စပ်စုစိန် B Pyae ……… ၃

in #myanmar6 years ago

အဲဒီလို B Pyae က ခိုးဆိုးလုယက်သူလူငယ်လေးတွေအကြောင်းကို တွေးကြည့်မိလာရင်းက နောက်ထပ်အတွေးတခုက ဝင်လာပြန်ပါတယ် ။

သူတို့တွေရဲ့လုယက်မှုပုံစံဟာ အဆင့်ဆင့်ပြောင်းလဲလာရတာကိုလည်း တွေးကြည့်သုံးသပ်ပြီးပြီဆိုတော့ B Pyae နောက်ထပ်သိချင်လာတာကလဲ ထပ်တိုးလာတော့ ထပ်တွေးကြည့်ရင်း steemit post လဲရရင်း B Pyae လဲရေးတင်းရင်းပေါ့ ။ အဆင်ကိုပြေချင်တိုင်းပြေနေတော့တာပေါ့နော် ။

fc7e83addc1b5138968aece06b5194cf.jpg

photo credit to facebook

B Pyae နောက်ထပ်တွေးမိတာကတော့

  • သူတို့စိတ်တွေတက်ကြွလာတာဟာ ဘာကြောင့်လဲ ?

  • သူတို့ဘာကြောင့် ခုလိုလုပ်ကြသလဲ ?

B Pyae ထင်မိတာက

  • သူတို့စိတ်တွေကိုတက်ကြွလာတာဟာ တဦးဦးက ဖြားယောင်းသွေးထိုးပြီး မြှောက်ပင့်လုပ်ခိုင်းတာမျိုးရယ် ဒါမှမဟုတ် မူးယစ်ဆေးတခုခုကိုသုံးစွဲထားလို့ ရယ်ကြောင့် အဲဒီ၂ခုထဲက တခုခုတော့ဖြစ်နိုင်မယ်လို့ တွေးထင်မိတာပါ ။

လူငယ်ဆိုတာဟာ ……

  • အတုမြင်အတတ်သင်တတ်တဲ့ သဘာဝလဲရှိပါတယ် ။

  • သူတပါးက သွေးထိုးမြှောက်ပင့်တာကို သဘောကျတတ်တဲ့ သဘာဝလဲရှိပါတယ် ။

  • ကိုယ့်ကို တပါးသူနဲ့နှိုင်းယှဉ်ပြီး ညံ့ဖျင်းတယ်ပြောရင်လည်း မခံချင်တဲ့စိတ်ရှိတတ်ပါတယ် ။

အဲလိုရှိတတ်တဲ့လူငယ်တွေရဲ့စိတ်ကိုသိထားတဲ့ လူကြီးများတချို့က သွေးတိုးစမ်း ပြောဆိုကြတော့ တချို့လူငယ်တွေဟာ ခုလို ခိုးဆိုးလုယက်သတ်ဖြတ်ချင်စိတ်တွေဝင်လာကြပြီး သူများတွေတောင်လုပ်နိုင်သေးတာ တို့ လဲလုပ်နိုင်ပါတယ်ဆိုတဲ့စိတ်နဲ့ ကျူးလွန်ကြတော့မှာပါ ။

သူတို့ပထမကျူးလွန်တာ အောင်မြင်သွားခဲ့မယ်ဆိုပါတော့ ။ သူတို့လုယက်လာတဲ့ပစ္စည်းကို သူတို့ကိုသွေးတိုးစမ်းခိုင်းတဲ့လူကို သူတို့လုပ်နိုင်ကြောင်း သူတို့ကိုယ်သူတို့ဂုဏ်ယူစွာနဲ့ သွားပြမှာတော့ အသေအချာပါဘဲ ။

ဇာတ်လမ်းက အဲဒီမှာစတော့မှာပါဘဲ ။
စာကရှည်သွားပြီ ။ B Pyae ရဲ့ ထင်မြင်ချက်တွေကို နောက်အပိုင်းမှာဆက်ရေးပါအုံးမယ် ။

@pyaesonekhinkhin

MSC 021

Sort:  

အမှားအမှန်စိတ်မထိန်းနိုင်သောလူငယ်များ

ဟုတ်အန်တီ

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

thank for your support

စီးပွားရေးနိမ့်ကျသော နိုင်ငံဖြစ်လေတော့...

အဲဒါတွေလဲပါတာဘဲနော့အကို

မူးယစ်ဆေးနဲ့ လူငယ်များကို လမ်းမှားပို့နေကြသလားကွယ်

အဓိကအချက်ပေါ့

ကိုလေးတို့  ရန်မဖြစ်ကြနဲ့ ကိုဟ်ဘာသာဆင်းလာတာ ကိုဟ့်ဘာသာတတ်တတ်တယ် မန်းလေးကျုံးထဲ ပြုတ်ကျတဲ့ ခလေးမပြောတာ ဆေးကွဲနေတာ ထင်ပါရဲ့ b ပြည့်ရေ

ဟုပဘုန်းရေ
မန့် နေကြတာတော့ ချောင်းဆိုးပျောက်ဆေးသောက်တာတဲ့ ခ်ခ်

အတုမြင် အတတ်သင်တော့ အတုပဲရမှာပေါ့ ☺☺☺

အစစ်ရအောင်လုပ်သင့်တာကိုနော် ☺☺

အေ့ယေ အေ့ယေ

အဓိက က‌တော့ အလွယ်‌လမ်းလုပ်‌တာပါ။သုံးချင်‌တာ မရှိ‌သောအခါ

လုတယ်​ဆိုတဲ့အသံကြားရင်​ကို လန့်​​နေမိပြီ😢

နာလဲကြောက်တာဘဲ သူတို့ ကိုရဲကမေးတာ ခိုးနားထောင်ရတာအေ ခ်ခ်

ဆေးပြား နာမည်ကိုက စိတ်ကြွ ရှုးသွပ် ဆေးပြား

ဟုပမမစု

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 64117.78
ETH 3112.19
USDT 1.00
SBD 4.23