စိတ်ကစတဲ့ အကျင့်ကောင်း အကျင့်ဆိုး

in #myanmar7 years ago (edited)

image
စိတ်ကစတဲ့ အကျင့်ကောင်း အကျင့်ဆိုး
* အကျင့်ကောင်း ကြံစည်ရင်
အကျင့်ကောင်းလုပ်ရင်
အကျင့်ကောင်း ပြောရင် ကောင်းတဲ့အကျိုးရမယ် ။
* အကျင့်ဆိုး ကြံစည်ရင်
အကျင့်ဆိုးလုပ်ရင်
အကျင့်ဆိုးပြောရင် မကောင်းတဲ့အကျိုးပဲရမယ် ။
လောကမှာ အကျင့်ကောင်းရော ၊ အကျင့်ဆိုးရော စိတ်ကပဲပေါ်တယ် ။ ပတ်ဝန်းကျင်ကြောင့် ဖြစ်ရတယ် ၊ ဘဝအနေအထားကြောင့် ဖြစ်ရတယ်ဆိုတာမဟုတ်ပါဘူး ။ (ဘယ်သူမပြု မိမိအမှုပါ ) ။ ကိုယ်စိတ်ကပါမှ ဖြစ်ပါတယ် ။ ကိုယ်စိတ်ကမပါရင် မဖြစ်မြောက်ပါဘူး ။ ဆင်းရဲလို့ အကျင့်မကောင်းဘူးဆိုတာဟာလည်း မမှန်နိုင်ပါ ။ လောကမှာ ဆင်းရဲတဲ့လူတိုင်းသာ အကျင့်မကောင်းကြဘူးဆိုရင် လူတော်တော်များများဟာ အကျင့်မကောင်းတဲ့ဘဝကို ရောက်နေပါလိမ့်မယ် ။ ဆင်းရဲတာနဲ့ အကျင့်မကောင်းတာဟာ မဆိုင်ပါဘူး ။ ဆင်းရဲပေမဲ့လည်း အကျင့်မြတ်သူဟာ မြတ်တာပါပဲ ။ ချမ်းသာပြီး အကျင့်ဆိုးသူ ၊ ယုတ်သူက ဆိုးတာယုတ်တာပါပဲ ။
ပတ်ဝန်းကျင်ကြောင့် ၊ ဘဝအနေအထားကြောင့် အကျင့်ဆိုးနေရင်လည်း စိတ်ရင်းကသာ ကောင်းရင်ခဏပါ ။ အကျင့်ဆိုး လောကမှာ မပျော်ရွှင်ပါဘူး ။ စိတ်ရင်းကြောင့် အကျင့်ကောင်းထဲ ပြန်ရောက်လာတာပါပဲ ။ စိတ်က အကျင့်ဆိုးမှာ လက်ခံပျော်ပိုက်နေရင်တော့ ပြင်ရခက်တယ် ။ မလွယ်ဘူး ။
အကျင့်ကောင်းနဲ့ အကျင့်ဆိုးဟာ ကြံစည် ကြံစည် စိတ်ကူးတဲ့အခြေကစတာ များတယ် ။
ကောင်းတဲ့အလေ့ကိုရဖို့ မကောင်းတဲ့အလေ့ကို ရှောင်ဖို့ဆိုတာက ကိုယ့်ကိုကိုယ် အမြဲ သတိပေးနေရတယ် ။
ဘယ်ဟာ ကောင်းတဲ့အလေ့မှန်း ၊ ဘယ်ဟာ ဆိုးတဲ့အလေ့မှန်း မသိသေးရင်တော့ သတိမပေးနိုင်သေးဘူးပေါ့ ။
ပျင်းတာဟာ မကောင်းတဲ့အကျင့်ဆိုးမှန်း သိပေမဲ့ ပျင်းချင်တဲ့စိတ်က ဆွဲနေရင် ပြင်မရဘူး ။ ပျင်းမြဲပျင်းနေမှာပါ ။
ပေါ့လျော့တာဟာ မကောင်းတဲ့ အကျင့်ဆိုးမှန်းသိတယ် ။ ဒါပေမဲ့ တစ်ကြိမ်ပေါ့လျော့လို့ ဆုံးရှုံးပြီးလည်း နောက်တစ်ကြိမ်ပေါ့လျော့နေလည်း အကျင့်ဆိုးက မပျောက်တာပဲ ။
ပြင်လို့ရပေမဲ့လို့ အကျင့်ပါနေတာတွေ အများအပြား ရှိတတ်ပါတယ် ။ ပျင်းတာတွေ ၊ ပေါ့တာတွေ စိတ်သန္တာန်မှာ အမြစ်တွယ်နေရင် အဲ့လူဟာ ဘယ်တော့မှ မထွန်းကားတော့ဘူး ။
အလေ့အကျင့်ဆိုတာ ကျင့်ယူမှရတာ ၊ အကျင့်ကောင်းဆိုတာလည်း ကြိုးစားစောင့်ထိန်းမှရတာ ။
အိပ်ယာထတာ စောတာ ၊ သန့်သန့်ရှင်းရှင်းနေတာကအစ အကျင့်ဓလေ့နဲ့ ဆိုင်နေတယ် ။
