ထိုညတစ်ည (Season2)

in #myanmar6 years ago

လူသားတိုင်းမှာကိုယ်စီကိုငှကြုံတွေ့လေသောအကြောင်းအရာများဟာတစ်ယောက်နှင့်တစ်ယောက်မတူညီနိုင်ပါ.....
အချို့သောအကြောင်းရာသေးသေးလေးဟာ ဘဝတစ်သက်လုံးအမှတ်ရမှတ်မိနေတဲ့အဖြစ်ပျက်တွေဟာ လူသား တိုင်းမှာရှိကောင်းရှိနေပါလိမ့်မယ်....
image
အဖြစ်ပျက်လေးကတော့ ကျွန်တော်ဆယ်တန်းကျောင်းသားအရွယ်လောက်ကဖြစ်ပျက်ခဲ့တာပေါ့......ဖြစ်ရပ်မှန်လေးဖြစ်လို့ပြန်တွေးတောင်ကျောရိုးထိစိမ့်မိသိမှာအမှန်ပင်.....ဆယ်တန်းပထမနှစ်က အပြင်းဖျားပြီး စာမေးပွဲကိုဆေးစာတင်ပြီးနားခဲ့ရပါတယ်......တက္ကသိုလ်ဝင်စာမေးပွဲကို ဒုတိယအကြိမ် ပြန်လည်ဖြေဆိုတဲ့ အချိန် ကျွန်တော် ဘော်ဒါဆောင်စာကျက်ဝိုင်းဝင်ခဲ့ပါတယ်......ဘော်ဒါဆောင်ဖြစ်လို့ လူဦးရေ၅၀ကျော်လောက်ထိရှိမယ်လို့ခန့်မှန်းမိတယ်.....

နေရာကတော့တောင်ကြီးမြို့မှာပါ....ဘော်ဒါဆောင်ကတော့ချွင်းချက်ပေါ့......ရှမ်းပြည်ရာသီဥတုအရတော့ မတ်လထိဆောင်းရာသီရဲ့ အငွေ့သတ်ဟာ ကျန်ရှိပြီးအေးနေတုန်ပေါ့......တစ်နိုင်ငံလုံးတက္ကသိုလ်ဝင်စာမေးပွဲကြီးဖြေနေတုန်းဖြစ်သွားတဲ့အဖြစ်ပျက်လေးမလို့ပါ......၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပြည်နယ်အလိုက်မေးခွန်းတွေဖြေနေရတဲ့အချိန် ခုလိုတစ်နိုင်ငံလုံး မေးခွန်းတစ်ခုထဲမဟုတ်.....

အဖြစ်ပျက်လေးကိုအစချီရမယ်ဆိုရင်တော့ ဘော်ဒါဆောင်ရဲ့တည်နေရာလေးက လူခြေတိတ်ပြီး လမ်းတိုလမ်းလေးထဲမှာရှိတာပေါ့.....နှစ်စဉ်အောင်ချက်များတဲ့အပြင်
ဘော်ဒါဆောင်ကိုဝင်တဲ့သူတိုင်းဝင်ခွင့်ဖြေပြီးမှ ဝင်ရတဲ့အပြင်အတော်တန်စည်းကမ်းကြီးလှပါတယ်......ဆရာမကြီးကဦးစီးပြီး ဆရာ/ဆရာမအတော်တန်ငှါးပြီးဂိုက်ပြပေးပါတယ်....... image

ဆယ်တန်းဆိုတော့ ညဆို၁၁ခွဲမှ စာကျက်နားရပါတယ်.....ကျွန်တော် အဆောင်ကိုစရောက်တဲ့ နေ့နဲ့ နေ့တိုင်းဟာပုံမှန်ပါပဲ.....အဲအဖြစ်ပျက်ဖြစ်တာက အင်္ဂလိပ်စာဖြေပြီးတဲ့ညမှာဖြစ်တာပါ......နက်ဖြန်ဆို သင်္ချာ ဖြေရမှာဆိုတော့စာတွက်နေရင်း၁၀ခွဲကျော်တော့ အဆောင်နေကျောင်းသားတွေကိုအဆောင်က ကော်ဖီတိုက်တဲ့အချိန်ပေါ့......ကျွန်တော်လည်းဘာရယ်မှမဟုတ်ဘူးစာတွတ်နေရင်း မျက်စီညောင်းလာတော့ အဆောင် ဝန်ရံတာကနေ လက်လေးပိုက်ရင်း လမ်းဖက်ကိုငေးမိတာပေါ့.....

