"သံယောဇဉ်စကား"

in #myanmar6 years ago

မေတ္တာတစ်လျှောက်လမ်း
သစ္စာမဖောက်စတမ်းရယ်လို့
ကတိပြုပန်းဆင်
သံယောဇဉ်ကို ဗဟိုပြု
နှစ်သိန်းလေးသောင်းအထုရှိတဲ့
ကမ္ဘာကြီးပေါ်မှာ တို့တတွေချစ်ခဲ့မိကြတယ်။
မေတ္တာသာ ပဓာနရယ်လို့
ပကာသနကို ဖယ်ရှား
အကြင်နာပွါးစည်
အမည်မဲ့ ဒုက္ခတွေကို
ရင်ဆိုင်ရန် အသင့်စနစ်နဲ့
ခင်ရယ် ကိုကတော့
ချစ်တာတစ်ခုပဲ သိတယ်ကွယ်။
လွမ်းချင်တဲ့ရင်နဲ့
လှမ်းမြင်တဲ့နေရာမှာပဲ
နေမယ် ခင် ။
မြင်နေရမှ
ရွှင်ပျစိတ်ကူး
ကြည်နူး ဆွတ်ပျံ့
နှံ့စပ် လွင့်မျော
ပျော်သော ဝေဒနာ
ရလာတာမို့
လွမ်းဖို့ လက်တို့
မျက်ရည်စို့လည်း မငိုဘဲနဲ့
ပြုံးမြဲနေမယ် ခင် ။
စကားတီးတိုး မေးထိုးရှိုက်ငင်
သံယောဇဉ်ဖွဲ့ နွဲ့နွဲ့လှလှ
တမ်းတမ်း တတ လွမ်းသမျှတွေ
ခွန်းဟခြွေလျှင်
အို။။။ ခင်ရယ် ----
ကိုယ်ကတော့ ချစ်တာတစ်ခုတည်း
သိတယ် ခင်။C360_2010-01-14-15-57-03-727.jpg

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60192.33
ETH 2321.67
USDT 1.00
SBD 2.50