လှုပ်ရှားရုန်းကန်ခြင်းသည် အောင်မြင်ခြင်း၏ သော့ချက်

in #myanmar7 years ago (edited)

image

ကျွန်တော်တို့နေ့စဉ်ဘဝမှာ ကျွန်တော်အပါအဝင် လူတိုင်းဟာ အခက်အခဲတွေ ၊စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။ ဒီလိုအခက်အခဲမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်သူသာလျှင်လည်း အောင်မြင်မှုကို လက်ဝယ်ပိုင်ဆိုင်ရသူတွေသာ ဖြစ်ကြပါတယ်။ ပျင်းရိ ပြီးအချောင်ခိုနေခြင်းဖြင့် အောင်မြင်မှုကိုမရရှိနိုင်သလို ညဘဝမှာ အောင်မြင်ဖို့ အခွင့်အလမ်း (chances %)တိုးလာအောင် စစ်မှန်တဲ့လုံ့လဝိရိယ နဲ့တစိုက်မတ်မတ် လုပ်ကိုင်နေဖို့ဆိုတာ အလွန်အမင်း အရေးကြီးလွန်းလှပါတယ်။ ကြိုးစားအားထုတ်နေသူကိုလည်း ဘုရားကဒီအတိုင်းမထားပါဘူး။ တချိန်ချိန်မှာ အောင်မြင်မှု နဲ့တွေ့စေပါတယ်။

image

သောမတ်အက်ဒီဆင်ကိုဘဲ့ကြည့်လိုက်။ သူ့ကျောင်းဆရာက သူ့ကို ဉာဏ်နှေးကွေးသူ(ဉာဏ်မမီသူ)လို့ ယူဆပေမယ့် လျှပ်စစ်မီးလုံးကို တီထွင်ခဲ့ရာမှာ အကြိမ်ပေါင်း တစ်သောင်း မအောင်မမြင် ဖြစ်ခဲ့ပြီး နောက်ဆုံးတစ်ကြိမ်လေးကျအောင်မြင်သွားခဲ့တယ်။ အက်ဒီဆင်က ဆုံးရှုံးခဲ့တဲ့ အကြိမ်တိုင်းဟာ အောင်မြင်မှုပန်းတိုင်ဆီကို တစ်လှမ်းချင်း နီးကပ်လာတာပဲလို့ ပြောခဲ့ပီး တစ်စုံတစ်ခုကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ဇွဲရှိရင် အဆုံးတစ်နေ့မှာ အောင်မြင်နိုင်တာပဲဆိုတာကို သက်သေထူသွားသူလည်း ဖြစ်တယ်။

image

ကလေးတစ်ယောက်ရဲ့ ဘဝအစငယ်ရွယ်ချိန်ကတည်းကပင် ကြိုးစားရမယ်ဆိုအသိဟာ အမြဲတမ်းတွန်းအားပေးနေတယ်။ ကျောင်းတက်ရင် စာမေးပွဲတွေ နဲ့ရင်ဆိုင်ရမယ် ။အဲဒီအတွက် စာတွေကျက် ၊ ကျူရှင်တွေတက်နဲ့ အောင်မြင်မှု အတွက် လုပ်ငန်းစတင်ကြရပါတယ်။မိဘတွေဟာ ကလေးတွေကို ပျင်းရိခြင်းကိုရှောင်ရှားဖို့နဲ့ ကျောင်းမှာစာကောင်းကောင်းလုပ်ဖို့ သွန်သင်လေ့ရှိပါတယ်။
ကြိုးစားတဲ့ကျောင်းသားများဟာ ကျောင်းစာ သာမက သင်ရိုးပြင်ပ အခြား activities များကိုလည်း ပိုကောင်းအောင် လုပ်ဖို့ဂရုစိုက်ကြတယ်။

image

ဒါကြောင့် ကြိုးစားရုန်းကန်ခြင်းဆိုတာ အောင်မြင်တဲ့လူ နဲ့ ရှူံးနိမ့်တဲ့လူ ကွဲပြားခြားနားသွားစေတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ယနေ့ခေတ် ကျနောိတို့ကမ္ဘာကြီးဟာ အလွန်အမင်း ယှဉ်ပြိုင်မှုတွေများလာနေပြီး ကြိုးစားမှု၊ ကျရာနေရာမှာတာဝန်ကျေပွန်ခြင်း၊ ကိုယ်စွမ်းကိုယ်စနဲ့ ပင်ကိုယ်အရည်အချင်းကသာ အောင်မြင်မှုအဆင့်ကိုခွဲခြားသွားပါတယ်။

