ငါ့က​လေးပြန်​​ပေး အပိုင်း(၁)
in #myanmar6 years ago
နွေလယ်​​ခေါင်​​ခေါင်​ညတစ်​ည ​လေရူးနဲ့​ပူ​နွေး​နွေး ​အေးတစ်​ဝက်​ပူတစ်​ဝက်​နဲ့ ​လေ​တွေတဲ့ ​ရော​နှောတိုက်​ခတ်​​နေတဲ့ ​နွေလကုန်​ခါနီး​မေလပဲဖစ်​ပါတယ်​.......အဖြစ်​ပျက်​​လေးက​တော့ ဖြစ်​ရပ်​မှန်​ပါပဲဗျ......ကျွန်​​တော်​ Computer ဆရာတစ်​​ယောက်​အ​နေနဲ့ မန်း​လေး(မန္တ​လေး)​နား အနီးမှာ ​တောင်​ပြုန်းဆိုလူသိများလှမှာပါ......အဲနားမှာရွာငယ်​​လေး​တွေအ​တော်​သင့်​ရှိတယ်​ဗျ.....တစ်​ခုဝှတ်​ထားပါရ​စေ ရွာနာမည်​​လေး​ပေါ့......ကာယကံရှင်​ နဲ့ အဖြစ်​ပျက်​​တွေဟာသက်​ရှိထင်​ရှားရှိ​နေ​သေးတဲ့အပြင်​ ရွာရဲ့ စည်​ကားမှုကို​ထောက်​ရှုပြီး​တော့​ပေါ့ဗျာ.....
image
အဲစမယ်​ဗျာ......အဲရွာ​လေးက မီးကတစ်​ပိုင်​တစ်​နိုင်​ မီး​ပေးတာ......လျှပ်​စစ်​မီး​ကောင်း​ကောင်းမရ​သေးဘူး​ပေါ့.......မန်း​လေး​ဒေသဆို​တော့သိတဲ့အတိုင်း အရမ်းပူတာ​ပေါ့......​မေလဆို​တော့စဉ်းစားကြည့်​​တော့ဗျာ.....ကျွန်​​တော်​တို့လို ရှမ်းပြည်​အ​အေးပိုင်းသား​တွေ ခံစားရခက်​တဲ့အချိန်​.....အ​ကြောင်းအရာ က​တော့ Computerပိုင်းနဲ့ပတ်​သတ်​ပြီးသင်​ကြား​ပေးဖို့ သင်​တန်းဌားခြင်းပါပဲ.......လူ၁၅. ၂၀​လောက်​ဆို​တော့....​ကျောင်းပိတ်​ရက်​ဝင်​​ငွေ​လေး​လေ....
ရှမ်းပြည်​က​နေမန်း​လေးကိုလည်​ပတ်​ဖို့ပဲလာရင်းက​နေ စပ်​မိသွားတာ......ကျွန်​​တော်​ရယ်​...ဖိုးသားရယ်​ပြီး​တော့ ဝမ်းကွဲအကိုတစ်​​ယောက်​ကိုသန်းရယ်​ သုံး​ယောက်​က Computer classကို အတူသင်​ဖို့ အဲ့ရွာ​လေးကို​ရောက်​ခဲ့တာ​ပေါ့........
အဖြစ်​ပျက်​အစက​တော့ Computer classကို ရွာရဲ့ အစွန်​ဖျားနားကျမယ်​ဗျ တစ်​ဖက်​ကို​မျှော်​ကြည့်​လိုက်​ရင်​ ရွာသုသာန်​တစပြင်​ပဲရှိ​တော့တယ်​.......ဒါမဲ့ သင်​တန်း​ရေးဖက်​ကိုပဲစိတ်​​ရောက်​​နေ​တော့ သတိပင်​မထားမိ........
ပထမတစ်​ရက်​Basicအ​ကြောင်းစသင်​တာစုစု​ပေါင်းလူ၁၃​ယောက်​ပဲရှိတယ်​......ဘာ​ကြောင်း​ကြောင့်​ရယ်​မသိ......မနက်​ပိုင်းကြီး ​ခွေး​တွေကစူးစူးဝါးထိုးအူ​နေတယ်​ ....အများကလဲ သိပ်​အာရုံမထားမိ​ပေမဲ့ ကျွန်​​တော်​က​တော့စိတ်​ထဲမသန့်​သလိုဖြစ်​​နေမိတယ်​...... ​မေ့​ပျောက်​ပဲ ညပိုင်းလည်း အဲclassရဲ့ ​​ဘေးဖက်​မှာအခန်းဖွဲ့ထားတဲ့​နေရာမှာပဲအိပ်​တာ​ပေါ့.....
