လောဘသေတ္တာ

in #myanmar7 years ago (edited)

လောဘသေတ္တာ
တော်တော်အသုံးမကျတဲ့ ငါပဲ ။
ကြည့်စမ်းပါဦး ၊ သူများတွေမှာဖြင့် တိုက်ကြီ်းကလည်းကြီး ၊ င့ါမှာက နံကပ်တိုက်သေးသေးလေး ။ ပုအိုက်အိုက်အိမ်ကလေးထည်းမှာ ငါမနေချင်ဘူး ၊ သူ့လို တိုက်ကြီးဖြစ်ရမယ် ။
ကြည့်စမ်းပါဦး ၊ ငါ့ရဲ့ကားက မော်လ်ဒယ်အောက်နေပြီ ၊ နံပါတ်ကလည်း နိမ့်လိုက်တာ ။ ဟိုလူရဲ့ကားက အော်တိုဂီယာနဲ့ ။ ပြီးတော့ ဒီဇယ်အင်ဂျင် တပ်ထားတယ်ဆိုတော့ အဲယားကွန်းကလည်း ကောင်းမှကောင်း ။ ငါ့ကားမှာတော့. . . အဲယားကွန်းလည်း မနိုင် ။ ဒီကားကို ငါမစီးချင်ဘူး ။ ဟိုလူကားမျိုးဆို သိပ်ကောင်းမှာ ။
ကြည့်စမ်းပါဦး ၊ သူ့ဆိုင်မှာ လူတွေအများကြီး ဝယ်လိုက်ကြ ၊ ဝင်လိုက်ကြ ၊ ထွက်လိုက်ကြနဲ့ ရောင်းကောင်းနေလိုက်တာ ။ ငါ့ဆိုင်ကျတော့ သူ့ဆိုင်လောက်လည်း ရောင်းမကောင်းဘူး ။သူ့ဆိုင်လောက်လည်း လူမစည်ဘူး ။ သူ့ဆိုင်လောက်လည်း ပစ္စည်းမစုံဘူး ။ သူ့ဆိုင်ထက် ငါ သာချင်တယ် ။
ကြည့်စမ်းပါဦး ၊ သူ့သမီးက ဆေးကျောင်းတက်ရတယ်တဲ့ ။ ငါ့သားကတော့ ရိုးရိုးတက္ကသိုလ်ပဲ တက်ရမယ်တဲ့ ။ တော်တော်ညံ့တဲ့ ငါ့သားပဲ ။ ငါတို့ ဒီလောက်လုပ်ပေးနေတာတောင် သူတို့ကို ငါ့သားက ဘာလို့ မမှီရတာလဲ ။
ကြည့်စမ်းပါဦး ၊ သူတို့ထမင်းဝိုင်းက ဟင်းတွေက ကောင်းလိုက်တာ ၊ စုံနေတာပဲ ။ စားပွဲခုံကြီးကလည်း အပျံစားကြီး ။ ထမင်းတွေ ၊ ဟင်းတွေကလည်း မွှေးကြိုင်နေတာပဲ ။ ငါတို့အိမ်က ထမင်းဝိုင်းလောက်ကတော့ ထုံးစံအတိုင်းပါပဲ ၊ ချည်ပေါင်ဟင်းလား ၊ ဘဲဥကြော်လား ၊ စိတ်ညစ်စရာကောင်းလိုက်တာ ။
ကြည့်စမ်းပါဦး. . .
ကြည့်စမ်းပါဦး. . .
ငါ. . .သူ့ကို နိုင်စေရမယ် ။
ကျွန်မ ဆယ်တန်းအောင်တော့ မန္တလေးတက္ကသိုလ် တက်ရပါတယ် ။ အပြင်ဆောင်မှာ နေရပါတယ် ။ အဲ့သည့်တုန်းက အကြောင်းလေး ပြောပြချင်ပါတယ် ။
အဖေကပြောပါတယ် ။
''သမီး ၊ သမီးကို အပြင်ဆောင်မှာ ထားပေးမယ် ။ ကဲ. . .ဒီတော့ ပြင်ဆရာရှိတာ ပြင်ဆင် ။ ဒီလဆန်းရင် မန္တလေးကို သွားရမယ် ၊ '---------' ဘော်ဒါဆောင်မှာ နေရမယ် ''
ကျွန်မ အရမ်းကို ပျော်သွားပါတယ် ။
ဒါနဲ့ အိမ်မှာ ''ဝေခွဲရေး'' စလုပ်ရပါတော့တယ် ။ ခက်တာက အဲ့သည့်ပစ္စည်းတွေထည့်ဖို့ ''သေတ္တာ'' မရှိခြင်းပါပဲ ။ အဲ့သည့်အချိန်မှာ အမေက စာအုပ်တွေထည့်ဖို့ သိမ်းထားတဲ့ သံသေတ္တာတစ်လုံးကို ကျွန်မအားပေးပါတယ် ။
''ပျော်လိုက်တာ''
အဲ့သည့် '' သေတ္တာ'' ကို ရေးဆေးလိုက်ပါတယ် ။ မောင်လေးအား အကူညီတောင်း၍ ဆေးသုတ်ခိုင်းပါတယ် ။ ကျွန်မ၏နာမည် ရေးထားလိုက်ပါတယ် ။ အဆောင်သွားရဖို့ တစ်ပါတ်အတွင်းမှာ အိပ်လို့တောင် မပျာ်နိုင်ပါဘူး ။ ပျော်ရွှင်သောစိတ်တွေကြောင့်မို့ပါ ။