အခြေခံအကျအချက်ကတော့ လူတစ်ယောက်ရဲ့ကြိုးစားမှု ၊လှုပ်ရှားရုန်းကန်မှုနဲ့သာ အောင်မြင်မှုကို တိုင်းထွာနိုင်တာပါဘဲ့။ ကျနော်တို့ခရီး တစ်ခုကိုသွားမယ်ဘဲ့ထား ၊ ခရီးကိုမသွားနေဘဲ့ ရောက်ချင်တယ်ဘဲ့ပြောနေလို့မရဘူးလေ။တစ်နေ့ နည်းနည်းနဲ့ ကိုယ်နိုင်သလောက်လေး အရှေ့ကိုသွားနေဖို့သာလိုတယ်။ ဒါမှလည်း တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ဆိုသလို ကိုယ်မျှော်မှန်းရာ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ကြ ရကြရမှာဖြစ်တယ်။

image

ဥပမာအနေအနေနဲ့ လက်ဝှေ့သမားတစ်ယောက်ဟာ သူ့ရဲ့ ထရိန်နင် ပေါ်မှာအားထုတ်မှု နဲ့ လုံ့လပေါ်မှာမူတည်ပြီး ကစားပွဲတစ်ပွဲကို အနိုင်ရယူနိုင်မှာဖြစ်တယ်။ boxerအများစုရဲ့ လက်တွေ့ချိန်အများစုဟာ ကြိုးပမ်းအားထုတ်မှုအများကြီးလိုအပ်ပြီး ပြစ်ဒဏ်ပေးခံနေရတာနဲ့ဆင်တူတယ်လို့ လေ့လာချက်တွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။အပြန်အလှန်အားဖြင့် အားကစားသမားတစ်ယောက်ဟာ လေ့ကျင့်ရေးကွင်းမှာ သူအသုံပြုခဲ့တဲ့အချိန်ပေါ်မှာမူတည်ပြီး ဆုတံဆိပ်တွေ ဒိုင်းတွေ ရရှိနိုင်ခြင်းသာဖြစ်တယ်။

image

ဘောလုံး၊ ဘတ်(စ်)ကတ်ဘော ကဲ့သိုသော အားကစားအသင်းတွေမှာ အောင်မြင်မှုကိုရရှိဖို့ အသင်းသားတွေဟာ အသင်းအဖွဲ့တစ်ခုအနေနဲ့ အတူတူကြိုးစားကြရပါတယ်။ အမြဲတမ်း အသစ်သစ် ကစားနည်းတွေ ရှာဖွေဖော်ထုတ်နေမှသာလျှင်ဖြစ်ပါတယ်။အချို့ကိစ္စတွေမှာ စာဖတ်နေရုံနဲ့မပြီးသလို ကျန်းမာခြင်းကလည်း အောင်မြင်မှုရရှိဖို သော့ချက်ဖြစ်ပါတယ်။

image

အချုပ်အားဖြင့် လူတွေနဲ့ အဖွဲ့အစည်းတွေအတွက် အောင်မြင်ဖို့ဆိုတာ ကြိုးစားအားထုတ်မှုသည်သာလျှင် ပဓာနကျကြောင်းပြောလိုပါတယ်။ အနာခံမှ အသာစံရသလို ကျနော်တို့တတွေလည်း ကြိုးစားမှသာလျှင် အောင်မြင်ဖို့ အခွင့်အရေးတွေ များလာမှာဖြစ်ပါတယ်။

Author @rocketgyi
MSC148
CREDIT GOOGLE.COM

image

Sort:  

အောင်မြင်ရေးကိုရေးသူချင်းမလို့ဖတ်ရတာအားတက်မိပါတယ်

ဟုတ်bro ကျနော်ရေးတာရော အဆင်ပြေလားbro

လှုပ်ရှားရုန်းကန်တိုင်းသာ အောင်မြင်ရင် ဆိုက်ကားသမား၊ ကူလီထမ်းတဲ့သူတွေ သူဌေးဖြစ်နေမှာပေါ့
လှုပ်ရှားရုန်းထွက်နိုင်မှပါ
ရုန်းထွက်မှ လွတ်မြောက်နိုင်မှာ
ရုန်းကန်နေရုံနဲ့ မရဘူး
စကားမစပ် စာလုံးရေ နည်းလွန်းတယ်ဗျို့😁😁

လူတိုင်းတော့မဖြစ်နိုင်ဘူးပေါ့... စာလုံးရွေးချယ်မှုမှားသွားလို့ဖြစ်မယ်။

တစ်နည်းမဟုတ် တစ်နည်းတော့ ကြိုးစားရုန်းကန်နေကြရတာပါပဲဗျာ

Inn ပေါ့ အတူတူပါဘဲ့

အရမ်းကောင်းပါတဲ့ဆောင်းပါလေးပါ

Thank youပါ

မှန်ပါတယ် Bro ရေ ဖတ်လို့ကောင်းပါတယ်ဗျာ အားပေးပါတယ်

ကျေးဇူး ပါဗျာ bro

အောင်မြင်ဖို့ မအောင်မြင်ဖို့ဆိုတာထက်ကို စားဖို့သောက်ဖို့ကို နေ့စဉ်လှုပ်ရှားရုန်းကန်နေရတာပါဗျာ။

ကြိုးစားမှုရဲ့ ရလဒ်ကတော့ အောင်မြင်ခြင်းပါဘဲ

မှန်လိုက်တာဘုရား

အောင်မြင်မှုအတွက် ဇွဲ လုံ့လ၀ီရိယဟာ အဓိကအရေးပါပါတယ်

ဟုတ်ကဲ့ မှတ်ထားပါ့မယ်bro

ထိုင်​​နေလို့​တော့ ဘာမှဖြစ်​မလာသလို ရုန်းကန်​တတ်​ဖို့လဲ
အ​ရေးကြီးတယ်​ဗျို့

Inn နော် ဒါလည်း အရေးကြီးပါတယ်

ဒါပေါ့ ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး

That right bro

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63219.83
ETH 2574.36
USDT 1.00
SBD 2.78