Sex and education

in #myanmar7 years ago (edited)

** Sex and education **

images (4).jpg

ကျနော်တို့ငယ်ငယ်က sexနဲ့ပတ်သက်ပြီး တော်တော်လေးကို အောက်ကျ နောက်ကျနိုင်ခဲ့ပါတယ်။ ကလေးတစ်ယောက် ရဲ့စူးစမ်းချင်စိတ်၊ လိင်စိတ် ကိုအရမ်းဘဲ့ လူကြီးတွေက မကောင်းတဲ့စိတ်လိုလို ၊ယုတ်ညံ့တဲ့စိတ်မျိုး နဲ့ပြောဆိုပြုမူကြပါတယ်။ ကျနော်တို့ ကလေးတွေက လည်း တားဆီးလေလေ သိချင်စိတ် ပြင်းပြလေပါဘဲ့..

သူတို့လည်း အဲလိုကနေကြီးလာတာဘဲ့လေ။ ဒီအပိုင်းကိုကျော်သွားလို့မှမရတာ။ကလေးတစ်ယောက်များ အဲလိုအရာတွေ လုပ်နေတာ မြင်ရင် အားလုံးကဝိုင်းကျဉ်ကြပါတယ်။မကောင်းတဲ့ သူတစ်ယောက်လိုဆက်ဆံကြတယ်။ တကယ်တော့ အဲဒါဟာမဖြစ်သင့်တဲ့အရာလို့ ကျနော်ထင်တယ်။ သူတို့ကဝိုင်းပြီး ပြောပြသင့်တယ်လေ။ ဒါကတော့မလုပ်သင့်ဘူး။ ဒါကတော့ဖြစ်သင့်တယ်ပေါ့။ ဒါဆိုကျနော်တို့လည်း ရှောင်ရန် ဆောင်ရန် ခွဲခွဲခြားခြား သိသွားတာပေါ့ နော်...

sex-education-633x319.jpg

လူပျို အပျိုအရွယ် ဝင်လာရင် ဆန့်ကျင်ဖက်လိင်ကို စိတ်ဝင်စားတာ ဓမ္မတာဘဲ့လေ။ အချင်းချင်းစိတ်ဝင်စားနေ မှဒုက္ခပို များမှာ။ အကယ်လို့ ကျနော်တို့မှာ အဲဒီအချိန်တုန်းက sex ကိစ္စ သာကြုံခဲ့ရင် မဖြစ်သင့်တာတွေ ကုမရတဲ့ရောဂါတွေတောင် ကူးနိုင်ပါတယ်။ဒါကြောင့် သိသင့်အချိန် လူပျိုဖော်ဝင်တဲ့ အချိန်မှာ မိဘတွေက ဒါဟာ ရှက်စရာမဟုတ်ကြောင်း လူတိုင်းတွေ့ကြုံရမယ့်အရာ ဖြစ်တယ်ဆိုတဲ့ ဟာလေး ပညာပေးစေချင်ပါတယ်။

အကယ်လို့ မတတ်သာလို့ ကြုံလာခဲ့ ရင်လည်း ဆောင်ရန် ရှောင်ရန်လေးတွေကို သိထားရအောင်ပေါ့ဗျာ။ ကျနော်တို့မြန်မာမှာ ယဉ်ကျေးမှု ထွန်းကားတိုင်းပြည်ဖြစ်တယ် ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှု နဲ့ လိင်ပညာရေးကို မရောထွေးစေချင်ပါဘူး။အရှက်အကြောက် ကြီးတာကသတ်သတ် ဒီဟာကသတ်သတ် တလွတ်စီပါ။

palin-pregnant-daughter.jpg

တကယ်တမ်း ကျနော်တို့ပညာရေးမှာလည်း ထည့်သင်သင့်တယ်။ ကျနော်အဓိကပြောချင်တာက မိန်းခလေးတွေပါ။ သူတို့ခမျာ လိင်ကိစ္စဆိုတာ ဘာမှန်းမသိ အရွယ်ရောက် မြီးကောင်ပေါက် အရွယ်ရောက်မှ ယောက်ကျားလေးတွေ မြင်ရင် ရှိုးတိုးရှန့်တန်နဲ့...