အကျင့်ကောင်း ၊ အကျင့်ဆိုးဆိုတာ မျိုးရိုးနဲ့ လိုက်တယ်ဆိုတာမျိုး ရှိပေမဲ့ အချို့ကျတော့ ညီအစ်ကို မောင်နှမ မျိုးရိုးထဲက ခွဲပြီး အကျင့်ကောင်းနေတာ ရှိတတ်ပါတယ် ။
ယဉ်ကျေးအောင် ကျင့်ကြံနေရင် ယဉ်ကျေးပြီး ယုတ်မာဆိုးသွမ်းနေအောင်နေရင် ဆိုးသွမ်းတာပါပဲ ။
ခက်ခဲတဲ့အလုပ်တစ်ခုကို ဖြစ်နိုင်ရင် ငါကြိုးစားမယ် ၊ ဘယ်လိုနည်းနဲ့လုပ်မယ်ဆိုတာ ရှာမယ်ပေါ့ ။ လုပ်ကြည့်ရင် အောင်မြင်မှု တစ်ကြိမ်လောက်တွေ့လာမှာပါ ။ တစ်ဆင့်အောင်မြင်ရင် နောက်တစ်ဆင့် အောင်မြင်ဖို့မှာ ခက်ခံတာမှ မဟုတ်တာပဲ ။ လွယ်လာမှာပါ ။ အကျင့်ရလာပြီဆိုရင် လောကမှာ ဘာမှ ခက်ခဲတာမရှိတော့ပါဘူး ။ ကိုယ့်စိတ်မှာလည်း ယုံကြည်တဲ့စိတ် ဖြစ်လာမှာပါ ။ အဲ့သည့်စိတ်ကနေ အကျင့်ကောင်းတွေ စွဲလာမှာပါ ။
ကောင်းမြတ်မှန်ကန်တဲ့ အလေ့အကျင့်တွေကို အထုံဖြစ်လာအောင် စိတ်က လေ့ကျင့်ပြီး လက်တွေ့ကို ကူးရမှာ ဖြစ်ပါတယ် ။ မကောင်းတာ ၊ မသင့်လျှော်တာကို ကျင့်မိရင် ပြန်လည်ပြင်ဆင်ပေးရပါတယ် ။ ရှောင်နိုင်ဖို့ရာ အမြဲ စိတ်ထဲမှာ သတိထားနေရပါတယ် ။ စိတ်နဲ့ပြုပြီးလျှင် ကိုယ့်ကိုကိုယ် ဆုံးမရပါတယ် ။
ကောင်းမြတ်သောအကျင့်ကို ဆင်းရဲဒုက္ခခံ ကျင့်သင့်လျှင်လည်း ကျင့်ရမှာပါ ။ ဆင်းရဲပေမဲ့ ကောင်းမြတ်သော အကျင့်မျိုးလည်း ရှိပါတယ် ။
အလုပ်ကို အကျင့်လို့ဆိုတာ
ကောင်းသောအလုပ်သည် ကောင်းတဲ့အကျင့် ဖစ်ပါသည် ။
သည်ကောင်းသောအလုပ်ကို ချစ်ခြင်းသည် ဘကောင်းတဲ့သဘောကို ချစ်တဲ့သဘောပါ ။
ကောင်းတဲ့အကျင့်နဲ့ ကောင်းမြတ်တဲ့အလုပ်မှန်း သိလာခဲ့လျှင် အဲ့သည်အလုပ်မှာ စိတ်အားအစွမ်းရှိသမျှကို ထည့်သွင်းရပါတယ် ။
ဥာဏ်စွမ်းထက် စိတ်အားသတ္တိက ပို၍ကြီးပါတယ် ။ စိတ်မပါဘဲ စိတ်မထက်သန်ဘဲလုပ်လျှင် ဘယ်ကိစ္စမှ ကောင်းစွာ ပြီးမြောက်မည် မဟုတ်ပါ ။
အကျင့်ကောင်းမှာ '' သတ္တိ '' ရှိခြင်းဟာလည်း အလွန်အရေးပါ အရာရောက်လှသည့် အကျင့်ကောင်းတစ်ခု ပင်ဖြစ်နေပါသည် ။သတိသည် စိတ်မှာစွဲနေမှသာ ဖြစ်တတ်ပါတယ် ။ အသိတရားနှင့် သတိတရားသည် အကျင့်ကောင်း အကျင့်မြတ် ရှိသူတွေမှာသာလျှင် တွေ့ရတတ်ပါသည် ။
ကိုယ်နှင့်စပ်ဆိုင်သော ဆင်းရဲခြင်းအမျိုးမျိုး ၊ စိတ်နှင့်သက်ဆိုင်သော ဆင်းရဲခြင်း အမျိုးမျိုးတို့က လွတ်မြောက်အေးငြိမ်းလိုသူတွေသည် ဇွဲရှိရှိနှင့် မြင် ၊ ကြား ၊ နံ ၊ စား တဲ့အခါတိုင်းမှာသတိထားပါ ။ သိတဲ့အခါတိုင်းမှာ သတိထားပါဟု ဗုဒ္ဓမြတ်စွာဘုရား ညွှန်ကြားတော်မူခဲ့ပါသည် ။
လူတွေရဲ့စိတ်သည် ပေါင်းကူးဆက်နွယ်နေကြပါတယ် ။ တစ်ဦးရဲ့စိတ်နဲ့ တစ်ဦးရဲ့စိတ်သည် ဆက်နွယ်နေသော သဘောတရား ရှိနေကြပါတယ် ။ စိတ်ခြင်းဆက်နွယ်သလို အကျင့်ချင်းသည်လည်း ဆက်နွယ်မှုရှိတတ်ကြပါတယ် ။
