ဟိုမရောက် ဒီမရောက်အတွေးလေးများ

in #myanmar6 years ago

image
မနက် အလင်းမှာ ကျန်တော်မျက်လုံး ၁ စုံက အလင်းရောင်ကြောင့် နိုးထခဲ့ပြီ။ မနက်ခင်းအစမှာ အားအပြည့်၊ စိတ်ကြည်လင်စွာနဲ့ ထခဲ့ပေမဲ့ ဖုန်းလေးအဖွင့်မှာ မြင်လိုက်တဲ့ message တစ်ချို့ကြောင့် ကြည်လင်တာလေးပျောက်ပြီး ဒေါသတွေရောက်လာပါတော့တယ်။ ဘာပြောပြော နားဝင်မယ့်သူ မဟုတ်တော့ စကားအနဲငယ်ပြောလိုက်ရင်း မနက်ဖန် pro နေ့ဆိုတာကိုစဉ်းစားလိုက်မိပါတယ်။ ရန်ဖြစ်စကားများနေလို့ အကျိုးမရှိသလို နှစ်ဦးနှစ်ဘက် စိတ်ရှပ်ရမယ့်အလုပ်ကိုမလုပ်ချင်တာကြောင့် ပြောနေတာလေးရပ်ပြီး ဖုန်းထဲမှ word လေးဖွင့်ကား စာစီဖို့အကြံထုတ်ပါတော့တယ်။
image
အသက်ကလည်း ရင့်ကျက်ဖို့သင့်ပြီဆိုတော့ အကျိုးမရှိတာတွေကိုလည်း အတင်းပြိုင်မငြင်းချင်တော့။ မိမိသဘောအတိုင်း သဘောထားကွဲလွဲခွင့်ရှိကျတာကို လေးစားသမူ့နဲ့ ရေငုံနူတ်ဆိတ်ပြီးနေလိုက်ပါတယ်။ တစ်ဘက်သူကတော့ မကျေနပ်ချက်များဆက်ပေါက်ကွဲလျက်။ မတတ်နိုင် ကျေနပ်တဲ့ထိပြောပါစေ၊ ရန်သူတော့မလိုချင်။ ကိုယ့်ရှင်းပြချက် လက်မခံပဲ အထင်ကိုသာလိမ့်ပြောနေသူကို ဘာမှထပ်မပြောချင်။ ဒီလိုနဲ့ ဖုန်းလေးကနေ စိတ်ပြေလက်ပျောက် ဖေ့ဘုတ်လေးခဏဆော့ကာ ကျန်တော်တို့ steemit ကြီးဆီသို့ခုန်ကူးကာ ကုန်ကြမ်းအရှာ link gp မှာတင်တဲ့ aik khorn ရဲ့ပိုစ့်ကိုဖတ်မိပြီး အတွေးနယ်ချဲ့ကာ ဆရာတင် သင်ကြားပေးထားတဲ့ မသိစိတ်တွင်ပုံဖော်ခြင်းနည်းလေးသုံးကာ ဖြစ်ချင်သော gp လေးကိုပုံဖော်နေမိတော့သည်။
အတ္တကြောင့် လူတွေငွေရှာနေကျရသလို အတ္တကြောင့်လည်း လူတွေထွက်ခွာသွားတာလည်းရှိပါတယ်။ အတ္တကြောင့် စစ်ပွဲတွေဖြစ်ရသလို၊ အတ္တအတွက်နဲ့ လူတွေတစ်ဦးနဲ့တစ်ဦး စွန့်ခွာသွားကျတယ်။ အကုန်လုံးအတ္တကိုယ်စီနဲ့ မိမိဘဝတိုးတက်ဖို့ရွေးချယ်နေကျသလို လမ်းမှားမရွေးပဲ မိမိအပေါ်ကျေးဇူးရှိသူကို ကျေးမဇွတ်ဖို့တော့လိုပါတယ်။ ခုနကပိုစ့်လေးဖတ်ပြီးအကြံရခဲ့သလို မိမိ steem power ဘယ်လောက်ရှိရင်တော့ ငါဘုတ်ရင် ဘယ်လောက်ရမှာဆိုပြီးတော့ တွက်ချက်ကာ မိမိဆွဲခေါ်နိုင်မည့်သူများကိုရွေးချယ်ထားလိုက်သည်။ မိမိ steem power ရည်မှန်းချက်ပြည့်သည့်တစ်နေ့ မိမိအနားမှ သူများကို steemit platform ပေါ်တွင် မိမိရသလိုရစေချင်သည်။ ထို့အတွက် ဘယ်နေ့တွင် ဘယ်လောက် steem power တက်နိုင်မည်ကိုတွက်ချက်ရင်း အတွေးစိတ်ကူးဖြင့်မိမိအကောင့်ကို ပုံဖော်အားထည့်ထားတော့သည်။
image