အဲညစတာပဲ classက ဝါးထရံကာထားတဲ့ ​နေရာဖြစ်​​တော့အ​ပေါက်​​သေးငယ်​နဲ့ အသံအားလုံးကြား​နေရတယ်​.......ဝင်းခြံခတ်​ထား​ပေမဲ့ ခြံစီးရိုးနဲ့ အိမ်​နဲ့က​တော်​​တော်​​လေးကပ်​​နေတာ......အချိန်​က၁၂​ကျော်​​ကျော်​ အိပ်​ယာအ​ပြောင်းလဲ​ကြောင့်​ အိပ်​မရဖြစ်​​နေ​ရင်း အပြင်​က​နေ ​ခြေသံတစ်​ခုကြားလိုက်​ရတယ်​.....သူခိုးလဲမဖြစ်​နိုင်​ ​ကြားရတဲ့​ခြေသံက​လေးတိ​လေးကန်​နဲ့ တရွတ်​တိုက်​ဆွဲ​နေသလိုမျိုး.........အဲ​နောက်​က​နေ တစ်​ဦးဦးကငိုသံနဲ့အတူရှိုက်​ပြီး ငိုသံမျိုးငို​နေတာမဟုတ်​ပဲ ငိုပြီး ပြန်​ရှိုက်​​နေတဲ့ အသံမျိုးပင်​......
image
ဘေးကနှစ်​​ကောင်​က​တော့ အိပ်​တာသိုး​နေပြီ.....ကြားရတဲ့ ကျွန်​​တော့အဖို့​ခြေဖျားလပ်​ဖျား​တွေ​အေးစက်​သွားတယ်​....တစ်​ကိုယ်​လုံးလဲမလှုပ်​ရဲပဲ​တောင့်​​နေသလိုဖြစ်​​နေတယ်​.....အသံကြား​နေရတာတဖြည်းပဲနီးရင်းကျယ်​လာသလိုခံစားရတယ်​.....ချက်​ချင်း ဆိုသလို ​နောက်​က​နေ​ခွေးအူသံ​တွေ ဆက်​လာတာပဲ........​ကျောတင်​ချမ်းရံမက ​ခေါင်းများပင်​ကြီးလာသလိုခံစား​နေရတယ်​.......
မနက်​............ဒုတိယ​နေ့ ညကအိပ်​​ရေးမဝ​တော့ မလန်းဆန်းနိုင်​ ဖိုးသားနဲ့ ကိုသန်းပဲသင်​ခိုင်းရင်​ ခုံတစ်​ခုမှထိုင်​ရင်း အမှတ်​မထင်​ပဲအကြည့်​က ပြတင်း​ပေါက်​ကို ကြည့်​လိုက်​မိတယ်​.......ပြတင်း​ပေါက်​ကိုဖြတ်​ပြီး ရွာ​နောက်​အဝဝင်​​နေရာမှာ ​အမျိုးသမီးတစ်​​ယောက်​သူဗိုက်​ကိုကိုင်းပြီး ရွာဖက်​ကို​မျှော်​လင့်​ချက်​အကြည့်​​တွေနဲကြည့်​​​နေတယ်​......
စိတ်​ထဲမှာလည်းထူးဆန်း​နေတယ်​........ဒီအမျိုးသမီး ​နေပူထဲဘာလုပ်​တာလဲ​ပေါ့....ကိုယ်​ဝန်​ကလဲရှိ​သေး​တော့.........ရှုပ်​ချည်းဆိုသလိုဆိုသလို ​​မျက်​နှာလွဲတာနဲ့ ခုနကအမျိုးသမီးမြင်​ကွင်​ထဲက​ပျောက်​သွားပြီ......မြန်​လှချည်​လား​ပေါ့.....
ညအိပ်​တာနဲ့စတာပဲ ပထမညကလိုပဲရှိုက်​သံထပ်​ကြားရတယ်​ ​နေတဲ့အိမ်​​နေရာကိုပတ်​ပြီးငိုသံလိုမျိုး ......​နောက်​​နေ့​ မ​နေနိုင်​တဲ့အဆုံး သင်​တန်းသားတစ်​ဦးကို​မေးမိလိုက်​တယ်​.....​မေးချင်းပဲ မျက်​စိမျက်​နှာပျက်​ပြီး စိတ်​ထဲထင်​တာဘာ​တွေပဲ​ပြောသွားတယ်​......ကျွန်​​တော်​လည်း အကိုသန်းကို​ပြောပြ​တော့ သူတို့လည်း ကြားတယ်​​ပြောတယ်​.....ကြိတ်​မှိတ်​ပြီးအိပ်​လိုက်​တယ်​ဆိုပဲ.....
