အမြင်မျိုးစုံ ( ၃ )

in #myanmar7 years ago (edited)

image
ဗိုလ်ချုပ်ကြီး ဆာဝီလျှံစလင်း၏အမြင် (၂)
ကျွန်န်ုပ်က သူပြောပြသော ဖက်ဆစ်တိုက်ဖျတ်ရေး ပြည်သူ့လွပ်လပ်ရေး အဖွဲ့ချုပ်ဆိုသည်ကို နားမလည်သဘောမပေါက်ပါကြောင်း ၊ ကျွန်န်ုပ်နှင့်တကွ တစ်ကမ္ဘာလုံးက နားလည်သိရှိနေချိန်မှာ ဗမာပြည်အစိုးရဆိုသည်နှင့် တပြိုင်နက် ဘုရင့်အစိုးရသည် အာရှအရှေ့တောင်ပိုင်းဆိုင်ရာ စစ်သေနာပတိချုပ်မှတစ်ဆင့် ဗမာပြည်ဆိုင်ရာ ကိစ္စအရပ်ရပ်ကိုဆောင်ရွက်နေကြောင်း ၊ ထို့ကြောင့် ဗမာပြည်ယာယီအစိုးရ၏ ကိုယ်စားလှယ်ဆိုသည်မှာ မရှိတော့ကြောင်း အောင်ဆန်းအား ပြောပြပါသည် ။
သူသည် ကျွန်န်ုပ်ထံမှ ကြားရသော စကားကြောင့် စိတ်ပျက်သွားပုံရသော်လည်း သူ့အားမဟာမိတ် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးအဖြစ် ဆက်ဆံရန် ထပ်မံ၍တင်ပြတောင်းဆိုပြန်သည် ။
ကျွန်န်ုပ်သည် အောင်ဆန်း၏ ရဲဝံ့ပုံကိုးတ်ထဲမှ အံ့သြလိုက်မိပြီး နှုတ်မှလည်း ဤအတိုင်းပြောပြလိုက်ပြီး ''ဗြိတ်သျှ အစိုးရရဲ့ လက်အောက်ခံ တိုင်းရင်းသားဖြစ်တဲ့ ခင်ဗျားဟာ ဗြိတိသျှ အစိုးရကို ပြန်ပြီးပုန်ကန် တိုက်ခိုက်တဲ့ကိစ္စကို ဘေးဖယ်ထားလိုက်ဦး ။ ခင်ဗျားကို လူသတ်မှုနဲ့အရေးယူဖို့ ပြောနေတဲ့လူတွေ ကျုပ်ဌာနချုပ်ထဲမှာရှိနေတယ် ။ သက်သေတွေရော ၊ သက်သေခံပစ္စည်းတွေရော အားလုံးအသင့်ဘဲ ။ ခင်ဗျားတို့ကို ကျုပ်ဌာနချုပ်က ပြန်လွှတ်ဖို့ဆိုတာ ကြားလူတစ်ယောက်က ပြောခဲ့တဲ့ စကားပဲဖြစ်တယ် ။ ခင်ဗျားဆီမှာ ဘာစာနဲ့ပေနဲ့ ဝန်ခံထားတာမရှိဘူးမဟုတ်လား ။ ဒီတော့ ဒီကိုလာပြီး ဒီလိုတောင်းဆိုချက်တွေလုပ်နေတာဟာ ခင်ဗျားအန္တရာယ်ကို ခင်ဗျားရှာနေတာနဲ့မတူဘူးလား '' ဟု မေးလိုက်၏ ။
''မတူပါဘူး''
အောင်ဆန်းက တိုတိုတုတ်တုတ်ပင် အဖြေပေးလေသည်။
''ဘာဖြစ်လို့လဲ''
''ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားဟာ ဗြိတိသျှစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေလို့ပဲ''
အောင်ဆန်းသည် ဤစကားတစ်ခွန်းဖြင့် ကျွန်န်ုပ်အပေါ်တွင် အနိုင်ကြီးနိုင်သွားတော့သည် ။
ကျွန်န်ုပ်သည် အောင်ဆန်းပြန်ဖြေလိုက်ပုံကို သဘောကျကာ ဟက်ဟက်ပက်ပက်ရယ်လိုက်မိပြီး ၊
''ဗြိတိသျှတွေကို ဒါလောက်အထင်ကြီးနေရင်လည်း ဘာဖြစ်လို့ဗြိတိသျှတွေကို မောင်းထုပ်ဖို့ကြိုးစားနေတာလဲ''
ဟုမေးလိုက်သည် ။
အောင်ဆန်းသည် သူသည် ဗြိတိသျှများကို မုန်း၍ ဤကဲ့သို့ တိုက်ထုပ်ရန်ကြိုးစားနေခြင်းမဟုတ်ကြောင်း ၊ သူ့တိုင်းပြည်ကို ဗြိတိသျှကိုသော်လည်းကောင်း ၊ ဂျပန်ကိုသော်လည်းကောင်း အခြား မည်သည့်နိုင်ငံကိုမဆိုသော်လည်းကောင်း လာ၍အုပ်စိုးနေခြင်းကို မလိုလား၍သာဖြစ်ကြေားင်းပြောပြသည် ။
