ကျန်းမာရေးအတွက်ဆေးတစ်ခွက်

in #myanmar6 years ago (edited)

Capture.JPG

အခုနောက်ပိုင်း ကျန်တော်တို့နယ်တွေမှာရော မြို့ကြီးတွေမှာပါ။ ဓါတ်စာ၊ ဓါတ်စာဆိုပြီး လူ့ကိုယ်ခနာ အတွက် အားဖြည့်အစာတွေပိုပြီး သောက်စားလာကျပါတယ်။ ဓါတ်စာဆိုတဲ့အတိုင်း လူ့ကိုယ်မှာလိုအပ်တဲ့ ဓါတ်တွေကိုဖြည့်စွက်ပေးတဲ့ အတွက် လူတွေရဲ့ ရုပ်တွေနဲ့ ကျန်းမာရေးတွေက ပိုပြီးကျန်းမာလာကျပါတယ်။ တကယ့် ကျန်းမာရေးဓါတ်စာတွေ အမေရိကန်ထုတ်၊ ဥရောပထုတ်၊ တရုတ်ထုတ်၊ ထိုင်းထုတ်၊ နိုင်ငံပေါင်းစုံကထုတ်နေကျတာကို ကျန်တော်တို့တစ်တွေ ငွေကုန်ခံပြီး ကိုယ်တိုင်ကျန်းမာဖို့အတွက် ၀ယ်ယူသောက်သုံးကျပါတယ်။ အဲ့ဒီလိုသောက်သုံးကျပေမဲ့ တစ်ချို့သူတွေဟာ ကျန်းမာရေးပိုပြီးဆိုးရွားလာတာလည်း ရှိပါတယ်။ ၀ယ်ယူသောက်သုံးတဲ့ ဓါတ်စာက ကိုယ်ဖြစ်နေတဲ့ ရောဂါနဲ့ မကိုက်တာလား၊ ဓါတ်စာကပဲ ဓါတ်စာမဟုတ်ပဲ အတုဖြစ်နေသလားတော့ ထုတ်တဲ့ company ကပဲ အသိဆုံးဖြစ်မှာပါ။

လိုအပ်နေတဲ့ဓါတ်စာအစစ်ကို ၀ယ်သောက်သုံးမိရင် ပြသနာမရှိပေမဲ့ ပစ္စည်းအတုကို ၀ယ်ယူသောက်သုံးမိရင် မိမိအတွက် ငွေလည်းကိုပြီး ရောဂါကို ငွေနဲ့ထပ်ဝယ်သလိုပါဖြစ်နေမှာပါ။ ဓါတ်စာ အတုလား အစစ်လားဆိုတာကလည်း ဒီလိုခေတ်မီပြီး သူများနိုင်ငံထုတ်သမျှကို စစ်ဆေးဖို့ မရှိတဲ့ ကျန်တော်တို့နိုင်ငံက အတော်ကို လုပ်စားလို့ကောင်းတာပေါ့ဗျာ။ ဓါတ်စာအတု ထုတ်မယ်၊ ပြီးတော့ ထပ်ဆင့်ပွား company တွေနဲ့ လာရောင်းကျတယ်။ တစ်ဆယ်တန်တဲ့ ဓါတ်စာက တစ်ထောင်ဖြစ်သွားတယ်။ ဒါလည်းဝယ်သုံးနေကျတုန်းပါပဲ။ ကြော်ငြာအားတွေလည်း အရမ်းကောင်းတော့ ၀ယ်တဲ့သူတွေကလည်း ဂျင်းမိမှန်းမသိ ၀ယ်သုံးနေကျတုန်းပါပဲ။ တကယ်တန်းပြောရရင် ဂျင်းမိတဲ့အထဲမှာ ကျန်တော်လည်းတစ်ယောက်အပါအ၀င်ပါ။

