ထိုညတစ်ည Season(4)

in #myanmar6 years ago

မီးရောင်မှိန်မှိန်လေးအောက်မှာ ရောက်နေတဲ့နေရာက ဓါတ်မီးတိုင်အောက်ပင်.......
ဘာရယ်ညာရယ်မဟုတ် အသဲကွဲပြီး အရက်ပုလင်းဆွဲကြေကွဲနေချိန်ပေါ့.......
ဆောင်းဦးရဲ့အအေး ဒဏ်ကလဲအရိုးကွဲမတက်....မူးနေတော့ အရာအားလုံးရီဝေဝေနဲ့ တောင်ပေါ်ဒေသဖြစ်တော့ နေရာတိုင်းလိုလို ကုန်းမြင့်တွေသာ.......အချစ်ကလဲ ပိုက်ဆံရှိမှ သစ္စာ ရှိသိနှယ်...ထွေထွေထူးထူးမပြောချင်တော့ စဉ်းစားမိတိုင်းအသဲနာလို့ပါ......သောက်လက်စ RCပုလင်းကိုတစ်ချက်မော့ရင်း အသဲကွဲဒဏ်ရာကိုဖြေသိမ့်ရင်း ဒီညတော့အိမ်ပြည်ဖို့မဖြစ်တော့ အရက်နာကျသလိုသောက်ထားပြီးမှ အိမ်ပြန်ရင်သတ်ခံရမာသိနေတော့...... image

ဆိုင်ကယ်ကိုလဲ အရက်ဆိုင်မှာအပ်ခဲ့တာပေါ့.....ဟုတ်တယ်လေမောင်းမှမမောင်းနိုင်တော့တာ.....တောင်ကြီးအနောက်မြို့ပတ်လမ်းလို့ခေါ်တဲ့ ဘက်ကိုခြေချင်လျှောက်ပြီး ဧည့်ရိပ်သာရှာဖို့ လျှောက်ခဲ့တယ်.....မူးပြဲနေတာအမှန် သကောင့်သားတွေနဲ့အတူ သောက်နေပြီးမှ တစ်ယောက်ထဲFeelရအောင် ထွက်ခဲ့ခြင်းပင်......လမ်းလျှောက်လာရင်း အနောက်မြို့ပတ်လမ်း(တောင်ကြီးသားအခေါ်ဝေါ်) အဲလမ်းမှဈေးရှိတယ်ဗျတူးဝမ်းတူး(212)ရဲဘော်ဈေး လို့ခေါ်တဲ့နားရောက်တော့ ဈေးထောင့်နားမှာ အမှိုက်ပုံကြီးရှိတယ်ဗျ.......အချိန်ကားည၁၁နာရီကျော်လောက်မှာပါ.....အရက်အရှိန်လေးကြောင့် နွေးနေသော်လည်း ရှမ်းပြည်အေးချက်က အရိုးခိုက်အောင်ပင်.......ပုလင်းကို တစ်ချက်မော့လိုက်ဆက်လျှောက်လိုက်နဲ့ တစ်ယောက်ထဲ လျှောက်ရင်း ခုနကဈေးနား အမှိုက်ပုံနားရောက်တော့ မဲမဲအကောင်ကြီးလေးဖက်ထောက်ပြေးဆင်းလာတယ် အမှိုက်ကန်ရဲ့ အမှိုက်ပုံပေါ်က နေ...... မူးနေတော့ရီဝေဝေ ဘာမှန်းမတွေ့လိုက်ဘူးဖျောက်ခနဲ့ ပြေးဆင်းလာတာ ခွေးနဲ့လဲမတူ...နည်းနည်းတော့လန့်မိသွားတယ်...မျက်လုံးနှစ်ဖက်ကိုပွတ်ပြီး သေချာကြည့် တော့ ဈေး ဖက်ထဲကိုဝင်ပြေးသွားတယ် လေးဘက်ထောက်ကြီး ခွေးဆိုအမြီးပါရမယ်မဟုတ်လား.......ခုကလူသက္ဌာန်လို အကောင်ကလေးဖက်ထောက်သွားသလိုဖြစ်နေတော့......စိတ်ကလဲပေါက်နေတော့ ဘာကောင်လဲလိုက်ကြည့်မယ်ဆိုပြီး အမှိုက်ပုံနောက်ကနေ ကွေ့ပြီးဈေး လိုက်ဝင်သွားလိုက်တယ်......ဈေးကညဖက်ဆိုတော့ မှောင်မဲပြီးတိတ်ဆိတ်ဆဲ......

