" သူငယ်ချင်းရဲ့ရင်ဖွင့်သံ "

in #myanmar6 years ago

FB_IMG_1524499790929.jpg
အတော်ဝေးကွာနေတာကြာပြီဖြစ်တဲ့
သူငယ်ချင်းတစ်ယောက်ကဆက်သွယ်လာတယ်
ပြီးတော့သူ့ရင်ထဲရှိတာတွေကို
အရင်ဆုံးဖွင့်ဟပြတယ်။
သူငယ်ချင်းရေမတွေ့တာတောင် အတော်ကြာပြီနော်´´ သူကပြောလာတော့လည်းပြန်ပြောပေးရမပေါ့အေးကွအတော်ကြာပြီပဲ
ဒါနဲ့မင်းမိသားစုရောအဆင်ပြေရဲ့လား
နေရောကောင်းကြလား´´လို့ကျနော်မေးတော့
သူပြန်ပြောတာက
မပြေပါဘူးကွာငါနဲ့ဇာနွှယ်နဲ့လည်း တရားဝင်ကွာရှင်းလိုက်ပြီ´´တဲ့ ကျနော်သိပ်အံ့သြသွားတာပေါ့ သူငယ်ချင်းတွေထဲမှာဒီကောင်က အအေးဆုံးအရိုးဆုံးလို့ပြောလို့ရပါတယ်။ ပြီးတော့သူ့အိမ်ထောင်ရေးကို သူသိပ်ပြီးတန်ဖိုးထားတာဗျ ပြီးတော့သူကပြောတယ်လက်တွေ့ဘဝကအရာတွေအတွက်
ရွေးချယ်ရခက်တာမျိုး မင်းကြုံဖူးလား
သူငယ်ချင်း´´ တဲ့
ဘယ်လိုလဲဟ
ဘယ်လိုအရာမျိုးလဲ
ကျနော်မရင်းနှီးတဲ့စကားလုံးတွေ
ကျနော်လည်းနားမရှင်းတာနဲ့ပြန်မေးလိုက်တယ်။
ငါနားမရှင်းလို့ကွာသူငယ်ချင်း ရှင်းအောင်ပြောပြပါလား´´ ဆိုတော့ သူပြောပြရှာပါတယ်။ရွေးချယ်ရခက်တယ်ဆိုတာ
ဂျီးများတာကိုပြောတာသူငယ်ချင်း
ဥပမာ ဒီအဝတ်မကြိုက်ဘူး
ဒီအရောင်မကြိုက်ဘူး စသည်ဖြင့်
ငြင်းတတ်တဲ့လူမျိုးမင်းဖြစ်ဖူးလားမေးတာပါ´´
ကျနော်သိပ်ရှင်းသွားပြီ
တကယ်တော့
ရွေးချယ်ရခက်တာမဟုတ်ပါဘူး
ရွေးချယ်စရာတွေများနေတာပါ
အဲလိုရွေးချယ်စရာတွေများပြီး
ဂျီးများတတ်တဲ့လူမျိုးကျနော်မဖြစ်ခဲ့ဖူးပါဘူး
သူငယ်ချင်းကိုလည်းအဲလိုပဲဖြေခဲ့ပါတယ်။
တကယ်တော့ဂျီးများတယ်ဆိုတာ
ရွေးချယ်ပိုင်ခွင့်တွေ ရွေးချယ်စရာတွေရှိနေလို့ပါ။
ကျနော်တစ်ခုပြောပြချင်ပါတယ်။
ကျနော်တို့ဈေးဝယ်ရင်းအပျော်သွားတယ်
ဒါမှမဟုတ်ဈေးဝယ်သက်သက်သွားကြတယ်
ဆိုပါစို့။
ဆိုင်တစ်ဆိုင်မှာအရောင်အသွေးစုံစုံလင်လင်နဲ့
ပစ္စည်းတစ်မျိုးရောက်နေတယ်
ကိုယ်ကလည်းပစ္စည်းတွေကိုကြိုက်နေတယ်
ပြီးတော့ပြောလိုက်တယ်။
ဟိုအနီရောင်လေးပေးပါလား´´ အနီရောင်လေးကိုဈေးရောင်းတဲ့သူက ပေးလိုက်တယ်။ သေချာကြည့်တယ် ထပ်ပြောလိုက်ပြန်တယ်မကြိုက်သေးဘူး အဝါရောင်လေးပြပါလား´´
ဒီလိုနဲ့အရောင်တွေတစ်ခုပြီးတစ်ခု
လိုက်ရွေးနေလိုက်တာ
ဟော နောက်ဆုံးကျဘာမှလည်း
မဝယ်ဖြစ်ဘူး
ဂျီးများတယ်ဆိုပြီးဆိုင်ရှင်ကတောင်
ကောလွှတ်လိုက်သေးတယ်။