နောက်​တစ်​​နေ့ computerကိုဆက်​မသင်​ပဲ ရွာလူကြီး ဆီအ​ရောက်​သွားပြီး​ပြော​တော့မှ သိရတာပဲ.....အဲ​နေတဲ့ဝင်းက ဗိုက်​ကြီးသည်​ တစ်​​ယောက်​​မီးမဖွားနိုင်​ပဲ​သေသွားတာတဲ့......စိတ်​လည်းအရမ်းတိုသွားတယ်​.....မသန့်​တဲ့​နေရာမှာထားရလား​ပေါ့........အဲ့ဒီ​နေရာကို သူနဲ့မသက်​ဆိုင်​​တော့​ကြောင်းလဲ​ပြောပြီး သင်​တန်းကိုဆက်​​ပေးဖို့ဝိုင်း​ပြောပါတယ်​...
မီးကလည်း ​နေ့ခင်းစာသင်​ချိန်​ပဲရ​တော့......
အဲ့​နေ့လည်​သင်​တန်း​စောဆင်း​ပေးပြီး ခြံဝင်းထဲ သုံး​ယောက်​သားပတ်​ကြည့်​​လိုက်​တယ်​....
ပတ်​ကြည့်​ရင်းတမာပင်​ကြီး​ခြေရင်း​မြေ​တွေက တူးထားတဲ့ ပုံစံလိုပွ​နေတဲ့​နေရာမှာ လက်​​နေတဲ့အရာတစ်​ခု..​​​သွား​ကောက်​ကြည့်​​တော့ ရီရဲလဲ့​နေတဲ့ ပတ္တမြား လက်​စွပ်​ တစ်​ကွင်း.....ဒါ​ပေမဲ့ ဒုတ်​​ချောင်းပုံ အရာတစ်​ခုနဲ့ ​မြေထဲညှိပြီး လက်​စွပ်​တစ်​ဝက်​က​မြေထဲဝင်​​နေတယ်​.......​ဇော​လေးတစ်​ခုနဲ့ လက်​စွပ်​ကိုအသာမကြည့်​လိုက်​တယ်​......အ​တော်​လည်းကပ်​ညှိ​နေပုံ ဘယ်​လိုမှဆွဲမရ......​ရှေးလူကြီး​တွေ​ပြောစကား `ပတ္တမြား မှန်​နွံနစ်​​သော်​လည်းမညစ်​´ဆိုသလိုပဲ ​မြေထဲနစ်​ပြီးရှိ​နေတာ​တောက်​ အ​ရောင်​ကရဲပြီး ​တောက်​​နေတာပဲ........
အားနဲနဲစိုက်​ပြီး သုံး​ယောက်​သားဆွဲလိုက်​​တော့.....​ခေါင်းနပန်းကြီးသွားတယ်​ လူလက်​ရိုးကြီး လက်​ရိုး​ချောင်းအရိုးမှာစွပ်​​နေတာမလို့ ကိုး.....သုံး​ယောက်​သားငယ်​သံပါ​အောင်​​အော်​မိလိုက်​တယ်​.......အရိုး​မြေကျတာ ကြာ​သေးပုံမရ ပုပ်​နံ့​တွေရ​နေ​တော့.......ကို့အပြစ်​နဲ့ကို ​မြေထပ်​တူးကြည့်​​တော့ အရိုးတစ်​စုလုံးထပ်​​တွေ့တယ်​....လက်​ရိုးကိုပြန်​ထည့်​ပြီး​မြေဖို့လိုက်​ကြတယ်​.....စိတ်​လည်းပိုမသန့်​သလိုခံစားလာရတယ်​.....
image
နောက်​​နေ့​ classသင်​တုန်း ကိုသန်းတစ်​​ယောက်​​ပျောက်​​နေတယ်​......ကျွန်​​တော်​နဲ့ဖိုးသားကသင်​ပြီးခါနီး​လောက်​ပြန်​​ရောက်​လာတဲ့ကိုသန်း ပြာပြာသလဲ အခန်းထဲဝင်​သွားတယ်​.......ကျွန်​​တော်​တို့လည်းသင်​တန်းသား​တွေနဲ့ ရှုပ်​​နေ​တော့သတိမထားမိလိုက်​ဘူး......
