" နန်း "

in #myanmar6 years ago

IMG_20180516_091742.jpg

အချိန်အခါတွေဘယ်လိုပင် ကုန်ဆုံးပါစေ
နန်းရယ် , ကိုယ်ရယ်ဇာတ်လမ်းအစကတည်းက
အရင်ကနေရာဟောင်းတွေမှာ
လွမ်းစရာ ၊ သတိရစရာတွေကို
ကိုယ်စီကိုငှ ရေးဖွဲ့ခဲ့ကြတယ်နှော် ။
~ အဲဒီနေ့က နန်းရောက်မလာခဲ့ဘူး ။
အချိန်အခါမသင့်လို့လား ?
အဆင်မပြေမှုကြောင့်လား ?
ညင်သာမှုမဲ့တဲ့ လမ်းအခွဲမှာ
ကိုယ့်တို့နှစ်ဦးစလုံး နာကျင်ခဲ့တယ်ဆိုတာ
ကိုယ်လုံးဝသိတယ် နန်း ။
အခုဆို တောင်ယာလုပ်ငန်းတွေ အသစ်စကြလေပြီ ။
ထင်းရှူးရနံ့တွေလည်း သင်းလေပြီကွယ် ။
နန်းရယ် အိပ်မရသူကို ခြောက်လှန့်တဲ့အတွေးတွေလို
စွဲလမ်းသူကို လမ်းခွဲရက်လေသလား ?
အကြင်နာတရားတွေ ရာထောင်ချီပေးပြီးမှ
အနှစ်မပါတဲ့ အချစ်ဗလာသက်သက်ပါလို့
ကိုယ့်နှလုံးသားကို စတေးရမယ်လား နန်း ။
နန်းရယ် သတိရအောက်မေ့မှုတွေနဲ့လွမ်းတတ်ခဲ့ရင်
အမှတ်တရနေရာဟောင်းလေးကို
တစ်ခေါက်လောက်တော့ ရောက်လာပေးပါကွာ ။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 59698.94
ETH 2303.28
USDT 1.00
SBD 2.51