တစ်ခါက ရွာတစ်ရွာမှာ မိသားစုတစ်စု ရှိတယ်။ အဲအိမ်မှာ မိန်းမပျိုလေးတစ်ယောက် ရှိတယ်။ တစ်နေ့တော့ သူတို့အိမ်ကို မြို့က သူ့အစ်ကိုသူငယ်ချင်းက ညအိပ်လာ တည်းခိုတာပေါ့လေ။သူ့အစ်ကိုနဲ့သူငယ်ချင်းက တစ်ခန်း၊ဘေးချင်းကပ်အခန်းမှာကျတော့ကောင်မလေးအိပ်တယ်။အိပ်လည်းအိပ် မနက်လည်းလင်းရော အပျိုလေးက အော်ကြီးဟစ်ကျယ် ထအော်ငိုနေပါလေရော။

asw.jpg

သူ့အစ်ကိုနဲ့ဘမိဘတွေကတော့ ဟဲ့ ဘာဖြစ်တာလဲ ဘာလို့ငိုနေတာလဲ ဘေးအိမ်ကလူတွေကြားရင်ရှက်စရာကြီးတော်...ချော့မော့မေးတော့မှ သမီးဘဝတော့သွားပါပြီ ရေတိမ်နစ်ပါပြီ အကိုရယ်လို့ ပြောတယ်။ အစ်ကိုကလည်း သူ့သူ့ငယ်ချင်းကိုအားလည်းနာ ရှက်ကလည်းရှက်နဲ့ပေါ့။ ဘာဖြစ်လို့လဲ ညည်းကိုဘယ်သူဘာလုပ်လို့လဲဆိုတော့ မသိဘူး သမီးကုတင်ခြေရင်းမှာ ညကပန်းအိုးတင်ထားတာ မနက်ကျတော့အောက်ကျကွဲနေတယ်တဲ့။ အဲဒါကြောင့် သူဘဝပျက်ပီတဲ့...အဲဒီတော့မှ သူ့အစ်ကိုက အမလေး စောက်ကျိုးနည်း သေလိုက်ပါတော့..ဆိုပြီးတော်တော်ဒေါသထွက်ပြီး ပြေးရိုက်ဖို့လုပ်တာ မနည်းထိမ်းထားရတာလေ...

ရွာတွေမှာက လိင်ပညာရေး အကြောင်းဘာကဘာ ဘာကဘယ်လိုဖြစ်တတ်တယ်ဆိုတာ လုံးဝမသိဘူး။ sex and education မရှိတော့ မြန်မာကားတွေထဲကလို ပန်းအိုးကွဲရင် ဗိုက်ကြီးပြီ အော့အန်မယ်ဆိုပြီးဘဲ့ တထစ်ချတွက်ထားကြတာလေ။ ကျနော့်အဒေါ် မှာသားတစ်ယောက် ရှိတယ်။ အရွယ်က ၉တန်းကျောင်းသား ဘဲ့ရှိသေးပေမယ့် မိဘက အလိုလိုက်တော့ ဖုန်းဝယ်ပေးတယ်။ အဲနောက်တော့ ကလေးက အခုခေတ်သိတဲ့ အတိုင်းအင်တာနက်ကနေ ကောင်းတာရော မကောင်းတာရောကြည့်တတ်လာပြီ၊ ရှင်းရှင်းပြောမယ်ဆိုရင် လိင်နဲ့ပတ်သက်တဲ့ဟာတွေ စိတ်ဝင်စားလာတယ်ပေါ့။

