Visit to Mandalay Zoo

in #myanmar7 years ago

ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ကျမတို့ မိသားစု တိရိစ္ဆာန်ဥယျာဉ်သို့  အလည်တခေါက်သွားဖြစ်ခဲ့ပါတယ် ။ မရောက်တာ ၃ နှစ်ကျော်ကြာပြီဖြစ်သလို မောင်မောင်လေးလဲကျောင်းပိတ်တုန်းဆိုတော့ သွားဖြစ်ခဲ့တာပါ ။

မာမီရုံးနားရက်ဖြစ်တော့ တခြားလူစည်ကားမယ့် ပန်းခြံနဲ့ကစားကွင်းတွေက ဒီလိုရက်ဆို လူစည်ကားတာလဲဖြစ်တာကြောင့် zoo ကိုသွားလည်ဖြစ်တာပါ ။ လူသိပ်မစည်ဘူးထင်တဲ့နေရာက လူပိုစည်နေသလိုပါဘဲ ။

အရင်တခေါက် ကျမလာဖြစ်တုန်းက ဝင်ကြေးက တဦးလျှင် ၂၀၀ အခုဝင်ကြေးက တဦးလျှင် ၁၀၀၀ အများကြီး ကွာဟသွားလိုက်တာ ။ ဝင်ကြေးကောက်တဲ့သူတွေကို ပြောတော့ လေလံဆွဲတဲ့ကြေးမြင့်ပြီး ပုက္ကလိကပိုင်ဖြစ်သွားတဲ့အတွက် ဝင်ကြေးကို တိုးမြှင့်ကောက်ခံတာလို့ ဖြေပါတယ် ။

Zoo အထဲကိုရောက်တော့ ဟိုဟိုဒီဒိ ငေးကြည့်မိတာပေါ့ ။ ဝင်ကြေးသာပြောင်းလဲတာပါ ။ ကျန်တာမပြောင်းလဲပါဘူး ။ ကျမလွန်ခဲ့သော ၃ နှစ်က ရောက်နှင့်ထားအချိန်တုန်းကလိုပါဘဲ ။ zoo ထဲက တချို့အကောင်တွေဆို အရင်တခေါက်က ရှိပေမယ့် အခုမရှိတော့ပါဘူး ။

တိုးလာတာကတော့ zoo ထဲမှာလာပြီး ချိန်းတွေ့ကြတဲ့ အတွဲတွေနဲ့ zoo အပြင်မှာတန်းစီရောင်းနေကြတဲ့ အသီးမျိုးစုံကို သုပ်ရောင်းတဲ့အချဉ်ပေါင်းသည်တွန်းလှည်းများပါဘဲ ။ တိုးလာတဲ့အကောင်တွေရှိသေးတယ် ပြောရအူးမယ်ရှင့် တော်ကြာကျမက အဆိုးတွေမြင်ပြီး ရေးနေတယ်ထင်သွားမှာလဲစိုးရိမ်မိသေးတယ် ။ ယုန်တွေ ပူးတွေတော့ အဆများစွာတိုးလာပါတယ် ။

ရေမြင်ရင် ဆော့ကစားဘို့ အားသန်တတ်တဲ့ ကျမတို့မန်းလေးမြို့နေ သူ လူအများရဲ့ထုံးစံအတိုင်း zoo ထဲက ရေကန်အလှပုံဖော်ထားပြီး ရေပန်းတွေဟိုကနေဒီကျ ဒီကနေဒီဆင်းနဲ့ အလှဆင်ထားတဲ့နေရာမှာ ၂ပေလောက်နက်တဲ့ရေကန်ထဲကို ရေဆင်းဆော့နေကြတာတော့ အရင်နှစ်ကအတိုင်း အခုလဲမပြောင်းလဲပါဘူး ။

စည်းကမ်းကလဲအတိအကျလိုက်နာတတ်တဲ့ zoo ထဲကိုလှည့်ပတ်ပို့ တဲ့ အပေိာ်စီးဘက်ထရီကားသမားတွေကိုလည်း တွေ့ရတော့ ဂုဏ်ယူမိတာပေါ့ ။ တနာရီပြည့်ပြီဆိုတာနဲ့ zoo ထဲက အကောင်တွေကို စုံအောင်မပို့ရသေးဘဲ ပြည့်တဲ့အချိန်မှာ ရောက်တဲ့နေရာမှာငှားစီးတဲ့တဲ့သူတွေကိုထားခဲ့ပြီး လှည့်ပြန်သွားတာပါဘဲ ။

ဆင်တွေထားတဲ့နေရာမှာ ကျမတို မိသားစုက ဓာတ်ပုံရိုက်တာ အချိန်နဲနဲကြာသွားတော့ ကားငှားစီးလာတဲ့ အချိန်တနာရီက ပြည့်သွားပြီဆိုပြီး ထားခဲ့လို့  လမ်းလျှောက်လှည့်ပတ်ကြည့်ခဲ့ရတာ အတော်ညောင်းလာခဲ့ရလို့ လက်တွေ့ဖြစ်တာကြောင့် ပြောပြတာပါ ။

Zoo ထဲလှည့်လည်ကြည့်ရှု့ပြီးလို အပြန်မှာ ကားအပ်ထားခက ၅၀၀တောင်းပါတယ် ။ ဆိုင်ကယ်များကိုလည်း တစီးအပ်ခ ၂၀၀ ပါ ။ သူလဲတိုးတက်လာတယ်လို့ဆိုရမှာပါ ။ နောက်ထပ်လာမယ့် နှစ်တွေမှာလဲ ဘယ်လောက်များ မန်းလေးတိရိစ္ဆာန်ဥယျာဉ်ကြီးရဲ့ တိုးတက်လာမှုတွေကို အလည်တခေါက်လာပြီး ကြည့်ချင်ပါသေးတယ်ရှင် ။

received_218793165358081.jpeg

@pyaesonekhinkhin

MSC 021

Sort:  

@nannhtike's family

your my best vote fri
thanks

@nannhtike's friend

thanks for your v c

ဘယ်လောက် ကုန်သွားလည်း ပြည့်

ညီမလေးကုန်ပုမမစု
မာမီကုန်တာ ခိခိ

သွားချင်လိုက်တာ

သွားနဲ့ ဘာမှစုံတော့ဘူးအကောင်တွေက

😖😖😖😖

i'm your sis 5tin!

အစုံရှိသေးလားဗျ

အကောင်တေစုံတော့ဘူး

ကားသမားတွေကတော့ တိကျချက်ပဲ..

ဟုပ

လာခဲ့စမ်းပါညီမရယ်​ဒီလိုပိုစ်​​ကောင်း​ကောင်းဆိုရင်​လိုသ​လောက်​ရတယ်​ G3

thanks bro

ရောက်ဘူး တယ် ဈေးတွေ ကမြောက်နေတာပဲ နောက်တခါ ထက် မသွားတော့ဘူးဟေ့ ခေါ်နဲ့ 

အေ့ပါအေ

မမ လိုက်ပို့ပေးပါ

ပို့ ပေးမယ် လာခဲ့လေမမ
ညီမ၃ဖော် ပို့ စ်တင်မယ် ဟီးး

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 59401.87
ETH 2615.39
USDT 1.00
SBD 2.40