မကျွတ်သော အစွဲ အပိုင်း(၁)
လူ့ဘောင်လူ့လောကမှာ လူရယ်လို့ဖြစ်လာခဲ့ရင် မိမိ တို့နဲ့ ပတ်သတ်သော အရာများကို စွဲလမ်းလေ့ရှိတယ်။မိသားစု၊ကိုချစ်ရသူ၊ဥစ္စာပစ္စည်း၊ဂုဏ်ပကာသန၊မိမိနဲ့ ထိတွေ့ဖူးသမျှ ဆက်ဆံဖူးသမျှအရာများကိုစွဲလမ်း တက်ကြသည်မှာ လူ့သဘာဝ လူ့ဗီဇပင်ဖြစ်ပါတယ်။
စွဲလမ်းပုံကိုအကြမ်းအားဖြင့်ခွဲခြားစိတ်ဖြာသော် ကောင်းသောအရာကို စွဲလမ်းခြင်းနှင့်မကောင်းသောအရာကိုစွဲလမ်းခြင်း လို့ပဲပိုင်းခြားနိုင်တယ်။အချို့သော စွဲလမ်းမှုတွေက အသက်ရှိစဉ်လူဘဝကိုသာမက နောင်သံသရာ ဘဝကူးဘဝပြောင်းကိုပါထိခိုက်စေနိုင်ပါတယ်။တရားသဘောအားဖြင့် ကြည့်ရှုသော် အရာရာအားလုံးဟာမတည်မြဲသော သဘောရှိပေမဲ့ အချို့တည်မြဲသောအရာတွေက မတည်မြဲသောအရာတွေကိုပြန်လည် စွဲလမ်းနေတက်ပါတယ်။
ဖြစ်ရပ်မှန်အကြောင်းတွေကိုသာ တင်ဆက်ပေးနေကျဖြစ်တဲ့အတွက် အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းလေးကိုတင်ပြလိုက်ပါတယ်။
အဖြစ်ပျက်လေးက ပြည်သူ့ဆေးရုံကြီးတစ်ခုမှာဖြစ်ပွားခဲ့တာပါ။ အလုပ်ဝင်ခဲ့စဉ်ကာလ အပိုင်းအခြား နဲ့ ကျနောကိုတွေ့ကြုံခဲ့ရတဲ့အကြောင်းလေးနဲ့ တွဲဖက်တင်ပေးလိုက်ပါတယ်။ လိပ်စာဘာညာတော့ တင်ပြဖို့မဖြစ်နိုင်လို့ ရန်ကုန်မြို့ ထဲကပြည်သူဆေးရုံကြီးတစ်ခုလို့ပဲပြောပြပါရစေ။
ဆေးရုံအနေထားအရ အရမ်းအကြီးကြီးမဟုတ်ပေမဲ့ ကုတင်၂၀၀လောက်ဝင်ဆံ့တဲ့ဆေးရုံကြီးပါ။ သားဖွား၊ကလေးငယ်၊အရိုးအကြော၊သွား၊အထွေထွေ စသဖြင့်အတော်အတန်မဆုံပေမဲ့ တော်တော်လေးပြည့်စုံတဲ့ဆေးရုံငယ်လေးပေါ့။
ဆေးရုံရဲ့လိုအပ်ချက်အရ ဝန်ထမ်းများခေါ်ယူခြင်းကာလပတ်မှာ ကျွန်တော် ဧည့်ကြိုကောင်တာ မှာ ဧည့်လမ်းညွှန် အဖြစ်ပါခဲ့ရပါတယ်။ ဧည့်ကြို မှာယောက်က်ျားလေး ပါဝင်ခေါ်ရခြင်းကတော့ ညဖက် Dutyအတွက်အဓိကလို့ပဲထင်ပါတယ်။ဝန်ထမ်းအချိန် ဇယားအရ သုံးဆိုင်းဆင်းပါတယ် မနက်၆နာရီမှ၁နာရီ တစ်ဆိုင်း ၁နာရီမှည၇နာရီထိတစ်ဆိုင်း နဲ့ ည၇နာရီမှနောက်မနက်၆နာရီထိတစ်ဆိုင်း ခွဲထားပါတယ်။တစ်ဆိုင်းမှာ အလှည့်ကျနှစ်ယောက်စီ ချပေးပါတယ်။ အများနဲ့သက်ဆိုင်တဲ့ ဆေးရုံဆိုသောအရာမှာ လူပေါင်းစုံ ဝင်ထွက်ရုံသာမက လေလွင့်ဝိညာဉ်တွေလည်းဝင်ထွက်လို့ကနိုင်မယ်လို့ ကျွန်တော်တော့ ထင်မိတယ်ဗျ။ဖြစ်ပုံလေးစလိုက်ရအောင် ဈေးဦးပေါက် ညဖက်ဆိုင်းDuty ကိုတော့ ကျွန်တော်နဲ့ အကိုကြီးတစ်ယောက်စကျတယ်ဗျ။ ဧည့်ကြိုကောင်တာမှာထိုင်ရင်း လမ်းညွှန်ရတာဖြစ်လို့သိပ်မပင်ပန်းပေမဲ့ ညဖက်ဆိုတော့အရမ်းအိပ်ချင်ပါတယ်။ လူနာအဝင်အထွက်လည်း အရေးပေါ်ဌာနကကလွဲ ပြီး လမ်းညွှန်စရာမရှိပါ။အလုပ်ဝင်စဆိုတော့ မနူးမနပ်လေးပေါ့။ဘယ်ကတည်းကခြောက်ချင်နေမှန်းမသိဘူး သရဲက ကျနော်တို့ ဧည့်ကောင်တာမှာထိုင်ပြီး ညနက်တာနဲ့စခြောက်တော့တာပါပဲ။ ဧည့်ကြိုကောင်တာရဲ့ လေးဖက်လေးလံမှာCCTV တပ်ထားပါတယ် ပြီးတော့ 32လက်မ TV နဲ့ ချက်ခြင်းကြည့်နိုင်အောင် ဧည့်ကြိုကောင်တာရှေ့မှာချိတ်ထားပေးပါတယ်။
အဲတုန်းကညတော်တော်လေးကိုနက်နေပြီ အချိန်အားဖြင့်၁နာရီကျော်ပြီ လူနာအဝင်ထွက်လဲပါးနေတော့ နားနေခန်းထဲဝင်နားမယ်အလုပ် TV ဖန်သားပြင်မှာ ဧည့်ကြိုအရှေ့ကနေ ပြေးသွားတဲ့ လူရိပ်ကိုသေချာမြင်လိုက်ရပါတယ်။ နောက်တစ်ခုက ဝန်ထမ်းယူနီဖောင်းလဲမဟုတ် အပြင်လူနာဆိုလည်း ဧည့်ကြိုကောင်တာ ကိုဖြတ်ပြီးမှ သွားရမှာ ဘယ်သူလဲပေါ့။CCTVကိုနောက်ပြန် ရစ်ကြည့်တော့ ခုနကလစ်ခနဲ့ပြေးသွားတဲ့ သူကိုမတွေ့တော့ဘူးဗျ။ကျွန်တော်တစ်ယောက်ထဲ ပြေးသွားတာကိုမြင်တာမဟုတ်ပေ အတူDutyကျတဲ့ အကိုပါမြင်လိုက်တာအမှန်ပင်။
ကြက်သီးတွေဘာတွေထသွားတာ။ အဲညဖြစ်ချင်တော့ သန့်ရှင်းရေးဝန်ထမ်း Dutyကျတဲ့တစ်ယောက်ကဆေးခွင့်နဲ့ မလာဘူး။မနက်၃နာရီလောက်ရောက်တော့ ကားအက်ဆီးဒင့်ဖြစ်တဲ့လူနာတစ်ယောက်ရောက်လာတယ်။ကံမကောင်းစွာပဲဆုံးသွားတယ်။ သက်ဆိုင်သူတွေကမှုခင်းဖြစ်လို့ အလောင်းကိုဆေးရုံရင်ခွဲရုံမှာ ထားဖို့သဘောတူခဲ့တယ်။ အဲမှာစတာပါပဲ ရင်ခွဲရုံကိုပို့ဖို့ ရင်ခွဲရုံစောင့်ကြီးဘယ်နားသွားမှောက်နေမှန်းမသိ ဒေါက်တာနှစ်ယောက်က ဧည့်ကြိုကောင်တာ ကိုလာပြီး အလောင်းကိုကူပို့ပေးဖို့ အကူညီလာတောင်းတယ်။အဲဒါနဲ့ ကျွန်တော်တို့နှစ်ယောက်နဲ့ သန့်ရှင်းရေး ကောင်လေးတစ်ယောက် တွန်းခုတင်လေးတွန်းရင်း အလောင်းကို ရင်ခွဲရုံဘက်တွန်းခဲ့တာပေါ့။တကယ်ပါ လူသွားလူလာရှိနေတဲ့ နေရာမှာဘာမှမဖြစ်ဘဲ လူပြတ်တဲ့အကွေ့မှာ ခုနကအလောင်း တင်ထားတဲ့ ကုတင်ကြီးကတွန်းမရတော့ဘူးဗျ။သဘောပြောပြရရင် တစ်ယောက်ယောက်က ဆွဲထားသလိုမျိုးဖြစ်နေတယ်။ သန့်ရှင်းရေးကောင်လေးက အောက်ကိုကြည့်ပြီး အောက်တပ်ဘီးတွေဘာဖြစ်သွားလဲပေါ့။ကျွန်တော်ကတော့ချွေးပြန်နေပြီ။ကျွန်တော်နဲ့အတူလိုက်လာတဲ့အကိုကလဲ မျက်စိမျက်နှာပျက်နေပြီး ငိုမဲ့ရီမဲ့ရုပ်ကဖြစ်နေပြီ။