ကျွန်န်ုပ်သည် သူ့သဘောထားကိုနားလည်သော်လည်း ကျွန်န်ုပ်မှာ စစ်သားတစ်ယောက်သာဖြစ်၍ ဗမာပြည်၏ အနာဂါတ် အစိုးရအကြောင်းကို ဆွေးနွေးပိုင်ခွင့်မရှိကြောင်း ဗြိတိသျှအစိုးရသည် ဗမာပြည်အား ဗြိတိသျှဓနသဟာယအတွင်းတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော နိုင်ငံအဖြစ် ထူထောင်ပေးရန် ဆန္ဒရှိကြောင်းကို ထုပ်ဖော်ပြောဆိုထားပြီးဖြစ်ရာ ကျွန်န်ုပ်တို့အတွက် ဆွေးနွေးစရာအချက်မှာ ဗမာပြည်အတွင်းရှိ ဂျပန်များအား မည်သည့်နည်းဖြင့် မောင်းထုပ်ခြင်းသည် အကောင်းဆုံးဆိုသည်ကို ဆွေးနွေးရန်ပင်ဖြစ်ကြောင်းဖြင့် ပြောဆိုသည် ။
ကျွန်န်ုပ်နှင့်အောင်ဆန်းသည် စိတ်ထားနှလုံးထားကောင်းကောင်းဖြင့် ဆက်၍ ဆွေးနွေးကြသည် ။
ကျွန်န်ုပ်က သူဦးစီးသော ဗမာ့အမျိုးသား တပ်မတော်၏ လူအင်အားနှင့် ယခုအချိန်တွင် သူ၏တပ်ဖွဲ့များ စခန်းချထားသော ဌာနများ၏ စာရင်းကိုပေးရန်တောင်းဆိုသည် ။ သူသည် ဤစာရင်းကို မပေးလိုဟူ၍လည်းကောင်း ၊ မပေးနိုင်ဟူ၍လည်းကောင်း ကျွန်န်ုပ်ယူဆထားသည့်အနက် အကြောင်းနှစ်ရပ်စလုံးပင် အနည်းငယ်စီ အကျုံးဝင်လိမ့်မည်ဟု ထင်ရ၏ ။
ကျွန်န်ုပ်က သူ၏ဗမာအမျိုးသား တပ်မတော်ဟူသောအမည်ကို ခံယူလျှက် လက်နက်စွဲကိုင်ကာ ဗမာ ဗမာချင်း လုယက်တ်ုက်ခိုက်နေသော အဖွဲ့များရှိနေသည်ကို သတင်းရကြောင်း ၊ ထိုအဖွဲ့များသည် ဓားပြများထက် မသာကြောင်းကိုပြောလိုက်သောအခါ အောင်ဆန်းက သူနှင့်ကျွန်န်ုပ်တို့သဘ် ထိုကဲ့သို့သော အဖွဲ့များကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ရမည်ဖြစ်ကြောင်းနှင့် ချက်ချင်းပင် ဝန်ခံလိုက်သည့်အတွက် ထိုသို့အလွယ်တကူ ဝန်ခံပုံကို ကျွန်န်ုပ်အံ့သြရပြန်တော့သည် ။
သူသည် လက်နက်ကိုင်အဖွဲ့အစည်းများအကြောင်းနှင့် ဆက်နွယ်ရင်း ဂျပန်က တစ်ကယ့်အစစ်အမှန် လွပ်လပ်ရေးကို ပေးမည့်အစား ပိုမိုနှိပ်ကွပ်လာသည်ကိုတွေ့လာရသောအခါ ကျွန်န်ုပ်ဗြိတိသျှတို့က ပေးသောကတိကိုယုံကြည်၍ ကျွန်န်ုပ်နှင့် ပူးပေါင်းရန် ဆန္ဒရှိလာကြောင်းနှင့် ပြောပြနေသည် ။
ကျွန်န်ုပ်တို့က စကားကိုဖြတ်ကာ-
''ဒါဖြင့် ခင်ဗျားက ကျွန်တော်တို့အနိုင်ရနေတာ တွေ့နေတော့မှ ကျုပ်တို့ဆီလာတာပေါ့ ဟုတ်လား''
ဤတွင်အောင်ဆန်းက-
''ခင်ဗျားတို့ ရှုံးနေတုန်း ၊ ခင်ဗျားတို့ဆီ ကျုပ်လာလို့ ဘယ်လိုလုပ်ပြီး အကျိုးရှိမှာလဲဗျာ'' ဟုရိုးရိုးပင် အဖြေပေးလိုက်ပါသည် ။
သူပေးလိုက်သောအဖြေမှာ သွေးထွက်အောင် မှန်နေပြန်သည် ။ သည်တစ်ချီတွင်လည်း အောင်ဆန်းသည် ကျွန်န်ုပ်အပေါ်တွင် အနိုင်ရသွားခဲ့ပြန်လေပြီ ။ ကျွန်န်ုပ်သည် သူ၏ရိုးသားမှုကိုသဘောကျနေမိသည် ။
ကျွန်န်ုပ်က စစ်ကြီးပြီးသည့် အချိန်တွင် ယခင်ကရှိနေခဲ့သော ဗြိတိသျှအရာရှိများ ဦးစီးသည့် တပ်မတော်ကို ယခုရှိနေဆဲ လက်နက်ကိုင်တပ်ရင်းများ ဖွဲ့စည်းသည့်မူအတိုင်း ပြန်လည်ဖွဲ့စည်းသင့်ကြောင်း ၊ ထိုအချိန်တွင် အောင်ဆန်း၏ ဗမာ့အမျိုးသား တပ်မတော်အတွက် နေရာရှိလိမ့်မည် မဟုတ်တော့ကြောင်း ရှင်းပြလိုက်သောအခါ အောင်ဆန်းက သူ၏တပ်များကို အသစ် ဖွဲ့စည်းသော တပ်မတော်တွင် အဖွဲ့လိုက်ထည့်သွင်းပေးရမည်ဟု ချက်ချင်းပင်တောင်းဆိုလာတော့သည် ။
ဤတောင်းဆိုချက်မှာ ဗိုလ်ချုပ်တစ်ယောက်က မိမိ၏ ရဲဘော်ရဲဘက်များ အလုပ်လက်မဲ့မဖြစ်စေရန် တောင်းဆိုမှုများမဟုတ်ဘဲ ၊ နိုင်ငံရေး တောင်းဆိုချက်ဖြစ်သည်မှာ ထင်ရှားလှသည် ။
