" နေရစ်ပါ မပြောလို "

in #myanmar6 years ago (edited)

CYMERA_20160227_150202.jpg ရှေးဘဝကံ အကြောင်းဖန်ခေလွန်းတော့
အောက်ဆုံးအလွှာမှာ နေရပါတဲ့
ဒုက္ခတွေစူး ကိုယ်တစ်ဦးတည်းရဲ့
တစ်ထွာသာသာ ဝမ်းစာအတွက်တောင်
ကိုယ်ခန္ဓာနွမ်းလျ ချွေးတွေမြေ,ခ လေမှ
ပြည့်ဝနိုင်တာပါ ။
အသိဉာဏ်ကင်းမဲ့ ချည့်နဲ့တဲ့အတွေးကြောင့်
ချစ် ချင်တာတစ်ခုတည်းအတွက်နဲ့
ဖြူစင်တဲ့ချစ်သူရယ် -
ပင်လယ်နဲ့မခြား လေဒဏ်များတဲ့
ကိုယ့်ဘဝဒုက္ခတွေကြား လက်ဆွဲမခေါ်ရက်ဘူးကွယ်။
တကယ်လို့များ စမ်းတဝါးဝါးနဲ့
မလွယ်ကူတဲ့လမ်းများမှာ အခက်တွေ့နေမှာလည်း
စိုးရိမ်တယ်ချစ်သူ။
သူတကာနဲ့အဆင့်အတန်းမတူညီလျှင်တောင်မှ
သူများထက်မနိမ့်ကျရအောင် သွားလာလှုပ်ရှား
ကြိုးစားရင်းနဲ့ အားအင်ကုန်လုလု ရုန်းထွက်နေချိန်
ရပိုင်လိုစိတ်တစ်ခုတည်းအတွက်နဲ့လည်း
ကိုယ်လိုလူ မရက်စက်ရက်ပါဘူးကွယ်။
ဒီဘဝမှာ ဒီမျှဖြင့်သာ ကျေနပ်ပါတော့
ကိုယ့်ရဲ့အပူအပင်တွေ မဝေသာတာမို့
နှုတ်ဆက်ချိန်လမ်းအခွဲမှာ နေရစ်ပါမပြောလိုပေမယ့် -
လက်မကမ်းခဲ့တာ ချစ်လွန်းလို့ပါကွာ။
မင်းတစ်ယောက်ကောင်းစားသွားဖို့
ကိုယ့်နှလုံးသား စတေးခဲ့ပါတယ်
သွားတော့မယ်နှော် _____
Rosin Noung
21.4.2018 7:54 AM

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60192.33
ETH 2321.67
USDT 1.00
SBD 2.50