ကျန်တော့်အတွေး သေးသေးလေး

in #myanmar6 years ago

IMG_20180404_174508.jpg
သင်္ကြန်လေးကလည်းနီးလာပြီဆိုတော့ လူကလည်း စိတ်က ဟိုသွားချင်သလိုလို ဒီပဲသွားချင်သလိုလိုနဲ့ ခြေထောက်ဗွေပေါက်ချင် ယောင်ဆောင်တာပေါ့လေ။ :P ဒီလိုနဲ့ပဲ သင်္ကြန်ရောက်မယ့်ရက်ကလည်း တစ်ဖြေးဖြေးနီးလာပါပြီ။ ကျန်တော်စာသင်နေတဲ့အင်္ဂလိပ် ကျောင်းက ကျောင်းသူကျောင်းသားတွေကလည်း သင်္ကြန်ပိတ်ရက်ရှည်ဘယ်နှစ်ရက်ဖွင့်မယ်ဆိုတာကို အရမ်းသိချင်နေကျပါပြီ။ ကျန်တော်တို့ကျောင်းကတော့ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှစပိတ်မှာပါ။ ၁၃ ရက်နေ့ကနေ ၂၀ ရက်နေ့ထိပိတ်မှာဆိုတော့ ကလေးတွေလည်း ပျော်စရာ ကျောင်းပိတ်ရက်ကြီးဖြစ်မှာပါ။ ကလေးတွေကတော့ သူတို့ကျောင်းပိတ်ရက်ဘယ်နေ့စမယ်ဆိုတာကို ခုထိမသိကျသေးပါဖူး။ ဘဒိုတို့လည်း စာလေးဖတ်ပြီး ကျန်တော့်ကျောင်းသားတွေကိုသွားမပြောကျေးနော် ( ။ ဒီလိုနဲ့ မနက် ၈ နာရီ ကနေ ညနေ ၄ နာရီဆက်တိုက်ဆိုတော့လည်း စာသင်ပြိးရင် လူကလည်း ပန်းလို့ စာမရေးဖြစ်တာလည်းကြာပေါ့။ အဖွဲ့ထဲက ဘဒိုတို့လည်း ပြောရတာနဲ့ မောနေကျရောပေါ့။ အဲ့အတွက် ဘဒိုတို့ရဲ့စေတနာတွေကို ဒီကနေကျေးဇူးတင်ပါတယ်ဗျာ။ steemit မှာ ၀င်လာစတုန်းက ဘာမှ မသိပေမဲ့ ခုတော့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေကြောင့် ခုဆိုရင် steemit ကိုတော်တော်လေးသုံးတတ် နေပါပြီ။ ဒီသင်္ကြန်ပြီးနောက်ပိုင်းဆိုရင်တော့ ကျန်တော်လုပ်နေတဲ့ အလုပ်တစ်ချို့က အသားကျပြီဖြစ်လို့ တစ်ရက်ကို တစ်ပိုစ့်ရေးနိုင်ဖို့ ကိုပြန်ကြိုးစားပါမယ်။
အခုလက်ရှိကျန်တော် GPU mining လုပ်နေတာကလည်း စက်က တစ်ချက်တစ်ချက် ရပ်ရပ်သွားတော့ အဖြေရှာရတာရယ်၊ သင်တန်း သင်ခန်းစာအတွက် စာအုပ်လုပ်နေရတာနဲ့ ဒီရက်ပိုင်းကို လုံးဝကိုမအားနိုင်ဖြစ်သွားတာပါ။ အတန်းသုံးတန်းလုပ်ထားတာမှာ အငယ်တန်း က စလို့ အကြီးတန်း အထိ စာအုပ်တစ်တန်းလေးအုပ်ထုတ်ပြီး ကိုယ်တိုင် print ပြီး ကိုယ်တိုင်ချုပ်ဆိုတော့ ကျန်တော့်အချိန်တွေ mining နဲ့ printing မှာပဲကုန်သွားတာပါ။ ခုလည်း အကြီးတန်းအတွက် vocab meaning စာအုပ်လုပ်ဖို့ ရှိနေတုန်းပါ။ ကလေးတွေကို စာသင်ရတာ ပျော်စရာလည်းကောင်းပေမဲ့ အရမ်းလည်းမောပါတယ်။ တစ်ချို့ကိုဆိုရင် A, B, C အစအဆုံးပြန်သင်ပြီးတော့ အသံထွက် ကအစ ပြန်ပြင်ပေးနေရတာဆိုတော့ တစ်တန်းအတွက်အချိန်လေးနာရီဆိုတာက ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ပါဖူး။ ကလေး တွေသင်ရတာ တစ်ချို့ကလေးကလွယ်ကူပေမဲ့ တစ်ချို့သော ရမရ ပြန်မဖြေတဲ့ကလေးဆိုရင် ကိုယ်ကပဲဦးဆောင်မေးမြန်းမှပဲ သူတို့ရမရ ဆိုတာကိုသိရပါတယ်။ စာဖတ်ခိုင်းထားတာကို မကြည့်မိပဲ နောက်လှည့်နေလိုက်မိရင် အသံတိတ်ခိုးဆော့တဲ့ ကလေးကလည်း ရှိသေးတယ်။ ကလေးကတော့အစုံမှ တကယ့်အစုံ။ စာမရလို့ ကိုယ်သူ့ကိုမေးမယ့်အလှည့်လည်းရောက်ရော မျက်ရည်တစမ်းစမ်းနဲ့ ကလေးတွေကလည်း ရှိသေးသဗျာ့။ အဲ့လိုငိုပြလို့ လျော့ပေးလိုက်မယ်တော့မကြံနဲ့ဗျာ့။ လျော့ပေးလိုက်ရင် နောက်နေ့ စာမကျက်လာပဲ နဲ့ မျက်ရည်လေးပဲရလာပါလိမ့်မယ်။ သူတို့ မျက်ရည်လေးကို မမြင်သလိုလေးထားရင်တော့ ခဏအကြာမှာ အငိုတိတ်ပြီး စာကိုရအောင် လာဆိုပါတယ်။ တစ်ချို့ကလေးကလည်း စာသင်ချိန်ကော စာမေးချိန်ပါ အဆော့လွန်တဲ့ကလေးလည်းရှိပါတယ်။ အဲ့လိုကလေးတွေကျတော့ သူ့အမှတ်နူတ်မယ်ဆိုရင် အလွန်ကြောက်ပါတယ်။ အဲ့တော့ ငြိမ်ငြိမ်မနေရင် အမှတ်နူတ်မယ်ပေါ့။ အဲ့လိုဆိုရင် ကလေးက ငြိမ်သွားရော။ ကလေးတိုင်းငြိမ်နေမှလည်း ကျန်တော်တို့ သင်တဲ့စာက သူတို့ခေါင်းထဲမှာ မှတ်မိပါတယ်။ နွေရာသီ အတန်းဆိုတော့ ကလေးတွေကို အိမ်စာလုံးဝ မပေးပါဖူး။ ကလေးတွေအားလုံးအတန်းထဲမှာပဲ သင်ခန်းစာကော လေ့ကျင့်ခန်း ကော တစ်ခါတည်းပြီးအောင်လုပ်ကျပါတယ်။ အဲ့လိုဆိုတော့ ကလေးလည်း အိမ်ရောက်ရင် ဆော့ချင်သလိုဆော့လို့ရတာပေါ့။ ကလေးဆိုတဲ့ အမျိုးကလည်း အိမ်စာလုပ်ရမှာ သူငယ်ချင်းမရှိရင် အလွန်းပျင်းပြီး အဖော်မက်တဲ့ အကျင့်ရှိကျတာ သဘာဝပါ။ အဲ့ဒီတော့ အိမ်စာလုံးဝမပေးပါဖူး။ စာလည်းရပြီးပျော်ဖို့ကသာလျှင် အဓိကပါ။
ဒီလိုပဲ မနက် ၈ ၊ ညနေ ၄ အထိ တင်္နလာကနေ သောကြာအထိ တစ်ပတ် ငါးရက်စာသင်ပြီးတော့။ စနေ၊ တင်္နဂနွေကိုတော့ ကျန်တော် ၀ါသနာပါတဲ့ စာရင်းကိုင်အလုပ်လေးကို လေ့လာရင်းလုပ်နေပါတယ်။ ဒါပေမဲ့လည်း အလုပ် များရင်မထိရောက်မှာစိုးတာနဲ့ တစ်ချို့ အလုပ်တွေကို ကျန်တော် ဖြုတ်ချထားပါတယ်။ အသေးလေးတွေကို လုပ်နိုင်လာမှ အလုပ်ကြီးကြီးလုပ်လာနိုင်မယ်ဆိုတဲ့ ခံယူချက်နဲ့ သေးသေးလေးတွေကို တဖြေးဖြေးခြင်းကျွမ်းကျင်အောင် ကြိုးစားရင် ကျန်တော့် ရည်မှန်းချက်ကို ဖြေးဖြေးမှန်မှန်သွားနေပါတယ်။ တဖက်ကလည်း ခရီးထွက်လျောက်လည်ဖို့ ပိုက်ပိုက်ဆုနေပါတယ်လို့ပြောရင်း သွားလည်ဖြစ်တဲ့အခါ ဘဒိုတို့ဆီကော ၀င်ခဲ့ချင်ပါတယ် ပြောရင်း စာလေးနိဂုံးချုပ်ပါရစေဗျာ………
Author by @ saipanpha
Msc-186

