဲ့ ပညာရေးဆိုက်တစ်ခုအကြောင်းကိုပြောပြပါမယ်။ ဆိုက်နာမည်ကတော့ edx လို့ခေါ်ပါတယ်။ ဒီဆိုက်ကနေ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ IT နဲ့ ဆိုက်တဲ့ နည်းပညာတွေ အပြင် အခြားသော သင်တန်းတွေကိုလည်း တက်ရောက်နိုင်ပါတယ်။ ဒီ သင်တန်းမှာ lecture တွေကို ဗီဒီယိုနဲ့ သင်ကြားပေးပြီး အိမ်စာတွေ၊ လက်တွေ့လုပ်ရမယ့် project တွေလည်းပါဝင်လို့ လူတိုင်းတက်ရောက်သင့်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်လို သင်ကြားပေးတာဖြစ်လို့ အင်္ဂလိပ်လို မရတဲ့သူတွေအတွက် အခက်အခဲတော့ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျန်တော် စီစဉ်ထားတာလေးရှိပါတယ်။ အဲ့ဒါကိုတော့ နောက်မှပြောပြပါမယ်။ အခုတော့ အောက်ပေးထားတဲ့လင့်ကနေ register လုပ်ပေးပါ။ လုပ်ရမယ့်ဟာတွေကလည်း ခက်ခဲတာမပါပါဖူး။ တစ်ဆင့်ခြင်းစီကို ပုံလေးနဲ့ ကျန်တော်ပြောပြပေးပါမယ်။

ပုံထဲကအတိုင်းတစ်ဆင့်ခြင်းလိုက်လုပ်ပြီးရင် ကိုယ်တက်ချင်တဲ့ သင်တန်းဘယ်လိုရှာလဲကို ကျန်တော်ဆက်ပြောပေးပါမယ်။ တကယ့် အပြင်က နာမည်ကြီးတက္ကသိုလ်တွေက ဖွင့်လှစ်ထားတာဖြစ်လို့ ကိုယ်ကိုတိုင် နိုင်ငံခြားမှာ သွားတက်ရောက်နေသလို ခံစားရမှာပါ။ နိုင်ငံခြားသွားဖို့ အချိန်လည်း မပေးနိုင်၊ ငွေလည်းမတတ်နိုင်တဲ့ ကျန်တော့်လို သူငယ်ချင်းတွေအတွက် ဒီဆိုက်လေးက အရမ်းကိုအထောက်အကူဖြစ်မှာပါ။ ဒီထဲက ပညာတွေက တကယ့် အပြင်လက်တွေ့ဘ၀မှာလည်း အသုံးပြုနိုင်ပါတယ်။ လက်တွေ့ဘ၀မှာ အသုံးဝင်မယ်ဆိုတော့ အားလုံးလည်း စိတ်ဝင်စားမယ်ဆိုတာ ကျန်တော် ယုံကြည်ပါတယ်။ ဟုတ်ကဲ့ ဒါဆိုရင် အရင် register လုပ်လိုက်ကျရအောင်။ ပြီးမှ ထက်တစ်ဆင့် ဘယ်လိုလေ့လာရမယ်ဆိုတာ သွားကျတာပေါ့။

register here

ညာဖက်အပေါ်ထောင့်က register ကိုနိပ်ပါ။
pro1.PNG

  1. email = မိမိမေးလ်လိပ်စာဖြည့်ပေးပါ။
  2. full name = နာမည် အပြည့်အစုံထည့်ပါ။
  3. public username = အများမြင်ရမယ့် မိမိနာမည်ကိုရေးပါ။
  4. password = မိမိလျို့ဝှက်ကုတ်ကိုထည့်ပါ။
  5. Country or Region of Residence = မိမိနေထိုင်သည့် နိုင်ငံကိုရွေးချယ်ပါ။
  6. Create account ကိုနိပ်ပြီးရင် မိမိ အကောင့်ကို သုံးပြီး စတင်လေ့လာနိုင်ပါပြီ။
    pro2.PNG

