စပ်စုစိန် B Pyae …… ၎

in #myanmar6 years ago

B Pyae ထင်မြင်ချက်လေးကို ဆက်ရေးပါရစေ ။ ခိုးဆိုးလုယက်ကြတဲ့လူငယ်လေးတချို့ကို သွေးထိုးလှုံ့ဆော်ပေးသူရဲ့ ထောက်ချောက်ထဲကို သူတို့တွေဆင်းသက်လာခဲ့တာပါ ။

ခိုးလုလာတဲ့ပစ္စည်းကို သူတို့ လုနိုင်ကြောင်းပြသတော့ အထာသိပြီးသားဖြစ်သော လှုံ့ဆော်သူများက " အပြင်မှာ ရောင်းပေးမယ် ။ သူ့ အပိုင်ရှိတယ် ။ မင်းတို့ လှည့်ရောင်းနေရင် ရဲမိလိမ့်မယ် ။ စသဖြင့်ပေါ့ အမျိုးမျိုး ခြိမ်းခြောက်လိုက် ချော့လိုက်နဲ့ နောက်ဆုံးသူ့ ဆီကိုဘဲ ခိုးလုလာတဲ့ပစ္စည်းက အပ်ရတော့တာပါဘဲ ။

နောက်ဆုံးတခုကတော့ ခိုးဆိုးလုယက်တဲ့
သူတို့ကိုစစ်ဆေးကြည့်တော့ မူးယစ်ဆေးသုံးစွဲထားတဲ့ လက္ခဏာတွေကို တွေ့ရတာပါဘဲ ။

အဲတာကို ဆက်စပ်တွေးတော့လဲ မထူးဆန်းဘူးလို့  B Pyae ထင်တယ် ။ ဘာကြောင့်လဲဆို အဲ့ဒိမြှောက်ပင့်ခိုးခိုင်းတဲ့လူတွေဟာ မူလအစထဲက မူးယစ်ဆေးရောင်းဝယ်မှုနဲ့ မကင်းတဲ့လူတွေဖြစ်နေလို့ ပါဘဲ ။

သူတို့ တွေဟာ လုယက်သူတွေရဲ့ ခိုးလာတဲ့ပစ္စည်းတွေကိုလည်း ဈေးပေါပေါနဲ့ဝယ်ရတယ် ။ နောက်တခုက ခိုးဆိုးလုယက်သူတွေကို မူးယစ်ဆေးရဲ့အစွမ်းကို မြူဆွယ်ပြောပြပြီး သုံးစွဲနည်းကအစ သင်ပေးပြီးရောင်းတယ် ။ သူတို့ အတွက်က အိုကေနေတော့တာပါဘဲ ။

8b07b5b6eecb3121d3db13986ed17bd0.jpg

photo crd # facebook

ခိုးဆိုးလုယက်သူတွေအဖို့က ဘယ်လိုဘဲ လုယက်သတ်ဖြတ်လာလာ အနည်းနဲ့အများတော့ စိုးရိမ်စိတ်က ဝင်နေမိမယ်လို့ ထင်ပါတယ် ။ B Pyae နဲ့နှိုင်းယှဉ်ပြောတာနော် ။ B Pyae က မာမီမကြိုက်တာကို လုပ်ခဲ့ဘူးတယ် ။ လုပ်တုန်းက မာမီကိုသတိမရဘူး လုပ်ချင်တာလုပ်လိုက်ရမှကျေနပ်တာမို့  လုပ်ပစ်လိုက်ရော ။ လုပ်ပြီးရင်တော့ မာမီဆူတော့ကိုတွေးပြီး ကြောက်တတ်တယ် ဟီးးး ။

အဲလို သူတို့ စိုးရိမ်နေချိန်မှာ ပုန်းခိုချင်တဲ့နေရာကတော့ သူတို့ ရဲ့လက်ဦးဆရာဖြစ်တဲ့ သွေးထိုးမြှောက်ပင့်ပြီး သူခိုးပစ္စည်းလက်ခံရောင်းပေးရင်း မူးယစ်ဆေးလဲသုံးလို့ ရတဲ့နေရာဆီကို တွေ့တော့ပါ ။ လက်ဦးဆရာအိမ်မှာက ဓားလွယ်ပြီးကင်းစောင့်ပေးသူတွေရှိတတ်တော့ လုံခြုံတယ်လို့  သူတို့ ယူဆထားတော့တာကိုး ။

အဲဒီထက်ပိုပြီးသိပ်ကြောက်စိတ်ပေါ်လာရင် မူးယစ်ဆေး ရာမ သုံးလိုက်မယ် ။ မူးယစ်ဆေးရာမ ဟာ စိတ်ကိုပြောင်းလဲစေနိုင်တော့ သူတို့အတွက်က ခိုးဆိုးလုယက်ဖို့  တွန်းအားပေးသလိုဖြစ်နေတော့တာပါ ။

@pyaesonekhinkhin

MSC 021

Sort:  

B Pyae အတွေးသာရေးခြင်းဖြစ်ပါတယ်ရှင်

သမီးရေတကယ်လုပ်တဲ့မူးယစ်အကောင်ကိုလဲဖမ်းရမှာနော်

ဟုတ်အန်တီ ဒါမယ့် ဒါမယ့်လေ ဟီးး

ဟယ် bpyae ခိုးဒိုင် နဲ့များ ရင်းနီးလေသလား😁😁😁

ဖိုးဒိုင်က B Pyae ပါ 😉😉

သုံးဖူးပုံရတယ် ကြောက်တောင် ကြောက်လာဘီ ☺☺

ခ်ခ်

တခါထဲဘာာ ဟုပေါင် တခါမှသုံးဘူးပါဘူး

Cအိုင်ဒီက ဆားပုလင်းငပြည့်😁😁

ဟီးး acc new add ထားတာ လက်ခံအူး

Fb Accလားညီမလေး
တွေ့ဘူး😁😁

လေးစားတယိဗျို့ သုံးသပ်ရေးသားမှုကို

ဟုဟုဗျို့ ကျေးဇူးပါ

လူမိုက်တွေကို လိုက်ဖမ်းမယ် မပြည့်ရေ

ဖမ်းရဲဘူးအကို ကြောက်တယ်လေ

ဟမ်း😂😂😂

ငင့် ရီစရာမပါဘဲ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62559.43
ETH 3092.10
USDT 1.00
SBD 3.86