မြန်မာ့အမျိုးသား တပ်မတော်မှ တပ်သားများအား ဗမာပြည်အစိုးရက အဖွဲ့လိုက်လက်ခံမည် မဟုတ်သည်မှာသေချာလှကြောင်း ၊ တစ်ယောက်ချင်းအနေဖြင့် ရှေးကကိုယ်ရေး ကိုယ်တာရာဇဝင်များကို စစ်ဆေး၍ လက်ခံစရာရှိကြောင်းကို ဖြေကြားလိုက်သောအခါ အောင်ဆန်းက သူ့တပ်များကို အဖွဲ့လိုက် လက်ခံရန်သာ ထပ်၍တောင်းဆိုနေပါသည် ။
သို့သော် သူ့တောင်းဆိုချက်မှာ မည်သည့်နည်းနှင့်မျှ ဖြစ်လာနိုင်စရာမရှိသည်ကို ကျွန်န်ုပ်သိပြီးဖြစ်သည် ။
ထို့နောက် အောင်ဆန်းက စစ်မြေပြင်တွင် ဂျပန်များအား တိုက်ခိုက်လျှက်ရှိသော တပ်ဖွဲ့များကို ရိက္ခာထောက်ပံ့ပါမည်လား ၊ လစာပေးပါမည်လားမေးမြန်းလေသည် ။ ကျွန်န်ုပ်က အောင်ဆန်းနှင့်တကွ အောင်ဆန်း၏တပ်ဖွဲ့ဝင်များအား ကျွန်န်ုပ်လက်အောက်သို့ လာရောက်အမှုမထမ်းမခြင်း ၊ လစာနှင့်ရိက္ခာထောက်ပံ့ရေးပြသနာကို စဉ်းစားနိုင်မည် မဟုတ်ဟုဖြေပေးလိုက်သည် ။ အောင်ဆန်းနှင် ကျွန်န်ုပ်တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ နောက်ပိုင်းတွင် အောင်ဆန်းသည် သူ့တပ်မတော် ၊သူ့အဖွဲ့ချုပ်၏ တစ်ကယ့်အခြေအနေအမှန်ကို ပို၍မြင်လာဟန်တူသည် ။ သို့သော် သူသည် သူ့''အစိုးရအဖွဲ့''နှင့် တိုင်ပင်ပါဦးမည် ။တစ်ပါတိအတွင်း ကျွနိနိုပ်နှင့်ထပ်၍ တွေ့ဆုံပါဦးမည်ဟု မယုတ်မလွန်ပြောသဖြင့် သူနှင့် သူ့အမှုဆောင်အရာရှိအား လေယာဉ်ဖြင့်ပင် ပြန်ပို့ပေးလိုက်လေသည် ။
ကျွန်န်ုပ်သည် အောင်ဆန်းအား တစ်ဖက်စောင်းနင်း တောင်းဆိုတတ်သော စေ့စပ်ညှိနှိုင်း၍ မရနိုင်သော ပြောက်ကျား ခေါင်းဆောင်တစ်ဦးသာ ဖြစ်လိမ့်မည်ဟု အစကမျှော်လင့်ထားခဲ့ရာ ၊ သူနှင့် ပထမဆုံးအကြိမ်တွေ့ဆုံရသည်နှင့် သူသည် ကျွန်န်ုပ်မျှော်လင့်ထားသော ခေါင်းဆောင်မျိုးမဟုတ်ဘဲ ၊ နှိုင်းနှိုင်းချိန်ချိန် င်ေရွတ်တတ်သူဖြစ်ကြောင်း တွေ့လာရပြီး အောင်ဆန်းအေပေါ်တွင်လများစွာအထင်ကြီး၍သွားမိတော့သည် ။ သူသည် အမျိုးကို အချစ်ကြီးချစ်သူ ဖြစ်သော်လည်း မိမိ၏ဗမာလူမျိုးသာ ကောင်းသည်ဟုထင်နေသော ဗမာစစ်ဝါဒီသမားမဟုတ် ။ လူမျိုးပေါင်းစုံ ရိုသေလေးစားသော လူမျိုးပေါင်းစုံဝါဒကို ထားရှိသူသာဖြစ်သည် ။ ထို့ကြောင်းလည်း သူ၏လက်တွေ့ဆောင်ရွက်ချက်များသည် တစ်ဖက်စောင်းနင်းမဟုတ်ဘဲ တရားမျှတမှုရှိခဲ့သည် အောင်ဆန်း၏ '' စရိုက်'' မျိုးကား ရှားပါဘိ ။
အောင်ဆန်းပေါ်တွင် ကျွန်န်ုပ်အထင်ကြီးမိသော အဓိကအချက်မှာ သူ၏ရိုးသားပွင့်လင်းမှုပင်ဖြစ်သည် ။ သူသည် ကျွန်န်ုပ်နှင့် ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က ကျွန်န်ုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်ရေးကို အလွယ်တကူ လက်ခံခဲ့ခြင်းမရှိသော်လည်း သူသည် ကတိတစ်လုံးပေးပြီးနောက် ထိုကတိဖျက်မည့် လူစားမျိုးကား မဟုတ်ပါချေ ။ ကျွန်န်ုပ်သည် အောင်ဆန်းနှင့်တွဲ၍ အလုပ်လုပ်နိုင်ပေသည် ။
Author by @rattioo
photos credit by google
MSC-206

