To … Someone

in #myanmar6 years ago (edited)

B Pyae အတွက် အဆင်မပြေတဲ့နေ့ရက်တွေက တနေ့ထက် တနေ့ ပိုပိုဆိုးလာခဲ့သလို ဖြစ်လာခဲ့ပါတယ် ။ ဒီလိုဖြစ်တိုင်း ကြိတ်မှိတ်နေလာခဲ့ရတာတွေကို ဖွင့်ပြောမိတဲ့ သူငယ်ချင်းတယောက်ကို အရမ်းသတိရမိပါရဲ့ ။

အခုတော့ သူမရှိ ။ B Pyae အဆင်ပြေနေတိုင်း သူပျောက်သွားတတ်ပြီး B Pyae အဆင်မပြေလို့  steemit post တင်တိုင်း သူရောက်လာတတ်တာကလည်း အဆန်းသား ။

ဒါကြောင့် B Pyae အဆင်မပြေတာ ဘာတွေဆိုတာကို အရင်တင်မနေတော့ဘဲ သူ့ ကို သတိရနေကြောင်းလေး ရေးတင်ပြီး သူလာမလား ? သူသိမသိ B Pyae သိချင်နေလို့  အခုလိုရေးတင်လိုက်ပါပြီ ။

ကောင်ကလေးရေ ……

ငါ့မှာ အဆင်မပြေတာတွေများလေလေ နင့်ကိုသတိရလေလေပါဘဲ ။

အရင်အချိန်တွေတုန်းကဆို ငါအဆင်မပြေတိုင်း နင်ရောက်လာတတ်လွန်းလို့  ငါ့ကိုယ်စောင့်နတ်ကိုတောင် ကျေးဇူးတင်မိတာ ။

နင်နဲ့ငါ သူငယ်ချင်းအစစ်ဖြစ်သလို ကိုယ်စောင့်နတ်တွေလည်း တို့ လို ရင်းနှီးဆက်သွယ်နေကြတယ်ထင်ပါ့ ။

" နာလေ နိရှိတဲ့အရပ်ကို ကျောမခိုင်းချင်တာ အမှန်ပဲ " လို့  မင်းအဲ့ဒီလိုပြောလိုက်တော့ မင်းတယောက်ထဲ အဆင်ပြေနိုင်ပါ့မလားရယ်လို့  ငါ့အတွေးတွေကလည်း ချာချာလည်ပါဘဲ ……

" မင်းဟာ ငါ့ရဲ့မက်ဆင်ဂျာသရဲမလေးပါ " ဒီစာလေးဖတ်ရတော့ ငါ့ရင်ထဲမှာဟာတာတာနဲ့ ဘယ်သူလွမ်းလို့  လွမ်းနေလဲ သေချာမသိခဲ့ ……

ငါပုဂံကိုသွားမယ့်ရက်က နင့်မက်ဆင်ဂျာ ဖွင့်မဖတ်ခဲ့မိတာ sorry ပါ ။ ကစ္စပ္ပနဒီမြစ်ကမ်းမှာ ဆည်းဆာချိန် တူတူငေးချင်တယ်လို့  ပြီးခဲ့တဲ့ august 1ရက်နေ့က မင်းပြောခဲ့သေးတယ်လေ ……

ပုဂံမှာ ငါအရမ်းပျော်နေခဲ့တော့ နင့်ကို ငါ သတိမရခဲ့တာ အမှန်ပါဘဲ ။ သူငယ်ချင်းဆိုတာ ဒုက္ခဖြစ်နေတုန်း အရမ်းသတိရတဲ့ ရင်ဖွင့်စရာဌာနတခုမှတ်နေလား နင်ဒီလိုပြောချင်လဲပြောပါတော့ ။

3706236b316283b613298752f788f4d5.jpg

photo credit # pinterest

ငါအခု နင့်ကို သတိရပြီး ငါ့အကြောင်းတွေ ရင်ဖွင့်ချင်နေပြီကွာ ။

@pyaesonekhinkhin

MSC 021

Sort:  

အား‌ပေး‌ဖော်‌‌လေး စိတ်‌‌ကောက်‌‌နေတယ်‌ထင်‌တယ်‌။

မရှိပါဘူးအကိုရာ

တိုင်ပြောမယ်။

ချင်းချင်းဒေဂို
ခုနာက FA ကွ

အဟမ်း အဟမ်း...

အဟွတ် ဟွတ် ချောင်းကလဲဆိုးတာပါအေ ခ်ခ်

ကြားဖူတာလေး ပြောမယ်နော် သူငယ်ချင်း သံယောဇဉ်ကနေ တဆင့်တက်တဲ့ ချစ်သူတွေရဲ့သံယောဇဉ်က ပိုခိုင်မြဲတက်တယ်တဲ့ နပြည့်

အဟင့် ခက်ပီမမစု

"အဆင်​မ​ပြေမှူ​တွေ အခုတ​လောမှာ
အ​ဖော်​​တွေစုပြီး ဝင်​​ရောက်​လာ.......
နံရံကိုလက်​သီးနဲ့ထိုးမိမယ်​........."
ကျော်​ချလိုက်ပြီ

ခ်ခ် ထိုးရဲပု နာမှာပေါ့

ရင်တွင်းဖြစ်တွေလည်း ထွက်သဟ

ဟားး အူးထွေးလဲရေးတယ်လေ

အမြဲပဲ အမြဲပဲ နေအုံး နာမည်မပါဘူးလားလို့ နာမည်ပါအောင်ရေးအေ ☻☻☻

နာမည်လေးက မစီမာ
တထုတ်မှ ၁၀၀
အရသာရှိတဲ့ ဇီးပြား

ငယ်ရွယ်သူတို့နှလုးံသား

တခါတလေဖြစ်တတ်နေတာ အန်တီ

ထိ ရှ အက် ကွဲ...ဟက်တက်ပြဲသွားတယ် :D :D

M ဆေးခန်းပြလေ ကွဲတာများလာ့?

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68218.35
ETH 2640.14
USDT 1.00
SBD 2.69