" ရွက်ကြွေတောက နွေခေါ်သံ " အပိုင်း - ( ၅ )

in #myanmar6 years ago

IMG_20180510_193240.JPG

အရမ်းပျော်နေမိတယ်၊ရင်တွေလည်းတုန်နေလိုက်တာ
တစ်ခါမှမဖြစ်ဖူးတဲ့ခံစားချက်တစ်ချို့၊
သူမ စိတ်ဆိုးသွားလားဆိုတဲ့သံသယစိတ်ကလေးကလည်း
ရင်ထဲမှာတစ်ချို့တစ်ဝက်၊
သူမနဲ့ပတ်သက်ပြီး ခရေစေ့တွင်းကျမသိပေမယ့် -
သူမ စိတ်သဘောထားနူးညံ့တာကိုတော့ သိတယ်၊
ကိုယ့်ကိုယ်ကိုလည်း အံ့ဩခြင်းများစွာနဲ့အတူ
လှောင်ရယ်မိတယ်၊
သူမကို ချစ်တယ်လို့ပြောဖို့အတွက် ဘယ်လိုသတ္တိတွေ
ရှိလာတယ်ဆိုတာ တကယ်ကိုမသိတာပါ၊
ပြောထွက်လိမ့်မယ်လို့လည်း မထင်ထားဘူးလေ။

"ညီမရယ် ကိုယ့်အသက်,ကိုယ်ခန္ဓာကိုစတေးရဲတယ်၊
ညီမဟာ ကိုယ့်အတွက်မွေးဖွားလာတာမဟုတ်ပေမယ့် -
ညီမနဲ့စတွေ့တဲ့အချိန်ကစပြီး ကိုယ်ဟာ
ညီမအတွက်ပဲ ရှင်သန်ပါတော့မယ်လို့
အကို ကတိပေးပါတယ်"

တစ်ယောက်တည်း အတွေးတွေနဲ့
စကားလုံးတွေ ထောင်သောင်းမက
ရင်ဘတ်တစ်ခုစလုံး ပြည့်သွားအောင်
ရေရွတ်နေမိတော့တယ်။
သူမနဲ့ဆုံဆည်းရတဲ့ အချိန်လေးတွေကို
ပြန်တွေးမိတိုင်း ရင်ခုန်ခြင်းများစွာနဲ့
ပျော်ရွှင်မိတယ်၊
အခုလောက်ဆို သူမစိတ်ဆိုးနေပြီလား
သူမ အရမ်းရှက်သွားမှာပဲ
ကိုယ်ကလည်းဘာထူးလဲ
အရမ်းတုန်လှုတ်နေခဲ့တာပဲလေ။
ဒီတစ်ပတ်ဝါးဖောင်ဆင်းလာတာဟာ
မောင်ခိုင်ထူးအတွက် ပျော်ရွှင်စရာတွေဖြစ်နေတာတော့
မောင်ခိုင်ထူးကိုယ်တိုင်က သိနေပါတယ်။
'ကျနော်' လို့ပြောလိုက်တဲ့ အသံလေးကလည်း
နားဝင်ချိုစရာကောင်းပါဘိ၊

"အကို အရမ်းချစ်တာပဲညီမရယ်"

အကို့ရဲ့ဘဝဟာ အရာရာပြီးပြည့်စုံခြင်းမရှိပေမယ့် -
ညီမအတွက် အကိုကျိုးစားမယ်၊
ညီမနဲ့အတူနေရဖို့အတွက် အကိုဘာမဆိုရင်ဆိုင်မယ်၊
မောင်ခိုင်ထူး တစ်ယောက်တည်း
ထိုးဝါးဖက် ပျော်နေလေရဲ့၊
မိခွေးမလေးဘက်က အဖြေမပေးရသေးဘဲ
ဒီလောက်ရူးသွပ်နေရင်
မိခွေးမလေးသာ အဖြေပေးလိုက်ရင်
မောင်ခိုင်ထူး ဘာတွေဖြစ်ကုန်မလဲလေ။

မိခွေးမလေးကလည်း မောင်ခိုင်ထူးရဲ့
'ချစ်တယ်'ဆိုတဲ့ အသံကိုကြားကတည်းက
ရင်ခုန်နှုန်းတွေမြန်ဆန်ပြီး အမှားမှားအယွင်းယွင်းနဲ့
အရူးလိုဖြစ်နေတာတွေ,မိခွေးမလေးကလည်း
မောင်ခိုင်ထူးအပေါ်ကို မေတ္တာရှိနေပြီးသားဆိုတာတွေကိုသာ
မောင်ခိုင်ထူးကြိုသိလိုက်ရင်ဖြင့် _____ ။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 59698.94
ETH 2303.28
USDT 1.00
SBD 2.51