သင့်သဘောအတိုင်းပါဘဲ့

in #myanmar7 years ago

image

လူတစ်ယောက် ရထားပေါ်အတက်မှာ ဖိနပ်(၁)ဖက်အောက်ပြုတ်ကျသွားခဲ့တယ်။ ရထားထွက်ခါနီးအချိန်မို့ ဆင်းကောက်ရန်အချိန်မရတဲ့အခါ အဲဒီလူဟာ သူစီးထားတဲ့ဖိနပ်(၁)ဖက်ကို ကျန်ခဲ့တဲ့ဖိနပ်(၁)ဖက်နား ပစ်ချထားခဲ့တယ်။ သင်ဟာလည်း အဲသလိုဖိနပ်(၁)ဖက်ကျခဲ့ဖူးမှာဘဲ့။ အဲဒီဖိနပ်(၁)ဖက်အပေါ်မှာ ထားတဲ့စိတ်ဟာ သင့်သဘောထားအတိုင်းပါဘဲ့။ လောကမှာ လူတိုင်းလူတိုင်းဟာ ဖိနပ်(၁)ဖက်တော့ကျခဲ့ဖူးမှာပါပဲ။ ကိုယ့်အတွက်အသုံးမ၀င်ပေမယ့် သူတစ်ပါးအကျိုးရှိနိုင်မယ်ထင်တဲ့အတွက် လုပ်လိုက်တဲ့အပြုအမူမျိုးဟာ သိပ်ကိုတန်ဖိုးရှိတဲ့ အပြူအမူမျိုးပေါ့။

image

တစ်ခါကအိန္ဒိယနိုင်ငံမှာ ကနေဒီဆိုတဲ့သမ္မတ တစ်ယောက်တက်ခဲ့ဖူးတယ်။ သူဟာဒါးရစ်မြို့မှာ သူ့ဇနီးနှင့်အတူ ပြည်သူတွေကိုလက်ပြနှုတ်ဆက်လှည့်လည်နေစဉ်မှာ ဒိုင်းခနဲဆိုအသံကြားပီး သမ္မတကြီးဟာလည်း သူ့ဇနီးအပေါ်လဲကျသွားခဲ့တယ်။ သမ္မတကြီးဟာလည်း ရင်ဝတည့်တည့်မှာ သေနတ်ဒဏ်ရာမှန်ပီး နေရာမှာပွဲချင်ပီးသေဆုံးသွားခဲ့တယ်။ အဲဒီနေရာမှာ တာဝန်ရှိသူတွေဟာ သမ္မတကြီးကိုလုပ်ကြံသတ်ဖြတ်သူကို လိုက်လံဖမ်းဆီးကြတဲ့အခါ လူငယ်လေး(၁)ယောက်ကိုဖမ်းမိခဲ့တယ်။ အဲဒီလူငယ်လေးကို သမ္မတကြီးကိုဘာကြောင့်လုပ်ကြံသတ်ဖြတ်ရသလဲလို့စစ်မေးကြတဲ့အခါ အဲဒီလူငယ်က သူငယ်စဉ်အခါကတည်းက မိဘ(၂)ပါးလုံးဟာ သဘောထားမတိုက်ဆိုင်တဲ့အတွက် ကွဲကွာသွားခဲ့တယ်။ အဲဒီနောက်သူဟာ မိသားစုမဲ့ခဲ့တယ်။

image

ကျောင်းနေတဲ့အရွယ်ရောက်ပြန်တော့လည်း ဆရာသမားတွေရဲ့ အလေးပေးမှုကိုမခံခဲ့ရဘူး။ အဲဒီနောက်အရွယ်ရောက်လာတော့ စစ်ထဲဝင်ခဲ့တယ်။ အထက်လူကြီး၊ အရာရှိကြီးတွေရဲ့ အော်ဟစ်ဆဲဆိုမှုနဲ့ ဆက်ရှင်သန်ခဲ့ရတယ်။ အိမ်ထောင်ကျပြန်တော့ ဇနီးသည်ရဲ့ငြိုငြင်မှု၊ အလိုမတူမှု၊စူပုပ်မှုတွေနဲ့ စိတ်ဆင်းရဲစွာဖြတ်သန်းရပြန်တယ်။ အဲဒီနောက်ပိုင်းဘ၀မှာ လူအများရဲ့ ငြိုငြင်မှု၊ မုန်းတီးမှု၊ အားကိုးမခံရတဲ့အတွက် နောက်ဆုံးမှာ သူဟာလူအများရဲ့ အကြည်ညိုဆုံး၊ အချစ်ခင်ဆုံး ၊အားကိုးအခံရဆုံးဖြစ်တဲ့ သမ္မတကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ လူသားချင်းအတူတူ၊ အမြင်အာရုံချင်းအတူတူ ဆုံးဖြတ်ချက်တွေကတော့ " သင့်သဘောအတိုင်းပါဘဲ့ "သဘာဝတရားကြီးကတော့ မပြောင်းလဲပါဘူး။

image

ရွာ(၁)ရွာမှာသားအဖနှစ်ယောက်ရှိတယ်။အဲဒီသားအဖ(၂)ယောက်ဟာ ငါးသွားဖမ်းကြတယ်။ အဲဒီမြစ်ရဲ့အနီးမှာ ဆိုင်းဘုတ်လေးတစ်ခုထောင်ထားတယ်။ အဲဒီဆိုင်းဘုတ်မှာ ရေးထားတဲ့စာက ”၃ပေအထက်ကျော်သော ငါးများကိုည(၁၀)နာရီမတိုင်ခင်အထိ မဖမ်းရ"။ အဲဒီအချိန်မှာ သားအဖ(၂)ယောက်ငါးမျှားကြတာ သားဖြစ်တဲ့သူရဲ့ငါးမျှားချိတ်မှာငါးမိသွားတယ်။ ငါးကြီးကကြီးတော့ သားအဖ(၂) ယောက်အတူတူဆွဲတင်ပြီး ငါးမျှားချိတ်ဖြုတ်ပီး ၀မ်းသာအားရအိမ်ပြန်မယ်ပြင်ကြတယ်။ အဲဒီအချိန်မှာ အဖေကသတိရပီး ဆိုင်ဘုတ်မှာရေးထားတယ်သား(၃)ပေအထက်ကျော်ရင် ည(၁၀)နာရီမှဖမ်းရမယ်တဲ့။ အခုကည(၉)နာရီခွဲဆိုတော့ ပြန်လွှတ်လိုက်ရအောင်တဲ့။ အဲဒီအချိန်မှာ သားဖြစ်သူက အဖေဘယ်သူမှမမြင်ဘူး၊ သားတို့ဖမ်းသွားရအောင်လို့ပြောတော့ အဖေကဆုံးဖြတ်ချက်ချခဲ့တယ်။ အဲဒီစည်းကမ်းအတိုင်းလုပ်မယ်။ စည်းကမ်းမဖောက်နိုင်ဘူးပြောခဲ့တယ်။ အဲဒီအချိန်ကအဖေက ပြတ်သားပြခဲ့တဲ့အတွက် သားဟာလည်းလူကောင်းလူမွန်(၁)ယောက်ဖြစ်လာခဲ့တယ်။ (၁)ချိန်သားအသက်ကြီးလာတော့ အဖေအပေါ်ကျေးဇူးတွေတင်ခဲ့တယ်။သားအပေါ်မှာ အဲဒီအချိန်တုန်းက ဆုံးဖြတ်ချက်ဟာ " သင့်သဘောအတိုင်းပါပဲ "။

image

ကျနော်တို့ဘဝတွေမှာလည်း ထိုနည်းလည်းကောင်းပါဘဲ့။ကိုယ်ကမသိလိုက်ဘဲလုပ်မိတာတွေရှိသလို သိသိနဲ့လုပ်မိတာတွေရှိတယ်။ကိုယ့်အတွက်ကတော့ ဘာမှတန်ဖိုးမရှိပေမယ့် တခြားသူတွေအတွက် ဘဝတစ်ခုလုံးရင်းရတဲ့အရာမျိုးတွေရှိတတ်တယ်။ ဒါကြောင့်အရာရာပေါ့ပေါ့တန်တန်သဘောမထားပါနဲ့။ သင့်အတွက်တချိန်မဟုတ် တချိန်ချိန်မှာအသုံးဝင်လာပါလိမ့်မယ်။ကိုယ့်ရဲ့သားသမီး သို့ မဟုတ် ငယ်သားတွေရှေ့မှာ အကျင့်ပျက်တဲ့အပြူမူမျိုးလုပ်မိမယ်ဆိုရင် နောင်မှာကိုယ်လည်းပြန်ခံရနိင်ပါတယ်။Leaderကောင်းတစ်ယောက်ဟာ ပန်းတိုင်ရောက်နိုင်မယ့်နည်းလမ်းသိရမယ်(know) ဒီလမ်းအတိုင်းလည်းသွားနိုင်ရမယ်(go) လက်အောက်ငယ်သားတွေကိုလည်းနည်းမှန်လမ်းမှန်ကိုညွန်ပြပေးနိုင်ရမယ်(show)။

image

နောက်ပြီးကိုယ့်မှာ မရှိတဲ့ ကောင်းတဲ့အရာတခုကို သူများမှာရှိနေလို့ မနာလိုဝန်တိုမှုတွေမဖြစ်ပါနဲ့။ ကိုယ့်လည်းတတ်နိုင်သလောက် ရုတ်တရက်ကြီး မပြောင်းလဲနိုင်သေးတောင် ဖြည်းဖြည်းချင်းနဲ့ ပြောင်းလဲလာနိုင်ပါတယ်။ စိတ်ကောင်းရှိတဲ့သူတွေကြားမှာနေမယ် ပေါင်းသင်းနေထိုင်မယ်ဆိုရင် ကိုယ်လည်းသူတို့လိုဖြစ်လာပါလိမ့်မယ်။ ရိုးရိုးသံတစ်ချောင်းကို သံလိုက်နဲ့အကြာကြီးထားလိုက်တဲ့အခါ သံလိုက်ဓာတ်ရှိလာသလိုမျိုးပေါ့ သင်လည်းကောင်းတဲ့စိတ်ထားတွေအမြစ်တွယ်လာပါလိမ့်မယ်။