အကောင့်လုပ်ပြီးသွားပြီဆိုရင် မိမိအကောင့်ကို ယခုပုံစံမြင်ရမှာပါ။
ကျန်တော်တို့ ဘာသင်တန်းကိုမှ မရှာဖွေ၊ မတက်ရောက်ရသေးလို့ ယခုလိုပုံကိုမြင်နေရတာပါ။
ကျန်တော်မြှားထိုးထားတဲ့နေရာကိုနိပ်ပေးပါ။
pro3.PNG

ကျန်တော် မြှားထိုးတဲ့နေရာမှာ မိမိတက်ရောက်လိုသည့် သင်တန်းအမည်ကို အင်္ဂလိပ်လို ရိုက်ပြီးရှာဖွေပါ။
pro4.PNG

ကျန်တော်ကတော့ Business ဆိုပြီးနိပ်ရှာလိုက်ပါတယ်။ အဲ့ဒီအခါမှာ စီးပွားရေးနဲ့ဆိုင်တဲ့ သင်တန်းတွေ အများကြီးကျလာပါတယ်။ အဲ့ဒီထဲကမှ ကိုယ်စိတ်ဝင်စားတဲ့ သင်တန်းတစ်ခုကိုနိပ်လိုက်ပါ။ ကျန်တော်ကတော့ Business Foundations ကိုနိပ်လိုက်ပါတယ်။
pro4.PNG

ဒါဆိုရင် Enroll Now ကိုနိပ်ပြီး သင်တန်းစတက်လို့ရပါပြီ။
pro5.PNG

သင်တန်းတစ်ချို့က ပိုက်ဆံပေးမှ တက်လို့ရပေမဲ့ အများစုကတော့ အလကားတက်ရတာပါ။
ဒါကြောင့် တစ်ဖြေးဖြေးခြင်း လေ့လာဖို့ တင်ပေးပါမယ်။
end.PNG

Sort:  

အကျိုးရှိပါတယ်ဗျာ

ဟုတ်ဘဒိုရေ

စိတ်ဝင်စားစရာပဲ ကိုစိုင်းရေ

ဟုတ်တယ်ဘဒိုရေ
တက်ဖို့လုပ်လိုက်ဦးနော်

ဟုတ်​တယ်​ အကို အင်​တာနက်က​​နေလည်း သင်​ လို့  ရတာ​တွေ အမျာကြီး

ဟုတ်တယ်ဘဒိုရေ
ကျန်တော်တော့ အချိန်ဖဲ့တက်နေတာ

အဖိုးတန်တဲ့ပိုစ် bookmark ပြီဗျာ

ကျေးဇူးပါ ဘဒိုရေ

တကယ်​​တော့အင်​တာနက်​​​သုံးပြီး​လေ့လာစရာ​တွေအများကြီးပါ

ဟုတ်တယ်မအိ
လေ့လာဖို့ပဲလိုတာပါ။

မျှဝေပေးတာ ကျေးဇူးပါ။

ဟုတ်ကဲ့ပါဗျာ

အကျိုးရှိတဲ့ပို့စ်လေးပါဗျ Resteemed.

ကျေးဇူးပါ ဘဒို
တက်ဖို့လုပ်လိုက်ဦးနော်

တန်ဖိုးတွေ ကြီးမားလှပါပြီ ကိုစိုင်း

ဟုတ်ဘဒိုရေ
တက်လိုက်ဦးနော်

တတ်ချင်ပါတယ်လေ လုပ်ကြည့်ဦးမှပါ

ဟုတ်ဘဒိုရေ လုပ်လိုက်ရအောင်

e လိုသိပ်မရလို့ ကိုစိုင်းတို့ဆီကပဲ ပြန်သင်တော့မယ်ဗျာ။

ဟုဟုဘဒို
စီစဉ်ထားတယ်ဘဒို
လာမယ်လာမယ်

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 66188.19
ETH 3564.66
USDT 1.00
SBD 3.14