ဟိုကြည့်သည်ကြည့်နဲ့ အကြည့်က ဇွန်ပန်းတွေအုပ်နေတဲ့ ဘေးကဓာတ်တိုင်ဆီအကြည့်ကရောက်သွားမိတယ်......သေချာကြည်မိတော့ မီးတိုင်အောက်မှာ လူတစ်ယောက် ကျောပေးရပ်လျက်..........
နောက် အရပ်ကလည်းတော်တော်ရှည်တယ်......ဓာတ်တိုင်ဖက်ကိုမျက်နှာမူပြီး ရပ်နေတာ ကျွန်တော်တွေ့တွေ့ခြင်းတော့ ကြက်သီးတွေထမိလေရော.......
လူပုံသဏ္ဌာန်ဖြစ်နေလို့စိတ်သက်ရာမရသေးခင်မှ ကျွန်တော့ဖက်အကြည့်ကိုတန်းတန်းလှမ်းကြည့်ပြီး လက်ယပ်လှမ်းခေါ်နေတော့ အနည်းငယ်တော့တွန့်သွားမိတယ်.....
ကျွန်တော့ စိတ်ထဲ အိမ်ပြန်အိပ်တဲ့သူငယ်ချင်း သူစာအုပ်ကျန်ခဲ့လို့ အကူညီတောင်းတယ်ပဲထင်မိတယ်......ကြက်သီးတွေကတော့ထနေရောပဲ......သေချာစိုတ်ကြည့်နေရင်း ဓာတ်မီးတိုင်အောက်မှာဆိုတော့ မသဲကွဲပေမဲ့ ပါးစပ်ကြီးက ပြဲထွက်လာတာတော့ထင်ရှားပြီး တွေ့နေရတယ် အကြည့်ကကျွန်တော့ကိုစိုက်ကြည့်နေရင်းကနေ ပါးစပ်ကလျှာကြီးကအရှည်ကြီးထုတ်ပြပါလေရော......တော်ကြာကြက်သေသေနေမိရင်းကနေ ဂိုက်ဆရာမကစာလုပ်ဖို့လာခေါ်တော့ ကျွန်တော်ညွှန်ပြတဲ့ နေရာမှာဘာမှတွေ့ဘူးဆိုပဲ.......တွေ့တွေ့ပြီးချင်မှတော့တကိုယ်လုံးတုန်နေမိတယ်.......
image
ကြောက်ပြီးလက်တွေပါအေးခဲနေတာပေါ့
စာ​မေးပွဲ ကလည်းရှိသေးတော့ ဆရာ/မတွေကဖျောင်းဖျပြီး စာကိုအာရုံစူးစိုက်ဖို့ အားပေးကြပါတယ်.....စိတ်ထဲကဖျောက်ပြီး နောက်နေ့ မနက်ဖြေမဲ့ဘာသာရပ်ကိုဖြေဆိုနိုင်ခဲ့ပါတယ်.....

နောက်နေ့ညတော့ ကျွန်တော်ဝရန်တာအပြင်ကိုလုံးဝမထွက်တော့ဘူးဗျ....ကြောက်လို့ပါ.......Physics ဖြေပြီးညမှထပ်ဖြစ်ပါလေရော.......နက်ဖြန်လိုဆို Chemistry ဖြေမဲ့ညမှာ ထပ်ကြုံရတာပါ.......ညဖက်စာလုပ်ရင်းအရမ်းအိပ်ချင်လာတာကြောင့် မက်ေနှာသစ်ရင်း မျက်နှာသုတ်ပုဝါက ဝရန်တာမှာလှန်းထားမိတဲ့အကြောင်း သတိရတော့ မေ့မေ့ပျောက်ပျောက်ပဲ ဝရန်တာ
ဘက်ကိုထွက်မျက်နှာရေသုတ်ဖို့ ယူရင်းမျက်စိအကြည့်က ဓာတ်တိုင်နားဆီရောက်သွားလေပြန်ရော........လူတစ်ယောက်ပဲမတ်တပ်ရပ်လျက် ခေါင်းပြတ်ပြီး သူခေါင်းကိုလက်ကပြန်ကိုင်ထားလျက်နဲ့ ခေါင်းပျက်ကြီးကနေလျှာအရှည်ကြီးထုတ်ပြပါလေရော အရင်တစ်ခေါက်အခံပါရှိတော့ ငယ်သံပါအောင်အော်မိတော့တယ်.....
image
ဆရာ ဆရာမနဲ့ကျောင်းသားအချို့ရောက်လာပေမဲ့ သူတို့လုံးဝ အဲနေရာမှခုနကပုံစံကိုလုံးဝတွေ့ပုံမပေါ်...မျက်စိတစ်မှတ်အတွင်းမှာပဲ သရဲကလုံးပျောက်သွားပါလေရော
Chemistry ကိုတော့ အောင်မှတ်ဖိုးလောက်ပဲဖြေနိုင်ခဲ့တယ်.........Bioဖြေပြီးနောက်နေ့မှာတော့ အဲဓာတ်တိုင်နားကသရဲခြောက်တာကြာပြီးဖြစ်ကြောင်း လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဖူးကြောင်းကိုနောက်မှသိရပါတော့တယ်........