17-1407-Children-Screens-2015-conf-banner.jpg

images (6).jpg

အင်တာနက်က မတတ်ရင်တောင် အခုခေတ် အတန်းထဲမှာ တစ်ယောက်တစ်ပေါက်နဲ့ seniorတွေပို့ချလို့ သိနိုင်တယ်လေ။ အဲ့တော့ ကျနော်ညီ ဒီကောင်လေးက သူ့အမေကိုလည်း တစ်ခါတစ်လေ နောက်ပြောင်တဲ့သဘောမျိုးနဲ့ ရင်သားကို ကိုင်တာကို အမေကနားမလည်ပေးဘူးလေ။ ငါက မကောင်းတဲ့မိန်းမလား အဲလိုလုပ်ရအောင်က နှာ ဘူး ဆိုပြီး မပြောသင့်တဲ့စကားတွေနဲ့ ပြောတယ်။ ကလေးက ဘာစိတ်ရှိမှာလဲ အမေဘဲ့ဟာ။

Myother and son.jpg

သူ့အဖေက ပိုဆိုးတယ် သူ့အမေ တိုင်လို့ဒီလိုမျိုးဆိုရင် နှုတ်နဲ့မပြောဘူး စီးထားတဲ့ဖိနပ်နဲ့ကို ခေါင်းကိုရိုက်တာ အင်္ဂတေနံရံကိုခေါင်းနဲ့ တိုက်ဆောင့်တာမျိုးတွေ လုပ်နေတယ်..အဲဒီတော့ဆုံးမရာမရောက်ဘဲ ကလေးသူငယ်ငြင်းပန်းနှိပ်စက်မှု Child abuse ဖြစ်နေတယ် ။ မြန်မာမှာ လိင်ကိစ္စကို ယုတ်ညံ့တဲ့ ကိစ္စလို့သတ်မှတ်ထားပေမယ့် သူတို့ကရော အဲဒီအဆင့်ကိုကျော်ပြီး မွေးလာတာမှ မဟုတ်ဘဲ။အခုခေတ်မှာ ဘယ်သူမှ ချက်ကိုလက်နဲ့. ပွတ်လို့ ကလေးမရဘူးလေ..😃ဒါဆိုရင် လိင်ကိစ္စကနေ မွေးဖွားလာတဲ့ ကျနော်တို့ကရော ယုတ်ညံနေပြီလား???

rawImage.jpg

တကယ်ဖြစ်သင့်တာက အသံသြလာပီး ဆန့်ကျင်ဖက်စိတ်ဝင်စားလာပြီဖြစ်တဲ့သားကို ၊ အပျိုဖော်ဝင်လာတဲ့သမီးကို အဲဒီအရွယ်ကစလို့ လိင်နဲ့ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်တွေဆိုတာကို အသိပေးထားရမှာဖြစ်ပါတယ်။ သူကတော့ ဘာမှသိဦးမှာမဟုတ်ဘူးလေ။ လူငယ်တို့ဘာသာဘာဝ သိချင်တတ်ချင် စူးစမ်းလိုစိတ်နဲ့ စမ်းသပ်မိတဲ့အခါ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်ပြီး အရပ်ကမသိအောင် ဆေးနည်းတိုပေါင်းစုံနဲ့ဖျက်ချ ပြီး ကလေးရော လူနာ ပါအသက်ဆုံးရှူံးရတဲ့အဖြစ်မျိုးတွေရှိပါတယ်။

ငယ်ငယ်ရွယ်ရွယ် ကလေးရသွားတာတွေ ဖျက်ချတာတွေ မလုပ်သင့်မလုပ်အပ်တာတွေအစား လိင်ကိစ္စဆိုတာဘယ်လိုမျိုးလဲ လိင်ကျူးးလွန်တယ်ဆိုတာဘာလဲ ဘာတွေကတော့မလုပ်သင့်တာ ၊ ဘယ်လိုတွေကြိုတားထားသင့်တာ အဲဒါမျိုးတွေကို မိဘကလမ်းညွန်ပြသ ပေးရမှာဖြစ်တယ်။ ကိုယ်တိုင်က ပြောမထွက်ရင် တောင်စာအုပ်စာပေတွေ ဝယ်ပေးထားပါ။ သူစိတ်ပါဝင်စားလာတဲ့တချိန်မှာ ဖတ်ရှုပါလိမ့်မယ်။ ဒီအခါ ဆောင်ရန် ရှောင်ရန်တွေကိုသိလာပြီး ရွယ်တူချင်းမှာ အမှားနည်းသူတစ်ဦး ဖြစ်လာမှာပါလို့ တိုက်တွန်းရင်း Steemit myanmar အဖွဲ့သားများ၏ အကျိုးကိုမျှော်ကိုးပြီး ဗဟုသုတရစေရန် အလို့ငှါ ဤကောင်းနိုးရာရာ ဆောင်းပါးလေးအား ရေးသားခဲ့ပါတယ်ခင်ဗျ.....