bread_dried_kefir_and_kombucha_103_3-600x444.jpeg
Credit Image link

လွန်ခဲ့တဲ့တစ်လကစလို့ သဘာဝဓါတ်စာတစ်ခုကို အမှတ်မထင်တွေ့ခဲ့ပါတယ်။ အဖိုးအခလည်း အရမ်းမကုန်တဲ့ အပြင်၊ အိမ်မှာရှိနေတဲ့အရာတွေနဲ့လည်း အလွယ်တစ်ကူလုပ်လို့ရလို့ အတော်လေးကို အဆင်ပြေတယ်လို့ပြော ရမှာပါ။ အိမ်မှာသုံးနေကျ သကြားရယ်၊ ဖန်ပုလင်းရယ်၊ ရေသန့်ရယ် ရှိရင်ကို ကျန်တော်ပြောမယ့်ဓါတ်စာလေး လုပ်သောက်လို့ရမှာပါ။ ဓါတ်စာနာမည်က Kefir လို့ခေါ်ပါတယ်။ အခုနောက်ပိုင်းမှာ ဒေါက်တာ အများစုနဲ့ ကျန်းမာရေးလိုက်စားသူတွေ သောက်သုံးနေကျတာပါ။

imageskefir_1_1024x1024.jpg
Original Image link

သူရဲ့ကောင်းကျိုးတွေကတော့ သူ့ထဲမှာပါတဲ့ ဘက်တီးရီးယားပိုးတွေကြောင့်ဖြစ်တာပါ။ Kefir မှာပါတဲ့ လူ့အကျိုးပြု ဘက်တီးရီးယားပိုးတွေက ကျန်တော်တို့ ကိုယ်ထဲမှာရှိတဲ့ အကျိုးမရှိတဲ့ပိုးတွေကိုတိုက်ထုတ်ဖို့ကူညီပေးတာပါ။ တစ်နည်းပြောရရင် probiotic လူ့အကျိုးပြု အနုဇီဝပိုးပေါ့။ နိုင်ငံခြားမှာတော့ ဒီဓါတ်စာ မျိုးစေ့ကို ရောင်းချတာဖြစ်ပေမဲ့ ကျန်တော်တို့ မြန်မာပြည်မှာတော့ ကျန်းမာရေးဒါန အနေနဲ့ လှူဒါန်းပေးနေကျတာကို ကြည်နူးဖွယ်တွေ့ရပါတယ်။ ဘယ်လောက်နဲ့ ရောင်းချကျလည်းဆိုတာကိုတော့ အောက်က ပုံမှာ ကြည့်ရှု့ နိုင်ပါတယ်။