Sort:  

great post

ကျေးဇူးပါနော်ဦးလေးထွေး

အရေးအသားလေး ကောင်းတယ် ညီမ

ဟုတ်ကဲ့မမကျေးဇူးတင်ပါတယ်မမ

ညီမလေးကိုကျေးဇူးတင်ပါတယ် သိရှိခွင့်ရတဲ့အတွက်ပါ နောက်လည်းများများကြိုးစားပါ

ဟုတ်ကျေးဇူးပါရှင့်

thank ပါအကို@evernew

တကယ် အားရမိပါတယ် ပြီးတော့ တစ်ခုလောက်တောင်းဆိုချင်တာက အင်္ဂလန်ကို ဗိုလ်ချုပ် လွတ်လပ်ရေးသွားယူတုန်းက ရှိုက်ကြီးတငင် ငိုကြွေးခဲ့ဖူးတယ်လို့  သိရတယ် အဲ့ကြောင်းလေး ရှာဖွေ တင်ပြပေးပါလား

မှန်ပါ့ဘုရားတပည့်တော်မရှာဖွေပေးပါ့မယ်ဘုရား

good writing. Thank for sharing knowledge

ကောင်းပါ့ဗျာ

ကျေးဇူးပါနော်ကိုလင်းခန့်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 55117.74
ETH 2310.18
USDT 1.00
SBD 2.31