ဖုန်းမီးကိုဖွင့်လိုက်ပြီး ဘေးဖက်ဝဲယာကြည့်လိုက်တယ်...ဘာမှမတွေ့......စိတ်မရှည်တော့တာတကြောင်း ဆော်နဲ့ပျက်ခဲ့တာတစ်ကြောင်း ငါကိုင်တုတ်ပြီးဆဲတဲ့အပြင် `မကျေနပ်ရင်ငါနဲ့လာအိပ်´လို့ စိန်ခေါ်လိုက်တယ် အထီးဆို ကင်စားပစ်မယ် အမဆို ဘာညာပေါ့ အရက်အရှိန်နဲ့ ပြောချင်ရာပြောပြီးနောက်လှည့်အထွက်မှနောက်က ခြေသံတစ်ခုကြားလိုက်တယ်....ဖျက်ခနဲလှည့်အကြည့်မှာမြေကြီးပေါ်မှာ လေးဘက်ထောက် ပင့်ကူသွားသလို ကားကားကြီး ဗြုန်းခနဲ မြင်လိုက်ရတော့ ခြေထောက်ဘီးတက်သလိုပြေး ထွက်ခဲ့တယ်.....ဈေးထဲကနေ... image

မူးနေတာတောင်ဘယ်ရောက်သွားမှန်းမသိ နှလုံးခုန်သံတွေကလည်းတဒုန်းဒုန်း ...
ဈေးနဲ့ဝေးရာကို ခပ်သွက်သွက်မပြေးရုံ ပြေးထွက်လာမိတယ်.....စိတ်ထဲမှာကြောက်လွန်းလို့ ဘာဘုရားစာမှာမမှတ်မိ.......ညအိပ်ဖို့ နေရာရှာနေတာလဲ ခုထိမတွေ့သေးတော့.....ဆက်လျှောက်လာရင်း တစ်ခုသတိထားမိလာတယ်.....ကျွန်တော်စီးထားတာ Shoeဖိနပ်.....လမ်းလျှောက်တဲ့ ခြေလှမ်းတိုင်းမှာ ညဖိနပ်စီးပြီး လမ်းလျှောက်တဲ့ အသံလို ဖလပ်ဖလပ်နဲ့ ကြားနေရတာ....ကြက်သီးမွေးညင်းတွေထနေရင်း.......အနောက်လဲလှည့်မကြည့်ရဲ.......

ဖုန်းကိုအိပ်ကပ်ထဲက ထုတ်ပြီး သူငယ်ချင်း တစ်ယောက်ယောက်ကိုအကူညီတောင်းရအောင်ပါ.....ဖုန်းခေါ်လိုက်တယ်.....သကောင့်သားတွေမူးပြီးမှောက်နေပုံရတယ်... တစ်ယောက်မှဖုန်းမကိုင်......ရှိရှိလှ လမ်းလျှောက်တဲ့ ခြေလှမ်းတိုင်းဖလပ် ဖလပ်ဆိုတဲ့ အသံကခုထိကြားနေရတုန်း.....မကြာပါ လမ်းထဲက ခွေးတွေ ဆွဲဆွဲငင်ငင်အူသံကြီးကြားရပါလေရော.......အဲခံစားချက်ကြီး ကအထက်လှန်အောက်လျှောဖြစ်တာထက်ကို ခံစားရခက်ပါတယ်.......ခုနကသောက်ထားတဲ့ အရှိန်ကော အေးနေတဲ့ ခံစားချက်ပါပျောက်ပြီး ဇောချွေးတွေပြန်လာတယ်ဗျာ..........

ခြေထောက်တွေပါ လမ်းလျှောက်ရင်းကနေ ဒူးတောင်မခိုင်ချင်တော့......နောက်ပြန်လှည့်ကြည့်ဖို့ဆုံးဖြတ်လိုက်ရင်းကနေ ဖုန်းဝင်လာတယ် သူငယ်​ချင်း တစ်ယောက်ဆီကဘာဖြစ် လို့လဲပေါ့.......ရေငတ်တုန်းရေတွင်းထဲကျသလို ဆိုင်ကယ်နဲ့လာခေါ်ပေးဖို့တောင်းပန်တာပေါ့ .......၁၅မိနစ်လောက်ကြာပါတယ် သူရောက်လာဖို့ဆိုရင်.....

