" ပန်းရိုင်းတစ်ပွင့်ရဲ့ဒဏ္ဍာရီ "

in #myanmar6 years ago (edited)

ပေါင်းမြက်မရှင်း
ရေသွင်းသူမဲ့
ကြီးပြင်းခဲ့ရ
ငါ့ဘဝဟာ
အရိုင်းပန်းငယ် တစ်ပွင့်ပါ ။
လောင်းရိပ်ကျရောက်
နေရောင်အောက်မှာ
ရသလောက်စွမ်းအင်
ယူဆွဲငင်လို့
ကြီးပြင်းခဲ့ရ
ငါ့ဘဝဟာ
အရိုင်းပန်းငယ် တစ်ပွင့်ပါ ။
မြေသြဇာမလောင်း
အပုပ်မဆောင်းဘဲ
တွေ့သမျှဘေးဒဏ်
ရင်စည်းခံ၍
ကြီးပြင်းခဲ့ရ
ငါ့ဘဝဟာ
အရိုင်းပန်းငယ် တစ်ပွင့်ပါ ။
တောမှာပေါက်ရောက်
တောမှာပွင့်လန်း
တောင်ရိုင်းပန်းမို့
ဘဝကကြမ်း
စိတ်ကကြမ်းတယ်
ဒါပေမယ့်လို့
မုသားမဆို
မနာလိုစိတ်
မယိုဖိတ်ဘူး
မိတ်ပျက်စကား
မပြောကြားဘူး
ပလီပလာ
ဘာညာနှောလို့
ငါမရောဘူး
စိတ်ဓာတ်အဝဝ
အောက်တန်းမကျဘူး ။
အညတြ
ပန်းရိုင်းဘဝ
ရခဲ့ပါလည်း
ကောင်းတာကိုလုပ်
ဟုတ်တာပြောပြီး
ငါ့ဘဝပန်းရိုင်း
သမိုင်းမှာထပ်
ထင်ဟပ်စေမယ် ။

                                      Rosin Noung
                      24.4.2018.  5:10.  PM
Sort:  

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68363.69
ETH 2642.16
USDT 1.00
SBD 2.69