တယောက်ထဲ

in #myanmar7 years ago

ကြင်နာခြင်းတွေကို
နာကြင်ခြင်းဖြစ်အောင် ပြောင်းရတာလွယ်ကူလွန်းတယ်လို့ တော့ မဟုတ်ခဲ့ပါ

နာကြင်ရလွန်းလို့ 
သေလုအောင်ခံစားရင်းက တခါတခါသတိရနေမိသေးတဲ့
ကြင်နာခြင်းတွေကို
ခါးခါးသီးသီးငြင်းထုတ်ပစ်လိုက်တယ်

အတွေးတွေပတ်ချာလည်ရင်း
မူးနောက်နောက် အရသာကိုခံစားလို့ 
မနက်ဖန်ရဲ့ နာကြင်ခြင်းကိုကြိုဆိုဘို့
ခုညလဲ ငါအိပ်စက်ရအုံးမယ်လေ

အသံတွေကို ကြားနေမိသေးတယ်
စာတွေကို မြင်နေမိသေးတယ်
မျက်လုံးကိုမှိတ် နားကိုပိတ်လို့
ငါတယောက်ထဲ ကြိတ်မှိတ်ခံစားနေလိုက်တယ်

FB_IMG_1514373612226.jpg

photo credit # facebook

@pyaesonekhinkhin

MSC 021

Sort:  

အရေးအသားကောင်းတယ် မမရေ
ခံစားချက်တွေထွက်အံကျလာပြီပေါ့
ဖတ်ရှုအားပေးခဲ့ပါတယ်ခင်ဗျ😁

ဟာ ကျေးဇူးပါအကိုရေ
ခုမှ အကောင့်ချင်း ဆုံရတယ်နော် ဟီးး

😂😂😂

ခံစားချက်တွေ များလှပါလား။ ကြိတ်မှိတ်ခံစားနေရတယ်ပေါ့လေ။

ဝိုး ခံစားချက်​ပို့​လေးပါလား

ခံစားချက်​​တွေပြင်း​နေသည်​။အချိန်မှီကုသမှတော်ရာကြတော့မည်။

ကြင်​နာခြင်းမှ နာကြင်​ခြင်းသို့​ပေါ့ ...

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 65292.16
ETH 2651.21
USDT 1.00
SBD 2.85