သရဲခြောက်ခံရမှမထူးဘူး မြင်ဖူးအောင်လှည့်ကြည့်လိုက်မှဆိုပြီး ရွဲ့ချင်စိတ်နဲ့ လှည့်ကြည့်လိုက်တယ်......ဘာမှမရှိ....ခွေးတွေကတော့စောကထက်ပိုအူလာရင်း.......
သူငယ်ချင်းကိုခေါ်လိုက်တဲ့ နေရာကဒီနေရာမလို့ စောင့်နေရတော့မယ်ဆက်မလျှောက်ပဲ.......ခနနေတော့ လမ်းကြားထဲကနေ မိန်းကလေးတစ်ယောက် ထွက်လာတယ်ဗျ ညအိပ်ဝတ်စုံရှည်အဖြူကြီးနဲ့ဆိုတော့.....
တွေ့တွေ့ချင်လန့်သွားတဲ့အပြင် ကြက်သီးမွေးညင်းတွေပါထလာတယ်.....ဘာကိစ္စလဲပေါ့ ညကြီးမင်းကြီး မိန်းကလေးတစ်ယောက်ထဲ......မိန်းကလေးက ကျွန်တော့ဖက်ဦးတည်လာနေတာဗျ ကျွန်တော်ကလက်လေးပိုက်ရင်း ရပ်နေတာ.....လာရင်းကနေ ဘယ်လိုဖြစ်သွားမှန်းမသိ လေးဖက်ထောက်ကြီးဖြစ်သွားပြီး ကျွန်တော် ဆီကို ကားကားကြီး ပြေးလာတာ.....ဒီကလဲ တွေ့ကတည်းက အူးယားဖားယား နဲ့ပြေးပလိုက်တယ်.......မီးတိုင်ရှိတဲ့နေရာရောက်မှာရပ်ပြီးဒူးထောက်ပြီး ရှိသမျှ အရပ်လေးမျက်နှာ ဦးဂုန်းတွေချပြီး ပြောခဲ့ဆိုခဲ့မိတာတွေတောင်းပန်ပါကြောင်းပြောတော့မှ ခွေးအူသံတွေပါငြိမ်သွားရော ခနနေတော့သူငယ်ချင်းရောက်လာပြီးခေါ်သွားမှ သတိလစ်သွားတော့တယ်.... image

တစ်ပတ်လောက် ဖျားသွားတယ်....တောင်ကြီးသားတောင်ကြီးသူတွေလည်း ဈေးနားကိုအဲအချိန်လောက် တစ်ယောက်ထဲ စိန်ခေါ်ကြည့်နိုင်ပါကြောင်း......

စကားချပ်။ ။ဖြစ်ရပ်မှန်အကြောင်းအရာများကိုစုံစမ်းရေးသားထားပါကြောင်းနှင့် ကာယကံရှင်၏ခွင့်ပြုချက်နဲ့တကွ အမည်များတွင် စာရေးသူခံစားရေးသားထားပါကြောင်း.....ရေးသားမှုတွင်မည်သူတစ်ဦးတစ်ယောက်ကိုမျှမရည်ညွှန်းပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ဖြစ်ရပ်မှန်ဖြစ်သောကြောင့် မြင်အပ်မမြင်အပ်လေသော် သတ္တ၀ါ များအား မေတ္တာပို့အပ်ပါသည်။
လေးစားလျက်
@saihack
MSC No.152
Photo crd from Google

Sort:  

ရေးတဲ့သူတော့မသိဘူး ဖတ်တဲ့သူတော့ ညညစိတ်ထဲစွဲမှာကြောက်နေရတယ်

တူတူပဲညဆိုစောစောအိပ်တာကြောက်လို့😁

လန့်​လန့်​ နဲ့ဖတ်​ရတယ်​ အလည်းယားစရာကြီး

ညကြီးဖက်တယ် 😁

ညကြီးတော့ သရဲကို စိန်ခေါ်ရဲပါဘူးကွယ်

မယုံဘူးဆိုတဲ့သူတွေအတွက်ပါ😁

နေ့ဘက်တောင် နည်းနည်းပဲဖတ်ရဲတယ် အကုန်မဖတ်ရဲဘူးဗျ

ဖက်ပေးတာကိုကျေးဇူးတင်နေပါပြီဗျာ

ဖက်​တာဖက်​ရတယ်​ ညကျရင်​ ကိုယ့်​လာ​ခြောက်​မှာလည်း ​ကြောက်​ရတယ်

သရဲမ ခရီးထွက်နေလေရဲ့အကိုရေ😂

သရဲလောကကို ကန်ထရိုက် ယူထားသူကြီး။
Hehe 😁

သရဲမတစ်ကောင်ရှိတယ်ယူမား😁😂

စာရေးသူကြီး ညဘက်မှာအိပ်မက်တွေလဲထပ်မက်နေဦးမယ်😂😂

ဟီးနေ့ခင်းဖက်ပဲရေးတာကြောက်လို့

ပြန်တောင်းပန်လိုက်လို့ သက်သာသွားတာ နေမယ် နို့မယ် လွယ်မယ့်ပုံမပေါ်

ဖြစ်ပုံရကန်တော့လိုက်တယ်လို့တော့ပြောတယ်😁

ဒီတခေါက် တော့ အရင် ပို့စ်လောက် ကြောက်တော့ဘူးရယ်
မနက်စောဖတ်လို့လေ ဟဲဟဲ

ဟုတ် လျော့ရေးထားတာပါဟီး😁

အမလေး သောက်ပလုပ်တုပ် အဲဟုတ်ပါဘူး သရဲ သရဲ။

မကြောက်ပါနက်😁

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64383.21
ETH 3098.60
USDT 1.00
SBD 3.89