213.JPG
Original Source

ဟုတ်ပြီ။ ဒါဆိုရင် ကျန်းမာရေးအတွက်လည်းကောင်းတယ်။ လုပ်ရတာလည်းလွယ်တယ်ဆိုရင် ကျန်တော်တို့ တစ်တွေ ဘာလို့ မလုပ်သောက်ကျမှာလည်း။ လုပ်သောက်ကျမှာပေါ့။ လုပ်နည်းက မျိုးစေ့နဲ့လုပ်တာကိုပဲ ကျန်တော်သိပါတယ်။ မျိုးစေ့လုပ်ပုံကိုတော့ မသိပါဖူး။ ဒါကြောင့် မျိုးစေ့ကို မိမိပတ်ဝန်းကျင် အနီးအနား Kefir သောက်သုံးသူတွေဆီကနေ ရယူပါ။ ပြီးရင် အိုဗာတင်းဘူးဖြစ်တဲ့ ဖန်ပုလင်းကိုသေချာဆေး အခြောက်ခံပြီး၊ မျိုးစေ့ Kefir ကိုထည့်ပါ။ ပြီးရင် ရေသန့်(ကလိုရင်း မသုံးတဲ့ရေဖြစ်ရပါမယ်) ကို ကိုယ်ထည့်လိုက်တဲ့ မျိုးစေ့ရဲ့ ၂ဆ ထည့်ပါ။ အဲ့ဒါပြီးရင် သကြားကို ထမင်းစားဇွန်းနဲ့ ၈ ဇွန်းခန့်ထည့်ပါ။ ကျန်တော်ကတော့ အချိုကြိုက်လို့ပိုထည့်ပါတယ်။ တကယ်လို့ အချိုများတယ်ဆိုရင်တော့ သကြားကိုလျော့ထည့်နိုင်ပါတယ်။ ပြီးရင်တော့ Kefir ကို ၁၂ ကနေ ၂၄ နာရီအထိ ထားရှိပြီး သောက်သုံးနိုင်ပါပြီ။ ဒီလိုထားရှိတဲ့အချိန်မှာတော့ အမြုပ်လေးတစီစီတက်လာမယ်၊ မျိုးစေ့လေးတွေက အပေါ်ကိုတက်လိုက်ဆင်းလိုက်ဖြစ်နေပါမယ်။ အဲ့ဒီလိုဖြစ်တယ် ပြီးတော့ အရောင်လည်း ပြောင်းလာမယ်ဆိုရင် ကျန်တော်တို့လုပ်တဲ့ Kefir ဓါတ်စာဟာ အလုပ်လုပ်နေလို့ဖြစ်ပါတယ်။ အရောင်လည်းမပြောင်း၊ အပေါ်အောက်လည်း မဆင်း၊ အမြုပ်လည်းမထွက်ဖူးဆိုရင်တော့ ထည့်ထားတဲ့ရေကိုပြန်သွန်ထုတ်ပြီး ရေသန့်နဲ့ Kefir ကိုပြန်ဆေးကာ ခုနက ကျန်တော်ပြောတဲ့နည်းအတိုင်း ပြန်လုပ်ပေးပါ။ လုပ်တဲ့နည်းကတော့ လွယ်လွယ်လေးပါပဲ။ ဘာမှမခက်ခဲပါဖူး။ ဒါဆိုရင် ကျန်တော်တို့ သောက်ပုံသောက်နည်းလေး ဆက်ရအောင်။

သောက်တာကတော့ အစပိုင်းဆိုရင် 250ml ကနေစပြီးတော့ သောက်ရပါတယ်။ ဒါမှသာလျင် ရောဂါအခံရှိတဲ့သူတွေက ခံနိုင်ရည်ရှိမရှိကို သိရှိနိုင်မှာ ဖြစ်တာကြောင့်ပါ။ စသောက်သုံးသူတစ်ချို့ဟာ အစပိုင်းမှာ အပူဖုထွက်တာ၊ ၀မ်းလျောတာတွေဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒါဟာကောင်းတယ်လို့ပြောရမှာပါ။ ၀မ်းလျောတယ်လို့ဆိုပေမဲ့လည်း က်ျနတော်တို့ ရောဂါဖြစ်ပြီး ၀မ်းလျောသလိုတော့ နူန်းမသွားပါဖူး။ ကိုယ်ထဲမှာရှိတဲ့ မကောင်းတာတွေ တိုက်ထုတ်လို့ထွက်သွားကုန်တဲ့သဘောပါ။ စိတ်မပူပဲဆက်သောက်ပေးပါ။ အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက probiotic ပိုးလေးတွေ အစာအိမ်နဲ့ အူလမ်းကြောင်းကိုရောက်သွားတဲ့အခါမှာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို သတ်ဖြတ်ပြီး သေကုန်တဲ့ ဘက်တီးရီးယားပိုးတွေကို အပြင်ရောက်အောင် နည်းအမျိုးမျိုးနဲ့ ထုတ်ပစ်တတ်လို့ပါ။ အဲ့ဒီလိုထုတ်ပစ်လို့ပဲ တုန့်ပြန်မှုအနေနဲ့ အပူကန်တာ၊ ၀မ်းလျောတာတွေ ဖြစ်တာပါ။ ဒီလိုဖြစ်တာတွေ ပြီးပြီဆိုရင်တော့ တဖြေးဖြေးတိုးသောက်လို့ရပါပြီ။

ကျန်တော်တော့ Kefir အကျိုးနဲ့ခါတိုင်း ညဆိုရင် ၁၂ နာရီမှအိပ်ပျော်တာကနေ အခုဆိုရင် ၁၀ နာရီလောက်ဆိုရင် မျက်လုံးက ထိမ်းမရအောင်ကို အိပ်ချင်လာပါတယ်။ အစားမှန် အအိပ်မှန်ဖြစ်လာတာပေါ့ဗျာ။