တိုင်းပြည်အပေါ် ကိုယ့်တတ်နိုင်တဲ့ တစ်ထောက်တနေရာ နိုင်ငံသားတစ်ယောက်အနေဖြင့် ပိုးစုန်းကြူးးအလင်းရောင်မျိုးဖြင့်သာ လောကကြီးအား အလင်းပေးခြင်းဖြစ်ပါသည်....

IMG_20180115_153601.jpg

Author:@rocketgyi
MSC 148
Credit: Google images

Sort:  

ဒါဟာ ပေးသင့်တဲ့ message တစ်ခုပဲ ဖြစ်ပါတယ်

ဟုတ်ကဲ့ လူတိုင်းအတွက် တခုခုရသွားရင်ကို ရေးရကျိုးနပ်နေပါပီ

ပြောင်းလဲလာမှု

ဟုတ်တယ်bro

အခုခေတ်မှာတော့ ဒီကိစ္စကအနဲနဲ့ အများတော့ပညာပေးသင့်တယ်။ အဲဒါမှသာလျင် မဖြစ်ထိုက်တာတွေ ရှောင်ထိုက်တာတွေသိကျမှာလေ

ဟုတယ်bro မဖြစ်သင့် မဖြစ်ထိုက်တာတွေ မဖြစ်ရအောင် မလောင်ခင်တားရအောင် ကြိုတင်ပညာပေးသင့်ပါတယ်bro

ဖတ်လို့ကောင်းပါတယ် အစ်ကို

ကျေးဇူးတင်ပါတယ် broရေ

အခုလို ပြောင်းလဲလာတဲ့ခတ်မှာလူ ကြီးတေက နားလည်ပေးသင့်ပါတယ် ။ သူ့ စည်းကလေး နဲ့ သူပေါ့ ။

ဟုတ်တယ်ခင်ဗျ ငယ်ရာကကြီးလာတဲ့ လူကြီးတွေက ပိုခွင့်လွတ်နားလည်ပေးသင့်ပါတယ်

သိထားဖို့လိုအပ်တာပေါ့ဗျ

သိထားဖို့အတွက် လည်း ပညာရေးမှာ ထည့်သင်သင့်ပါတယ်လေ

အသိပညာ​ပေး​တွေ​တော့ အနည်းနဲ့အများ​တော့ ပြုလုပ်​​ပေးသင့်​ပါတယ်​ ဒါမှ ​နောက်​လူငယ်​​လေး​တွေ အတုခိုးမမှားမှာ

ဟုတ်တယ် ရှောင်သင့်ဆောင်သင့်တာတွေ သိသင့်သိထိုက်တာတွေ ကို ကြိုတင်လမ်းညွန်ထားမှ အဆင်ပြေမယ်

အရင်က ပန်းအိုးကွဲလို့  ဘဝပျက်တာ ကမ္ဘာမှာ မြန်မာပဲရှိတယ် ခ်ခ်😁

အခုကတော့ ဘဝဘဲပျက်ခံမယ် ပန်းအိုးတော့ ကွဲခံတော့ဘူး ဟီးး😁

Lol ပိုအဆင့်မြင့်သွားတာလေ ...bro

ယဉ်ကျေးမှုမတူညီတာတွကြောင့် ပြောင်းလဲလက်ခံဖို့ခဲယဉ်းတာလည်းပါပါတယ်အစ်ကို

ဟုတ်တယ်အက်ု

ဒါဟာဖြစ်သင့်တဲ့ဖြစ်ထိုက်တဲ့ အကြောင်းအရာတစ်ခုပါ

ဟုတ်တယ် broရေ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63651.41
ETH 2679.55
USDT 1.00
SBD 2.80