''သေတ္တာကို ဖွင့်လိုက် ၊ ပိတ်လိုက်နှင့် အင်္ကျီ တွေ ပုံစံမျိုးစုံနှင့် ခေါက်လိုက် ၊ ဟိုလိုထည့်ကြည့်လိုက် ၊ သည်လိုထည့်ကြည့်လိုက်နှင့် ကျွန်မပျော်ရွှင်မှုများကို သည်စာဖတ်သောသူများ ခံစားကြည့်လို့ရနိုင်ပါတယ် ။
ဒီလိုနှင့် အဆောင်ကိုရောက်လာပါတယ် ။
ကျွန်မရဲ့ အခန်းဖော်က ကျွန်မထက်အရင် ရောက်နှင့်နေပါတယ် ။ သူမက ကျွန်မကို ဦးစွာ မိတ်ဆက်လာပါတယ် ။
''တို့နာမည်က နန်းလှလှမူ ။ ကွတ်ခိုင်မှာ နေတယ် ။ သူ့နာမည်ကော ဘယ်သူလဲ ''
အဲ့သည့်အချိန်တွင် ကျွန်မ၏ကုတင်ပေါ် သူမ၏သေတ္တာကြီးနှစ်လုံး တင်ထားပါတယ် ။
''ကျွန်မနာမည် rattioo ပါ ၊ နတ်မောက်မှာနေပါတယ် ။ သူငယ်ချင်းရဲ့သေတ္တာ အောက်ချပေးပါဦး''
သည်လိုနှင့် ရင်းနှီးသွားကြပါတယ် ။
ညနေပိုင်းရောက်လာချိန်မှာတော့ နှစ်ဦးသား မုန့်များဝယ်စားရန် အဆောင်အပြင်ဘက်သို့ ထွက်လာပါတော့တယ် ။ လိုအပ်သည်များ ဝယ်ယူ၍ အဆောင်ပြန်ရောက်လာသော အချိန်တွင် ''နန်မူက '' သူ့သေတ္တာကို ဖွင့်လိုက်ပါတယ် ။
အမလေးလေး. . .အင်္ကျီတွေ အများကြီးပါလား ။ ဂျင်းဘောင်းဘီကလည်း သုံးထည်လောက်ပါတယ် ။ ကျွန်မအရမ်းဝတ်ချင်ခဲ့သော အင်္ကျီများလည်း ပါလိုက်ပါသေးတယ် ။ ရှပ်အင်္ကျီများလည်း ပါလိုက်သေးတယ် ။
နောက်ထပ် '' သေတ္တာ'' တစ်လုံးကို ထပ်ဖွင့်ပြန်တယ် ။
အမလေးလေး. . . ပါတိတ်တွေ တစ်ထပ်ကြီးပါလား ။ တီရှပ် အင်္ကျီတွေလည်း မနည်းဘူးလေ ။
သူ့အားကြည့်၍ ကျွန်မ သိမ်ငယ်သွားပါသည် ။
တစ်ပါတ်လုံး ပျော်ခဲ့သမျှသော ပျော်ရွှင်မှုတွေသည် သူ့သေတ္တာကို မြင်လိုက်ရသော အချိန်မှစ၍ လွင့်ပျောက်ကုန်တော့သည် ။ ကျောင်းသို့အတူတူသွားပေမဲ့လည်း ကျွန်မ မပျော်ရွင်တော့ပါဘူး ။ ကန်တင်း အတူတူသွားကြပေမဲ့လည်း ကျွန်မ မပျော်နိုင်ပါဘူး ။ စာကျက်လို့လည်း မရဘူး ။ အိပ်လို့လည်းမရဘူး ။
သူမရဲ့သေတ္တာကို ကျွန်မရဲ့သေတ္တာနဲ့ယှဉ်ပြီး ကျွန်မစိတ်တွေဆင်းရဲ နေခဲ့ဖူးတယ် ။
သည်စာကို ဖတ်နေသောသူများရှင့်. . .
ကျွန်မတို့အားလုံးမှာ '' လောဘသေတ္တာ '' တွေ ကိုယ်စီ ရှိကြပါတယ် ။
ကိုယ့်သေတ္တာနဲ့ကိုယ် ၊ သူ့သေတ္တာနဲ့သူ ဆိုသောစိတ်မျိုး မထားမိကြပါဘူး ။ ကိုယ့်သေတ္တာပြည့်ရင် တော်ပြီစိတ်မျိုး ၊ ကိုယ့်အထွာနဲ့ကိုယ် ၊ သူ့အထွာနဲ့သူပေါ့ ။
တစ်ဖက်လူကို အနိုင်ရဖို့ ကြိုးစားနေကြရင်းနဲ့ ကျွန်မရဲ့ တန်ဖိုးရှိသော အချိန်တွေ ကုန်ဆုံးခဲ့ရပါပြီ ။
တစ်ဖက်လူရဲ့ ပိုင်ဆိုင်မှုကို အားကျရင်း ၊ မနာလိုဖြစ်ရင်းနဲ့ အဓိပါယ်ရှိတဲ့ လူ့ဘဝကို အဓိပါယ်မဲ့စွာ ဖြုန်းတီးနေခဲ့ကြပါပြီ ။
ထို့ကြောင့် လူတိုင်းသည် မနာလိုစိတ်များကို ပယ်ဖျက်၍ မိမိရရှိနေသော အတိုင်းအတာများကို အချိန်တိုင်းအကြိုးရှိအောင် ဖန်တီး၍ ဘဝအဓိပါယ် ဖော်ဆောင်နိုင်ကြပါစေ. . .
MSC မှ မိသားစုများအားလုံး ကျန်းမာချမ်းသာကြပါစေ. . .
image
MSC-206
written @rattioo