အတွေးဖြင့်ပုံဖော်ရင်း investment site များလုပ်စဉ်က ကြုံတွေ့ခဲ့ရသော လူများအကြောင်းကိုတွေးမိလေသည်။ လူတစ်ချို့က ငွေရသောအချိန်တွင် ကျေးဇူးရှိခိုးမတတ်တင်နေသောလည်း site ပျက်သောအခါတွင်တော့ အရင်ကကျေးဇူးတင်တာတွေပျောက်ပြီး ဘီလူးစီး တာထက်ဆိုးသော မျက်နာနှင့် ပက်စက်သော အပြောများကို ပြန်မြင်ယောင်မိသည်။ တစ်ချို့သောသူများကလည်း အခုမှစလုပ်တာဖြစ်ပေမဲ့ ဝါရင့်သူတစ်ယောက်လို သူ့ဆုံးရှံးမူ့ကိုအတတ်နိုင်ဆုံးထိန်းချုပ်ရန် မည်သို့လုပ်လျင်ကောင်းမည်ကို အကြံညဏ်တောင်းကာ ဖြေရှင်းဖို့ပဲကြိုးစားကျသည်။ တစ်ချို့သူများက ဘာမှမသိပဲလုပ်ကျသည်ကများသည်။ မသိတဲ့သူများကို မိတ်ဆက်သောသူက risk ကိုမရှင်းပြ ပဲ ရပိုင်ခွင့်ကိုသာရှင်းပြကျသည်သာများသည်။ တကယ်တမ်းဖြစ်လာတော့ ဆိုက်တွေပျက်လာတော့ ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ကုန်သည်။ တစ်ချို့ အိမ်ခြံ ပေါင်/ရောင်းပြီးလုပ်ကျသည်။ အချိန်ကောင်းကိုမှီလျင် အိမ်ပွားလာသည်၊ သို့သော် တစ်ချို့က ရလိုဇော်နှင့် ရသောသူများကိုသာကြည့်ကာ သူဘာရင်းနှီးခဲ့ဖူးသည်ကိုကား မမြင်ကျ။ သို့နှင့် site ပျက်သောအခါ အိမ်ပိုင်ဘဝမှ အိမ်ငှားဘဝသို့ ရောက်ကုန်ကျသည်။ တစ်ချို့ ဘဝပျက်ကုန်ကျသည်။ လင်မယားကွဲကုန်ကျသည်။
ကျန်တော်စတင်လုပ်တုန်းကလည်း ထို့အတူပင်။ SCL ဆိုသော SAXON CAPITAL Group နှင့် စလုပ်ခဲ့သည်။ လုပ်စက တကယ်ရသည်ဆိုသောအမြင်နှင့် ရှိသမျှအကုန်ထည့်လိုက်သည်။ ရလာသမျှလည်းထည့်လိုက်သည်။ site ပျက်တဲ့အချိန်မှ ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိဖြစ်သောဘဝကိုရောက်သွားသည်။ ရှိသမျှပါသွားသည်။ မခံချင်စိတ်ဖြစ်အွန်လိုင်းလောကစီးပွားရေးကိုရှာဖွေရင်း ပိုကျွမ်းကျင်အောင် လေ့လာရင်း ကျန်တော်ကြုံတွေ့ရသမျှကို သင်တန်းပြန်ဖွင့်ခဲ့သည်။ သင်တန်းထဲတွင် သတိပြုစရာ ဆောင်ရန်ရှောင်ရန် အားလုံးကိုထည့်ရေးသားထားပြီး ကျန်တော့်လိုအဖြစ်မကြုံရလေအောင် ကျန်တော့်အတွေ့အကြုံကိုဝေမျှထားသည်။ ကျန်တော်လေ့လာရသမျှ အကုန် သင်တန်းထဲတွင်ရှိလေသည်။ ထိုသို့ လေ့လာရင်းလုပ်ရင်းနှင့် ကျန်တော်တို့ရဲ့ steemit ကြီးကိုရှာဖွေမိတော့ steemit ကြီးကိုလေ့လာရင်း လေ့လာရင်း စာတွေလိုက်ဖတ်ရင်းနဲ့ ကျန်တော့်အချိန်တွေကိုကုန်ဆုံးစေခဲ့ပါတယ်။ အွန်လိုင်းလောကမှာ steemit ကိုတော့ အစပိုင်းသိပ်ပြီ မထင်ထားမိပေမဲ့ နောက်ပိုင်းလေ့လာရင်း ထဲထဲဝင်ဝင် တဖြေးဖြေးသိလာသလောက် သရသလောက် ပိုတွယ်တာလာ သည်။ အရင်က လေ့လာမူ့ကို ဖေ့ဘုတ် google လောက်နဲ့ ပြီးနေပေမဲ့၊ ခုတော့ steemit google အဖြစ်ကိုရောက်ရှိသွားပါပြီ။
အားလုံးပဲ ဘာကိုလုပ်လုပ်သေချာလေ့လာကျပါလို့။ အဓိက ကတော့ ငွေရင်းရတဲ့ investment site တွေပေါ့နော်။ plan ကိုအဓိကနားလည်မှသာလျှင် မိမိအလုပ်အောင်မြင်မည်ဖြစ်ပါကြောင်းပြောကြားရင်း ကျန်တော့် ရဲ့ ဟိုမရောက်ဒီမရောက်စာလေးကိုနိဂုံးချုပ်လိုက်ပါတယ်။