Sort:  

မိုင်းတူးတဲ့အတွေ့အကြုံလေးတင်ပေးပါဦးနော်

ကလေးတွေ စာသင်ရတာ မွန်မြတ်တဲ့အလုပ်ပါပဲ။မိမိထက်တော်သော
တပည့်များ မွေးထုတ်နိုင်ပါစေ။

ဟုတ်ဘဒို
ကြိုးစားလျက်ပါ။

အသက်ကငယ်ပေမယ့် အလုပ်တွေကိုကြိုးစားလုပ်နေတာကို လေးစားပါတယ်ဗျာ

ဟုတ်ဘဒို ကျေးဇူးပါ။ 😁

မိုင်းတူးမယ်

တူးမယ် ဘဒို
ချရအောင်

အချိန်မရလို မဖတ်သေးဘူးခွယ် vote တော့ပေးခဲ့တယ်

တင့်ပါ့ဘုရား

မိုင်းတူးလို့အဆင်ပြေရင်postတင်ပေးပါဦးbro

ဟုတ်ဘဒို တင်ပေးမယ် ဘဒိုရေ

ဝါးး ခန့်ချောကြီး 🤓

ဟု ကျေးကျေး ကိုလင်း 😁

မိုင်းတူတယ်ဆိုလားတင်ပေးပါအကိုရေ😁😁

ဟုဟု နောက်နေ့ကျမှ တင်ပေးမယ်နော်

GPU mining အကြောင်းလေး အသေးစိတ် post တစ်ခုလောက်ရေးပြီးတင်ပါ့လား ကိုစိုင်း ဘာတွေလိုအပ်သလဲ ဘယ်လိုcoin တွေ တူးလို့ရသလဲ ဆိုတာကိုပေါ့။

ဟုတ်ကထွေး
ညေးအချိန်မရသေးလို့
သေချာလေ့လာပြီး ပိုစ့်ရေးတင်ပေးမယ်ဘဒို

ခုက စာသင်တာတစ်ဖက်နဲ့ဆိုတော့ အသေးစိတ်မရေးပေးနိုင်သေးလို့ဘဒို

အလုပ်တွေတအားကြိုးစားနေတယ်ဆိုတော့က………

ဟုတ် နှစ်ကုန်ယူတော့မလို့ပါ 😁😁

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58539.27
ETH 2627.11
USDT 1.00
SBD 2.40