Sort:  

လောဘဆိုတာ အ​တောသတ်​မရပါဘူး​လေ

ဟုတ်ပါတယ်ရှင့်

ပေးလိုတဲ့ မက်ဆေ့လေးကို သဘောကျမိပါသည်

မှန်ပါဘုန်းဘုန်း

ကိုယ့်​ထက်​သာတဲ့သူ​တွေ့ရင်​ အလိုလိုသိမ်​ငယ်​မိတက်​ကြစမြဲပါပဲ။ မုဒိတာ ပွားနိုင်​ရင်​​တော့အ​ကောင်းဆုံး​ပေါ့။

ဟုတ်ကဲ့ပါ sis

Thank for sharing

thank sis khinchawchawmay

ရေးသားထားတာ​လေး ​ကောင်းတယ်​ဗျ

thank bro aunggyi100

အသက်ရှု နေတာသာတူတာ
ရှင်သန်ရာခြင်း မတူနိုင်တာ ဘဝပါ

ဟုတ်ကဲ့ပါ sis

ဒေါသစိတ်ထားတာဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာဖြစ်စေတာပါ

ဟုတ်ပါတယ် sis

အ​ဆောင်​ သူ​လေးအ​ကြောင်း​ပေါ့ ​ကောင်းတယ်​ဗျ

ကျေးဇူးပါဦးလေးထွေး

GG!!! Good Post!! Bro

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58167.25
ETH 2358.72
USDT 1.00
SBD 2.36