ဒါဟာဘာလဲဆိုတော့
ရွေးချယ်စရာတွေများနေတတ်တဲ့သူတွေရဲ့
နေမှုထိုင်မှုပုံစံမျိုးပါ။
နောက်တစ်ဆင့်ပြောရရင်အဲဒီလိုလူတွေဟာ
စိတ်ထွေပြားတတ်ပါတယ်။
သေချာတဲ့ဆုံးဖြတ်ချက်အတွက် သူတို့ရင်ထဲမှာ
အဖြေမရှိပါဘူး
ဒါဟာဘာလို့လည်းဆိုတော့
အလေးအနက်ထားတတ်တဲ့စိတ်လေးနဲ့
ရောင့်ရဲတင့်တိမ်တဲ့စိတ်လေးမရှိသေးလို့ပါ။
နောက်တစ်ခုပြောပြပါမယ်။
အိမ်မှာအမေကဘာဟင်းမှမရှိလို့
ကြက်ဥကျော်ထားပေးပါတယ်။
ကျနော့်ညီအငယ်ကောင်ကဂျီးများပါတယ်
အမေဒီကြက်ဥကျော်သားမကြိုက်ဘူး တစ်ခြားဟင်းချက်ပေး´´ သားဖြစ်သူကပူဆာတော့အမေခမျာ ဈေးဆိုင်သွားပြီးဝက်သားဗူးဝယ်ချက်ပေးရတယ်။ ဒါကိုပြောတာပါ တစ်ယောက်ကဂျီးများတာကလည်း ဂျီးများချင်လို့မဟုတ်ပါဘူး တစ်ဖက်မှာဂျီးများဖို့အခွင့်အရေးတွေ ပေးနေလို့ပါ။ ဘယ်လောက်အခွင့်အရေးရရပေါ့ ဘယ်တော့မှဂျီးမများနဲ့ ကျနော်ဆိုထမင်းစားရင် ဆားနဲ့စားရလည်းမြိန်တယ်။ ထမင်းချည်းစားရလည်းမြိန်ပါတယ်။ အဝတ်အစားဝယ်လည်းပဲ ကျနော်နဲ့သင့်တော်မယ့်အရောင်ပဲမေးပြီး ဝယ်ပါတယ်။ တစ်ခြားဘာအရောင်မှမမေးဖြစ်ဘူး။ ဒီလောက်ပြောပြလိုက်ရင် ကျနော့်သူငယ်ချင်းမေးတဲ့မေးခွန်းကို ဖွင့်ဟလာတဲ့ရင်ဖွင့်စကားကို နားလည်ကြလိမ့်မယ်ထင်ပါတယ်။ သူမေးတဲ့မေးခွန်းတွေကျနော်ဖြေပေးပြီးတော့ သူငယ်ချင်းကသူ့အိမ်ထောင်ရေး ဘာကြောင့်ပြိုလဲတယ်ဆိုတာပြောပြပါတယ်။သူငယ်ချင်းတကယ်တော့
ငါနဲ့ဇာနွှယ်ကြားထဲကိုတစ်ခြားကောင်မလေး
ဝင်လာခဲ့တာပါ၊ပြီးတော့ငါလည်းဘယ်ဘက်ကို
ဆက်သွားရမယ်မသိဖြစ်ခဲ့ရတယ်၊ဘယ်သူကို
ရွေးရမှန်းလည်းငါမသိဘူး၊ငါအရမ်းခက်ခဲခဲ့တယ်
ဒါပေမယ့်သိပ်မကြာဘူးဇာနွှယ်ကတရားဝင်
ကွာရှင်းပေးဖို့တောင်းဆိုလာတယ်၊
ဇာနွှယ်နဲ့တရားဝင်ကွာရှင်းပြီးလို့မကြာဘူး
ဟိုကောင်မလေးကငါ့ငွေတွေလိမ်ပြီး
ထွက်ပြေးသွားတယ်၊
ငါ့မှာဖွတ်မရ ဓားမ ဆုံးကြီးကွာ´´ တဲ့
ကျနော်သူငယ်ချင်းတစ်ယောက်အနေနဲ့
နှစ်သိမ့်ရမယ့်တာဝန်ရှိပါတယ်။
ကျနော်သူ့ကိုတစ်ခုပဲတောင်းဆိုလိုက်ပါတယ်။
``မင်းမိန်းမဇာနွှယ်နဲ့ပြန်ပေါင်းခွင့်ရအောင်
ပြန်ကြိုးစားပါသူငယ်ချင်း´´

                          Rosin Noung
          .           24.4.2018  7:46 AM
Sort:  

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 59911.66
ETH 2306.14
USDT 1.00
SBD 2.49