တကယ်ပါလူသေအလောင်းကြီးတင်ထားတဲ့ ကုတင်ကြီးက တွန်းမရဘူးဆိုတော့စဉ်းစားကြည့်တော့ဗျာ။တကယ်သုံးယောက်ဝိုင်းတွန်းတောင် မရွေ့ဘူးဗျ။
သန့်ရှင်းရေး ကောင်လေးကအကိုတို့နှစ်ယောက်ခနစောင့်တဲ့ ဆရာမကိုသွားခေါ်ဦးမယ်တဲ့။ကျွန်တော်တို့နှစ်ယောက်တစ်မျက်နှာတစ်ယောက်ကြည့်ပြီး ဝေးဝေးကမတ်တပ်လေးစောင့်နေတာပေါ့။ကြောက်ရင်ပိုခြောက်တယ်ဆိုတာအဲဒါလားမသိဘူး။။အလောင်းကြီးကိုအဝတ်ဖြူကြီးအုပ်ထားတဲ့ မျက်နှာနား လေမှုတ်သံစကြားတာပဲ။ကျွန်တော် ဘေးကအကိုကို လက်တို့ပြီး အချက်ပေးတယ်။သူလည်းတွေပုံရတယ် တောင့်တောင့်ကြီးရပ်ပြီး ချွေးတွေပါပြန်နေတယ်။သေချာကြည့်တော့ ဟုတ်တယ်ဗျ ခုနကသေပြီဆိုပြီး အတည်ပြုလိုက်တဲ့လူသေ
အလောင်းကြီး ကလူတစ်ယောက်စောင်ပါးခြုံပြီး အိပ်နေသလို လေတွေမှုတ်နေတာ တဖူးဖူးနဲ့ တကယ် သွေးပျက်စရာကြီး မသိရင်အသက်ရှုနေသလိုမျိုးပေါ့။အဲအချိန်မှာပဲ ဆရာမတစ်ယောက်နဲ့ သန့်ရှင်းရေးကောင်လေးပြန်ရောက်လာတယ် ဆရာမ ကအလောင်းကုတင်နားကပ်ပြီး `ဦးကျော် ကျေးဇူးပြုပြီး မနှောက်ယှက်ပါနဲ့ ကလေးတွေကိုမနောက်ပါနဲ့´ပြောလိုက်မှ ခုနကတွန်းလို့မရတဲ့ ကုတင်ကြီးက တွန်းလို့ရသွားတယ်။တကယ်အံသြစရာကြီး ဗျာ ။ရင်ခွဲရုံကိုတော့ရောက်ပြီ အလောင်းကိုအထဲပို့ ပြီး ကုတင်မှာပဲထားခဲ့တယ်ဗျ ဘာလို့လဲဆိုတော့ မနက်ကျ စစ်ဆေးမှု ပြုပြင်မှုတွေလုပ်ဦးမှာမလို့ပါ။တခါတလေတော့လည်း လူပေါ့ဆမှုမဟုတ်ပဲ အသိအာရုံကိုထိန်းချုပ်စေစားနိုင်တယ်လို့ထင်မိပါတယ်။ ဧည့်ကြိုကောင်တာ ပြန်ရောက်တော့အကြောက်မပြေသေးဘူး။ ကိုတော်ချောရဲ့ ဖုန်းခုနကရင်ခွဲရုံမှာကျန်ခဲ့လေတဲ့။ သူဖုန်းကအသစ်လေး ပျောက်သွား ရင်လည်းပြန်မဝယ်နိုင်သေးတော့ အမြန်သွားပြန်ယူချင်လို့ကျွန်တော့ကိုအဖော်ခေါ်နေတာ။အမှန်ပြောရရင် ကျွန်တော်တကယ်ကြောက်မိနေပါတယ် ထပ်မသွားချင်ပေမဲ့ အရေးထဲအရာဝင်သလို ထလိုက်သွားပေးလိုက်တယ် စိတ်တွေကတော့ခြောက်ခြားဆဲ။ ရင်ခွဲရုံရှေ့ရောက်တော့ နှစ်ယောက်လုံး ချိတုံချတုံနဲ့ဝင်ရနိုးနိုးဖြစ်နေတာ။စိတ်ထဲမှာလဲ အတွေးပေါင်းသောင်းခြောက်ထောင် ကြောက်နေတာ။ရင်ခွဲရုံတံခါးက သိတဲ့အတိုင်းအအေးခန်း ရုံဖြစ်လို့တွန်းဆွဲတံခါးတွေဆိုတော့ တစ်ဖက်ဖွင့်တာနဲ့ နောက်တစ်ဖက်ကပါအလိုလို ပွင့်လာတာပေါ့။ အဲတာကိုပါလိုက်ကြောက်နေမိတာစိတ်ပေါ့။ ကျန်ခဲ့ပုံက ပုဆိုးပြင်ဝတ်ရင်းကျန်ခဲ့တာတဲ့။ ဖုန်းကိုတွေ့နေရပြီ ထားခဲ့ပုံကလဲ အလောင်းဘေးနဲ့အနီးလေးမှာ အကိုကလဲကြောက်ကြောက်နဲ့ ယူပြီးပြန်ထွက်မယ်အလုပ် ခုနကအလောင်းကုတင်ကြီးကရွေ့လာတာဗျ။နှစ်ယောက်လုံးကြက်သေသေနေတုန်း အလောင်းကောင်ကြီးက ဂေါက်ကနဲ့ထထိုင်ပါလေရော ပြောကောင်းမလား ပုဆိုးမပြီး ဖိနပ်မပါအောင်ပြေးတာ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ပဲ တကယ်ပါဆရာမတွေဒေါက်တာတွေကနောက်နေ့မှပြောပြတာ သရဲခြောက်တယ်ဆိုတာကိုး ညကလူသေကောင်ထထိုင်တာ အခန်းအအေးချိန်ကြောင့် အကြောတွေကျုံ့ပြီးရုန်းထတာပါတဲ့ ဘယ်လိုပြောပြော တကယ်ကြောက်မိသွားတာတော့အမှန်ပါ။နောက်ကွယ်ကအကြောင်းအရာတွေကို နောက်အပိုင်းတွေမှာဆက်လက်တင်ပြပေးသွားမှာပါ။
စကားချပ်။ ။ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။ဇာတ်လမ်းအရကာယံကာရှင်များ ခွင့်ပြုချက်ဖြင့် အမည်များပြောင်းလဲတင်ပြထားပါသည်။ကြုံခဲ့ရသူအဖြစ်ပြောင်းလဲရေးသားထားပါကြောင်း။
လေးစားလျက်
MSC no.152
@saihack
Photo crd from Google
အခုမှ ဖတ်ရတာ ကြက်သီးတွေထလို့ တော်ပလိုက်ရတယ်
ဖတ်လို့ ကောင်းပါတယ်
ဟုတ်ကဲ့ကြိုးစားဆက်တင်ပေးပါ့မယ်
သရဲအကြောင်းတွေစိတ်ဝင်စားတယ်ထင်တယ် သရဲအကြောင်းဘဲရေးတာများတယ်နော်
ဟုတ်ကဲ့ ဝါသနာပါလို့ပါဗျ
အရမ်းကို စိတ်ဝင်စားဖို့ကောင်းပြီး ကြောက့်ဖို့လဲကောင်းပါတယ်😲
နောက်ပိုင်းဆက်ကြိုးစားရေးထားပါ့မယ်ဗျ
မျော်နေမယ်bro
ဖတ်ဖူးသလိုပဲ့ sorry
Umm...... ကျွန်တေယ်ကိုယ်တိုင် စုံစမ်းပြီးရေးတာပါဗျ ကာယကံရှင်ကခွင့်ပြုလို့ပြန်လည်ရေးသားတင်ပြတာပါာ☺
ဖတ်လို့ကောင်းပါတယ် အစ်ကို
ဟုတ်ကျေးဇူးပါဗျ
ရေးတတ်ပါပေ့
ဟီးဟုတ်ကဲ့
သရဲဝတ္ထုတွေဆို အမြဲတမ်း Crazy......အားပေးနေမယ် ။
ဟုတ်ကြိုစားထပ်ရေးပါ့မယ်ဗျ
အဲ့မှာထပြေးတာပဲ 😂😂😂
သတ္တိ ကောင်းတယ်လေ ဟဟ😁😁
ဒီလိုကိုယ်တွေ့တော့ မတွေ့ချင်ပါဗျာ
ကြုံဖူးသူတော့ကြုံဖူးပြီးပြီ