စစ်ကိုင်းအလှူသို့  ……

in #myanmar6 years ago

မင်္ဂလာပါရှင် ။
MSC မှအကိုအမများ စိတ်ချမ်းသာပျော်ရွှင်ပြီး ဘဝမှာတိုးတက်အောင်မြင်သောသူများ ဖြစ်ကြပါစေလို့  ဆုတောင်းလိုက်ပါတယ် ။

နှစ်စဉ် august 28 တိုင်းမှာ ရာသက်ပန်ဆွမ်းလှူတန်းထားသော စစ်ကိုင်းက ဘုန်းဘုန်းကျောင်းကို B Pyae တို့ မိသားစုဆွေမျိုးတစု ဆွမ်းကပ်သွားခဲ့ပါတယ် ။

စည်းကမ်းတကျရှိလှသော စာသင်ကျောင်းဖြစ်သည်နှင့်အညီ ရဟန်းသံဃာမှ နေထိုင်ပါလေလားဟု စိတ်အထင်ဟာ ဒီကျောင်းကိုရောက်တိုင်း တွေးမိတဲ့ အတွေးပါဘဲ ။

ဆွမ်းစား ဆွမ်းစားကြွတာကအစ အလွန်ကြည်ညိုဖွယ်ရာဖြစ်ပြီး စနစ်တကျ သေသပ်အောင် စည်းကမ်းရှိပြီး ရဟန်းဝိနည်းတော်နှင့်အညီ နေထိုင်ကြပြီး ဆွမ်းစားချိန်မှာလည်း ပုဂံသံဇွန်းသံဆူညံစွာ လုံးဝမကြားခဲ့ရတာဟာ ငယ်ကထဲနေ အခုလက်ရှိ B Pyae ကြီးလာတဲ့ထိပါဘဲ ။ ကျောင်းအမည်ကတော့ ဟံသာဂီရိချောင် ( အသံထွက် - ဟံသာဂီရိဂျောင် ) ပါ ။

ဘုန်းကြီးကျောင်းမှာ ဆွမ်းလောင်း ဆွမ်းကပ်လှူပြီး မှတ်တမ်းဓာတ်ပုံရိုက်ပြီး B Pyae တို့ လဲ စစ်ကိုင်းနဲ့မုံရွာကို ဘုရားဖူးဆက်ထွက်ကြရန် ပြင်ဆင်ခဲ့ကြပါတယ် ။

received_517692755325369.jpeg

ကျောင်းမှာက ကိုယ့်အတွက်ဆူညံနေရင် နှောင့်ယှက်ရာကျမှာလဲစိုးရိမ်မိလို့ ပါ ။ B Pyae တို့  ညီအမတတွေရဲ့ ထုံးစံအတိုင်း ဆဲဖီလေးဆွဲဘို့ ကို ကျောင်းလှေကားနားတိတ်တိတ်လေးပြေး မရ ရအောင် အပြေးအလွှားလေးတော့ ဆွဲကြသေးတာပေါ့ ဟီးးး ။

ဓာတ်ပုံလေးတွေလည်း တင်ပေးခဲ့ပါတယ်ရှင် ။ B Pyae တို့ မိသားစုအလှူကိုလည်း အမျှပေးဝေပါတယ် ။ နတ်လူသာဓု ခေါ်နိုင်ကြပါစေရှင် ။

စာတိုသွားလားမသိ ။ မုံရွာဘက်ဆက်လည်လိုက်ပါအုံးမယ် ။ ဆွဲခဲ့အုံးမယ်နော် ပုံပုံတွေလဲ အများကြီးလေ ။

@pyaesonekhinkhin

MSC 021

Sort:  

သာဓုပါဗျာ

သာဓုပါ

ကျေးဇူးပါအန်တီ

သာဓု သာဓု သာဓုပါ။ညီမတို့မိသားစုလည်း ရာသက်‌ပန်‌လှူဒါန်းနိုင်‌ပြီးအမြဲစိတ်‌နှလုံး‌အေးချမ်းပါ‌စေ။

သာဓု သာဓု သာဓု ပါ ညီမလေး... အလှူရေစက်လက်နဲ့မကွာ ပြုနိုင်ပါစေ..။

ဟုတ်ကဲ့ ကျေးဇူးပါ

သာဓု သာဓု သာဓု

ဟုတ် ကျေးဇူးပါဖီ

ဆက်​ဖတ်​ဖို့​မျော်​​နေပါ့မယ်​...ပုံ​တွေလည်းကြည့်​ဖို့....

ဟု မမ ကျေးဇူးပါ

ငှင့်​ ...ဆွဲလိုက်​တဲ့ ဆယ်​ဖီက တပုံထဲ အဟိ

ဖျက်မရပုလေ ၇ရက်ပြည့်ရင် အ့မို့  မတင်တာ ခ်ခ်

သာဓု သာဓု သာဓု
နောက်ဘဝ ဒီထက်လှပါစေကွယ်

thank you brother

သာဓုပါဗျာ

ကျေးဇူးအကိုစော

သာဓု သာဓု သာဓုပါ နပြည့်ရေ ဒီထက်မက လှူ နိုင်တန်းနိုင်ပါစေ

ကျေးဇူးမမစု

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63657.90
ETH 2656.15
USDT 1.00
SBD 2.84