အများအားဖြင့် နီးစပ်သူတွေထံ စိတ်က ပိုပြီး ကူးစက်လွယ်သလို အကျင့်ကောင်းခြင်း ၊ ဆိုးခြင်း ဖြစ်လွယ်ပါတယ် ။
အကျင့်ကောင်းကူးဖို့ထက် ဘအကျင့်ဆိုးကူးဖို့က ပိုလွယ်ပါတယ် ။ လင်မယားစိတ်က ပိုပြီးကူးစက်လွယ်ပါတယ် ။ မှားယွင်းပြီး တစ်ကြိမ်တစ်ခါ ပြုမိ ပြောမိခြင်းက လအကျင့်ဆိုးဟုမယူဆအပ်ပေ ။ လူမှန်လျှင် အမှာအယွင်းတော့ ရှိတတ်ကြပါတယ် ။ တမင် အကြိမ်ကြိမ်မှားခြင်းက အကျင့်ဆိုးပင်ဖြစ်ပါတယ် ။
အချို့က အကျင့်ဆိုးများနဲ့ ဘဝတုံးပြီး တစ်သက်လုံး အမိုက်မှောင်ဖုံးနေကြပါတယ် ။ အကျင့်ဆိုးဟာ အဲ့သည့်လူရဲ့စိတ်မှာ စွဲနေပါတော့တယ် ။
အကျင့်ဆိုးနဲ့သူယုတ်တွေသည် သူတစ်ပါးကို ကဲ့ရဲ့ခြင်း ၊ စော်ကားခြင်းနဲ့ကင်းပြီး မပျော်မွေ့နိုင်ပါဘူး ။ ခွေးဟာ ကောင်းမြတ်တဲ့ အစားအစာစားရပေမဲ့လည်း မစင်နဲ့ကင်းပြီးမပျော်မွှေ့နိုင်သည့်သဘောပါ ။
အကျင့်ဆိုးရှိတဲ့လူကို ရှောင်နိုင်မှ လအကျင့်ဆိုးဒါဏ်က လွတ်ကင်းနိုင်မှာဖြစ်ပါတယ် ။ အကျင့်ဆိုးရှိမှန်းသိလျှက်နဲ့ ပေါင်းသင်းနေရင်တော့ တစ်နေ့မဟုတစ်နေ့ ဒုက္ခရောက်နိုင်မည်မှာ အသေချာပင်ဖြစ်သည် ။
လေသည် တောမီးကို ကူးလို့ တောမီးရဲ့ အဆွေခင်ပွန်းဖြစ်သလို အဲ့သည့်လေကပဲ ဆီမီးကို ဖျက်ဆီးတတ်ပါတယ် ၊ ငြိမ်းစေတတ်ပါတယ် ။ တစ်နေရာမှာ အဆွေခင်ပွန်း ၊ တစ်ချိန်ချိန်မှာမိတ်ဆွေဖြစ်သလို တစ်ချိန်ချိန်ကြတော့ ရန်သူဖြစ်နေတတ်ပါတယ် ။ အကျင့်ဆိုးသူတွေသည် အဆွေခင်ပွန်းအဖြစ် အမြဲမရပ်တည်နိုင်ပါဘူး ။
အကျင့်ဆိုးသူများမှာ မနာလိုစိတ်ရှိတတ်ကြပါတယ် ။ မနာလိုစိတ်သည် အကျင့်ကောင်းသူများထံတွင် မရှိပါ ။ အကြောင်းကား သူတစ်ပါးကို မနာလိုသည့်အတွက် မိမိသာလျှင် စိတ်ဆင်းရဲ ၊ အကျိုးမဖြစ်နိုင်ပေ ။ ဆင်ခြင် စဉ်းစားနိုင်သူများနှင့် သဘောထားကြီးသူများသည် မနာလိုစိတ်ကို ပယ်ရှားပစ်နိုင်သည် ။
အကျင့်ဆိုးရှိသူများတွင် မနာလိုစိတ်များပါသည် ။ အလုပ်တူ ၊ အကြံတူသူအချင်းချင်းမှာ အကျင့်ဆိုးရှိလျှင် မနာလိုစိတ်ပို၍ များလာပါတော့သည် ။
စိတ်ကစသောအကျင့်ဆိုး ရှိသူများသည် ၊ အကျင့်ကောင်းကို စိတ်ဖြင့်ပင်လျှင် ပြင်ဆင်နိုင်မှ ရနိုင်ပေသည် ။
ထို့ကြောင့် အကျင့်ဆိုးသောသူများနှင့် မတိုးမိလေအောင် ဘဝတစ်လျောက်လုံး ကြိုးစားရှောင်ရှားသင့်ပေသည် ။
Steemit Myanmar မှအားလုံးကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသောကြပါစေရှင်. . .
Author by @rattioo
Photo credit by google
MSC-206