image

ထိုနည်းလည်းကောင်းဘဲ့ မကောင်းတဲ့သူတွေနဲ့အနေများ ပြောများလာတဲ့အခါ မိမိစိတ်တွေဟာလည်း လူတစ်ယောက်နဲ့ပြောဆိုတဲ့အခါမှာ မကောင်းမြင်တဲ့ဖက်က ပိုမြင်လာပါတယ်။စကားအကောင်းပြောနေတောင်မှ ရွဲ့နေသလိုလိုခံစားရတတ်ပါတယ်။ဒါကြောင့်အခုကနေစပြီး အမြဲ activeဖြစ်နေ စိတ်ကောင်းရှိတဲ့သူတွေနဲ့ အပေါင်းအသင်း လုပ်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ Facebook မှာလည်း အချို့က အရေမရအဖတ်မရ သူတို့ဓာတ်ပုံတွေဘဲ့တင်နေပါတယ်။ မိမိအတွက်အကျိုးရှိတာတစ်ခုမှမပါပါဘူး။ ဒါကြောင့်ဒီလိုလူမျိုးတွေကို Unfollow လုပ်လိုက်ပါ။သင့်အတွက် အကျိုးရှိတာထင်တဲ့ အရာတွေဘဲ့ထားပါ။ လူဟာ အမှိုက်တွေကြားမှာ နေပါများရင် ကိုယ်ပါအမှိုက်စော်နံလာတတ်ပါတယ်။

Author: @rockegyi
MSC148
CREDIT GOOGLE.COM

Sort:  

ဟုတ်တယ်bro ကျွန်နော်လည်းအေးလိုဘဲ Unfriend ဘဲလုပ်တယ် ဒါကြောင်းနဲ့တူတယ် စကားပြောဖြစ်တဲ့ fr သိပ်မရှိဘူး fb မှာပေါ့

ကောင်းတယ် data စားသက်သာတယ်။ ကောင်းတာဘဲ့ထား
ကျန်တာremove

မိမိအတွက် အကျိုးရှိမည့် အရာတွေကို ရွေးချယ်တတ်မှ တိုးတက်အောင်မြင်မှာပါပဲ

ဟုတ်တာပေါ့ bro မိမိလည်းအကျိုးမရှိ သူတပါးလည်းအကျိုးမဲ့စေတဲ့ အပြုအမူမျိုးမလုပ်မိပါစေနဲ့

တံငါနားနီး တံငါ မုဆိုးနားနီးမုဆိုးဆိုတဲ့စကားပုံလိုပေါ့ဗျာ

အင်းဟုတ်တယ် bro တူရာတူရာ စုမိသွားသလိုပေါ့

ကောင်တဲ့ ဘက်မှာ အမြဲနေနိုင်အောင် ကြိုးစားမယ်

ဒီလိုကြိုးစားမှုကနေဘဲ့ ရလဒ်ကောင်းတွေရလာမှာပါ

ကျေးညီနောင် ပုံပြင်လိုပေါ့ဗျာ။

အင်းဟုတ်တယ် bro

ကိုယ့်အတွက်အသုံးမကျရင် သူများအတွက်အသုံးကျစေတော့ သဘောထားရမှာပေါ့

ဒါကြောင့် ကျနော်တို့တစ်တွေဟာ ကိုယ့်ကမလိုအပ်တော့တဲ့ အရာတွေတောင်မှ မရှိတဲ့သူတေကိုပေးကမ်းသင့်ပါတယ်

အ​တွေးသစ်​​တွေ​စေပါတယ်

တခုခုရသွားရင် ကို ရေးရကျိုးနပ်ပါပြီ

ဘယ်​သူပဲဖြစ်​ဖြစ်​အသက်​​မွေးဝမ်း​ကြောင်းပညာတစ်​ခုခု​တော့တတ်​ထားသင့်​တာ​ပေါ့

အင်း တတ်ထားရင်တော့ သူများထက်တပန်းသာနေတာပေါ့

တစ်ခုခုအကျိုးရှိအောင်တော့လုပ်ရမှာပေါ့

အင်း ကိုယ့်အတွက်တခုခုကျန်အောင်တော့ လုပ်သင့်တယ်

အလေ့ကျင့်ကောင်းလေးတွေ သိရပါတယ်ခင်ဗျာ

ဟုတ်ကဲ့ ကျေးဇူးပါ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62345.27
ETH 2427.57
USDT 1.00
SBD 2.49