ဒါကြောင့်အားလုံးလည်း Kefir ကိုသောက်သုံးပြီး ကျန်းမာတဲ့ ကိုယ်ခနာ ပိုင်ဆိုင်ကျပါစေလို့ ဆုတောင်းပေးရင်း ကျန်တော့်စာလေးကို နိဂုံးချုပ်ပါရစေဗျာ။

ဒါလေးကတော့ ကျန်တော်လုပ်သောက်နေတဲ့ Kefir ပုလင်းလေးပါ။

IMG_20180625_173836.jpg

IMG_20180625_173915.jpg

IMG_20180625_173732.jpg

ဒါနဲ့မေ့တော့မလို့ စတီးဇွန်းနဲ့ ပုဂံ မသုံးရပါဖူး။ ဘူးထဲကနေထုတ်ရင်တောင် ပလတ်စတစ်ဇွန်းပဲသုံးရမှာပါ။ စတီးဇွန်းနဲ့လုပ်ရင် မျိုးစေ့သေသွားနိုင်လို့ပါ။

end.PNG

Sort:  

ကျန်းမာရေး မလိုက်စားဖြစ်သေးဘူးဗျာ

လိုက်စားပါဘဒို
ကျန်းမာမှ လုပ်ချင်တာ လုပ်နိုင်တာပါ

မသောက်ဖူးပါအခုမှကြားဖူးတာပါ

ဟုတ်ကဲ့ပါ
ကျန်းမာရေးအတွက် တကယ်ကောင်းပါတယ်။
လုပ်သောက်ကြည့်ပါနော်။

မျိုးစေ့က ဘယ်ကရနိုင်မလဲ ကိုစိုင်း။

ဒီ gp ကနေပြီးတော့ နီးစပ်ရာကို တောင်းနိုင်ပါတယ် ကိုထွေး။
https://www.facebook.com/groups/706284632893432/

လိုချင်ပါတယ်

ဒီ လင့်ကနေပြီးတော့ နီးစပ်ရာကို တောင်းယူလို့ရပါတယ် ဘဒို။
https://www.facebook.com/groups/706284632893432/

ကိုယ်လည်း ဓာတ်စာ ရောင်းမလို့ အားပေးဦး😁😁😁

ဟီး သားသား ကီဖာပဲ သောက်တော့တာ။ 😁😁

တစ်​ခါမှ​တော့မကြားဖူးဘူး ဟီး

ဟုတ်ဘဒိုစိုင်း
လုပ်သောက်ကြည့်ပါ။ ယမကာကြိုက်တတ်ရင် ၃ရက်လောက်ထားသောက်ကြည့် 😁😁

တခါမှတော့ မကြားဖူးပါဘူး စားချင်တယ်ဗျာ ကိုစိုင်း

သောက်ရတာပါဘဒို။
အရသာက ဆန်ချို အရသာလေး။
😁

မရပု စားမှာ ပဲ 😁

ငိ ပေါ့ရှလွတ်ကြီးကို 😂
ဘာအရသာမှမရှိတာ အဲ့ အတုန်း(မျိုးစေ့)က

ဘယ်မျိုးစေ့သေတာလဲဗျ😁😁

ဒီအဖြူရောင် အတုံးလေးတွေကို မျိုးစေ့လို့ခေါ်တာပါ ဘဒို 😁😁
IMG_20180625_173836.jpg

Fbမှာkefir groupရှိတယ်​ကိုစိုင်း။

ဟုတ်မအိ ကျန်တော်ဝင်ထားပါတယ်။
ဒီအဖွဲ့ထဲမှာပါ။
https://www.facebook.com/groups/706284632893432/

ခုမှ ကြားဖူးတယ်ဗျာ

ဟုတ်ဘဒိုရေ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60460.59
ETH 2624.41
USDT 1.00
SBD 2.55