စကားချပ်။ ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။စုံစမ်းသိရသောအကြောင်းအရာများကို စိတ်ကူးယောင်ဖြင့်ပေါင်းစပ်ပြီးတင်ဆက်ပေးထားသည့်ဖြစ်ပါကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ချင်းမရှိကြောင်း ကြိုတင်အသိပေးအပ်ပါသည်။တစ်ခနိးရပ်ထိုညတစ်ည.......
လေးစားလျက်
@saihack
MSC No.152
Photo crd from Google

Sort:  

တော်တော်စိတ်ခိုင်မှရမယ်နော်ဘရို. တယ်လည်းကြောက်စရာကောင်းတဲ့ အဖြစ်အပျက်ဘဲ့

ဟုတိတယ်ဗျ သရဲဆိုတော့😁

အင်း
မကျွတ်လွတ်ပဲ ရှိနေတဲ့ပုံစံပေါ့
ကိုယ်တွေတော့ အဲ့လိုနေရာ ရှိတယ်ဆို ညဘက်အပြင်မထွက်ရဲဘူး😁

ဟုတ်တယ် ကျွန်တော်ဆိုပိုကြောက်တယ်😁စာရေးနေရင်းကို ကြောက်နေတာ😁😂

ငင့်
ပုံကြည့်
ပြီး​တော့ကို
လန့်​​နေတာဗျ
လျှာကြီးကလည်း
အရှည်​ကြီး သရဲဆိုရင်
နဂိုကတည်းက ​ကြောက်​တာ
အခုလို သရဲအ​ကြောင်း​တွေဆိုရင်
မဖက်​ရဲဘူး ​ကြောက်​တယ်​ ညညဆိုရင်
အိပ်​လို့မ​ပျော်​ဘူး မဖက်​ရဲ​ပေမယ့်​ ဖက်​ခဲတယ်
အရမ်းဂွတ်​တယ်​ ​ရေးထားတာ ပီလည်းပီပြင်​တယ်
သရဲခ​ရေစီမို့လား​တော့ မသိဘူး ကြိုးစားပါ ညီ​လေး​ရေ
အား​ပေး​နေပါ့မယ်​ ​အောင်​မြင်​ပါ​စေကွာ

ခုလိုစိတ်ရှည်စွာပြောပြပေသတဲ့အကိုဒီထက်အောင်မြင်ပါစေဗျာ

ဓာတ်လိုက်သေတဲ့ EPC ၀န်ထမ်းက ဘယ်လိုဖြစ်ပြီး ခေါင်းတွေပြတ် လျှာတွေထုတ်ပြနေတာလဲဗျ

Season ဆက်လာပါ့မယ်ဗျ

ဘယ်လိုချွတ်မလဲ့ ဆိုတာ နောက် season မှာစောင့်မျှော်နေမယ်နော် bor

အားပေးလို့ကျေးဇူးပါ ဗျ

အဲဒီသရဲပုံတေက ဘယ်ကယူတာလဲဟင် နိဖုန်းထဲညညဆို ပုံတွေကြည့်ဖြစ်သေးလား။

Postတင်ပြီးရင်ပုံတွေဖျတ်ပစ်တာကြောက်လို့😁😁

ကြောက်​စရေ​ရေ​နေတာ ​ပြောက်​ဘူးလား

ကြောက်တယ် 😁ဝါသနာပါလို့ရေးတာဗျ😁

အားပေးနေတယ် အစ်ကိုရေ

ကျေးဇူးပါဗျ

လန့်လန့်စရာကြီးပါလား
အာ့နက် ဘဒို တစ်နှစ်နားလိုက်ရတာပေါ့

😁😁သူငယ်ချင်းတစ်ယောက်အဖြစိကိုဝင်သရုပ်ဆောင်ရေးလိုက်တာ😁

ဒီမနက် ၂ နာရီ တရေးနိုးမှာ အပေါ့စွန့်ပြီး ဖုန်းလေးဖွင့်ကာ
လိုင်းလေးဖွင့်လိုက်တော့ Pro group က @saihack ရဲ့
Link ကြီး ကျလာတာ မြင်ရတော့ ရုတ်တရတ် လန့်သွားမိတယ်ကွာ။
ခွီးတဲ့မှပဲ😁 ကြောက်အောင်လည်း တင်တတ်ပါ့ကွာ😁

😁ညဖက်ကြီးတင်ပြီး နေ့ခင်းဖက်သာ ဖက်ရန်ဆိုပြီး😁ဆွဲဆောင်ထားတာ😂 ညဖက်မှာတွေ့တော့ အကိုမဲပေါက်သွားတာပေါ့😂

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63697.39
ETH 3145.23
USDT 1.00
SBD 3.83