Sort:  

ရေးသားထားတာ​လေး ​ကောင်းတယ်​အမ

စိတ်နဲ့ပြုပြီးလျှင် ကိုယ့်ကိုကိုယ် ဆုံးမရပါတယ် ။
ဟုတ်​ပဗျာ

ဟုတ်ပါတယ်ဦးလေးထွေး
အားပေးတာကျေးဇူးပါရှင့်

ကောင်းပါ့ဗျာ

ကျေးဇူးပါရှင့်

i appreciate your post ^@^! Thanks.

i enjoy your post ^^! Thanks.

ဘယ်လိုမွေးလာတယ်ဆိုတာ အရေးမကြီးပါ ဘယ်လိုရှင်သန်ကြီးပျင်းလာလည်းဆိုတာသာ အဓိကပါ

ဟုတ် sis su

ပုံလေးတွေနဲ့ တန်ဆာဆင်နိုင်ရင် ပိုပြီးဖတ်လို့ ကောင်းမယ်နော်

မှန်ပါ့ဘုရားနောက် post တွေကိုထည့်ပေးပါ့မယ်ဘုရား

Good Writing bro.Thank for sharing.

thank bro@yehtetaung

အရေးအသားကောင်းပါတယ် ကျေးဇူပါ ဗဟုသုတ ရပါတယ်

ကျေးဇူးပါရှင့်

Coin Marketplace

STEEM 0.15
TRX 0.13
JST 0.026
BTC 56904.92
ETH 2440.10
USDT 1.00
SBD 2.37