အဲ့ညစတာပဲ အိမ်​အပြင်​ဖက်​က​နေ ​တောက်​​ခေါက်​သံကြီး​တွေစကြားရတာပဲ........တစ်​ခါတ​လေ ​မြေကို တူး​နေသလိုအသံ​တွေ အရင်​​နေ့လိုငိုသံမဟုတ်​.........
သုံး​ယောက်​လုံးအိပ်​မရ အိပ်​ချင်​​နေပြီမျက်​လုံး​တွေက......ည၁နာရီ​လောက်​ ​အိပ်​ခန်းနံရံ​ဘေးကိုဘုန်း ဘုန်းရိုတ်​သံကြီးကြားရ​တော့အကုန်​လန့်​နိုးကုန်​​ရော......
ဆက်​လက်​​ရေးသားပါဦးမည်​....
စကားချပ်​။ ။သူငယ်​ချင်းတစ်​​ယောက်​၏အဖြစ်​ပျက်​ကိုပြန်​လည်​​ရေးသား​ဖော်​ပြ​ပေးခြင်းဖြစ်​ပါသည်​။မည်​သူတစ်​ဦးတစ်​​ယောက်​ကိုမျှ​ရည်​ညွှန်းခြင်းမရှိ​ကြောင်း ကြိုတင်​အသိ​ပေးအပ်​ပါသည်​။မမြင်​အပ်​မြင်​အပ်​သတ္တဝါ​အ​ပေါင်း ​မေတ္တာပို့သအပ်​ပါသည်​။
                             @saihack
                       MSC No.152
Photos crd source-
Sort:  
ဂရု၁ထဲမှာ ဘယ်​သူနဲ့မှမတူပဲ ကွဲကွဲပြားပြား သရဲအ​ကြောင်း​ရေးတာဆိုလို့ ညီတစ်​​ယောက်​ပဲရှိတယ်​ အား​ပေးတယ်​ ကိုယ့်​အားသန်​တဲ့ဘက်​ကို​ ရေးတာ​ရေး ဒါမှလည်း စာဖက်​တဲ့သူကို ဆွဲ​ဆောင်​နိုင်မှာ..
ခုလိုအား​ပေးတဲ့အကို​တွေရှိ​နေတာကျွန်​​တော်​​ပျော်​လှပါပြီဗျာ
သရဲ အဖြစ်အပျက်တွေကလည်း စုံလို့ပါလားကွယ်
စုံစမ်းမိသ​လောက်​ပါအကို​ရေ
အဖြစ်အပျက်တွေက မျိုးစုံပါလားဗျာ ကောင်းပါတယ်တစ်လိုင်းတည်းဆိုတော့😁😁
One way အဲ​လေ တစ်​မျိုးပဲ😂
ဆွဲဆောင်မှုအပြည့်နဲ့ကိုရေးသွားတာပဲ
အပိုင်းဆက် ဘယ်လောက်ရှည်ရှည် စောင့်ပြီးဖတ်မယ်ညီလေးရေ
ဟုတ်​အကို ဆက်​ကြိုးစား​ရေးပါ့မယ်​ဗျ
သားက သရဲကြောက်တယ် ဒါပေမယ် အမြဲတမ်း
အားပေးနေပါတယ်ခင်ဗျ
အား​ပေးမှုအတွက်​​ကျေးဇူးပါညီအကို​ရေ
နီက သရဲတွေနဲ့ ပဌာန်းဆက်ရှိဟန်တူတယ် ရောက်လေရာ သရဲနဲ့ပဲ တွေ့နေတော့လေ။
ကို​ထွေးကိုလာ​ခြောက်​မလားလို့
ဇာတ်ကအတော်ကြမ်းနေပြီဗျို့
ဒီထက်​ကြမ်းမယ်​အကို​ရေ
လေ့လာအား အတော်ကောင်းပါတယ်ဗျာ
ဟုတ်​​ကျေးဇူးပါအကို
postတ်ခုလုံးကိုမဖတ်ပေးနိုင်လို့တောင်းပန်ပါတယ်ဗျ ကျွန်တော်တို့ရုံးမှာမကွေးတိုင်းအတွက်တစ်တိုင်းလုံးအစည်းအဝေးရှိနေတဲ့အတွက်ခွင့်လွှတ်ပေးပါဗျ sundayမှာ postအားလုံးကို ဖတ်ဖြစ်အောင်ဖတ်ပေးပါမယ်ဗျ
ညတုန်းကမဖတ်ရဲလို့ခုမနက်မှဖတ်လိုက်ပါသည်
Coin Marketplace
STEEM 0.28
TRX 0.13
JST 0.033
BTC 62772.18
ETH 3032.07
USDT 1.00
SBD 3.67