photo credit to google
arthur @saipanpha
msc-186

Sort:  

Steemit is the best Bro.

ဟုတ်တယ် ဘဒိုရေ တူတူချကျမယ်

Steemit ပဲ​ကောင်းတယ်

shake လိုက်တော့ဘဒို 😁

Steemit is the best

shake shake bro

Copy pastသွားမယ်ဗျာ ဖြေးဖြေးချင်းနားလည်အောင်ဖက်မလို့

ဟုဟု ဘဒို 😁

အမှားတွေကနေ သင်ခန်းစာရတာပေါ့အစ်ကိုရာ အဲလိုဘဲတွေးရတာပေါ့

ဟုတ်ဘဒိုရေ
ထပ်မဖြစ်အောင်တော့
သေချာလေ့လာပြီးမှပဲလုပ်တော့တယ်

ဟုတ်တယ်ဘဒိုရေ
အဲ့ကနေပဲပြန်သင်ရတာ

ကိုစိုင်းက စေတနာမှန်ပါပေတယ်ဗျာ

ကျေးဇူးပါဘဒိုရေ
ကြိုးစားလျက်ပါ ကိုစော 😁

တို့ညီအကို​တွေ အ​တွေးများ​ပြေီလား

နဲနဲပါ ဘဒို 😁😁

တန်ဖို့ရှိတဲ့ post ကောင်းတစ်ခုပါအကို

ကျေးဇူးပါဘဒို

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64271.38
ETH 3157.43
USDT 1.00
SBD 4.25