စပ်စုစိန် B Pyae ……… ၂

in #myanmar6 years ago

စပ်စုစိန် B Pyae က အစထဲက ဟိုတွေးဒီတွေးနဲ့ အရှည်ကြီးလိုက်တွေးကြည့်တတ်သူဆိုတော့ ခိုးဆိုးလုယက်ကြတဲ့လူငယ်လေးတွေအကြောင်းကိုလည်း တွေးကြည့်မိတော့တာပါဘဲ ။

ခိုးဆိုးလုယက်ကြတဲ့ သူတို့တတွေဟာ အစပိုင်းမှာ လွယ်လွယ်ကူကူနဲ့ လူကိုဒုက္ခမပေးဘဲ အလစ်သုတ်ပြေးကြပေမယ့်လည်း ခံရဖန်များလာတဲ့သူတွေကိုလည်း ပြန်လည်ခုခံတာမျိုးတွေရှိလာတော့တာပေါ့ ။

သူတို့တွေကလည်း အလွယ်လုယက်လို့ရနိုင်မယ့် နည်းလမ်းတွေကို ထပ်စဉ်းစားကြမယ်လို့ B Pyae ထင်ပါတယ် ။

ရိုးရိုးလုယက်လို့မလွယ်တော့ လက်နက်တွေဆောင်ပြီး ဆိုင်ကယ်စီးနေတဲ့သူကို နောက်ကနေ ဒုတ်နဲ့ရိုက်တာမျိုးတွေလုပ်လာကြပါတယ် ။ ဆိုင်ကယ်သမား ဟန်ချက်ပျက်ပြီး လဲမှ လုပြေးကြတာမျိုးတွေ လုပ်ကြပါတယ် ။

ဒိထက်ဆိုးတာက ဒုတ်နဲ့မရိုက်ဘဲ ဆိုင်ကယ်သမားကိုနောက်ကနေ ဓားနဲ့ခုတ်တာမျိုးတွေပါ လုပ်လာကြပါတော့တယ် ။

ဆိုင်ကယ်စီးနေတဲ့သူကို သူတို့ကလည်းဆိုင်ကယ်စီးပြီး နောက်ကနေအလစ်ချောင်း လုပ်ကြံရတော့ တခါတရံလွဲချော်မှုတွေလည်း သူတို့ကြုံလာရတာပေါ့ ။

647d3d5215e17a453c23f84782a2a739.jpg

credit photo facebook

ဒါကိုမကျေနပ်တော့ ရပ်နေတဲ့ ဆိုင်ကယ်သမားတွေ ကားသမားတွေအပါအဝင် လမ်းလျှောက်လာတဲ့သူတွေကိုပါမချန်တော့ဘဲ ဓားကိုင်လုယက်တာတွေ ကျူးလွန်တော့တာဘဲ ။ ဓားကိုင်ရုံမကဘဲ သေနတ်နဲ့တောင် လုယက်တာမျိုး ရှိလာခဲ့ပါတယ် ။

နောက်အဆိုးဆုံးကတော့ သူတို့ လုယက်တိုင်းမှာ ပြန်လည်ခုခံကြတော့ သူတို့ကိုတခါတလေမှာ ဖမ်းမိတာကို သူတို့တွေးမိလာပြီး သူတို့ကိုပြန်လည် မခုခံနိုင်အောင် ပါလာတဲ့ဓားနဲ့ တခါထဲထိုးသတ်လုယူလာကြတဲ့အထိဖြစ်လာတော့တာပါ ။

ဘယ်သူသေသေ သူတို့ကိုမမိရင်ပြီးရောဆိုတဲ့စိတ်က သူတို့ကို အခုလိုအကြမ်းဖက်တတ်လာအောင် အားပေးတော့တာပါ ။

စဉ်းစားဘို့က လိုလာပြန်ပါပြီ ။ MSC မှအကိုအမများမင်္ဂလာပါရှင် ။ စိတ်ချမ်းသာပျော်ရွှင်ကြပါစေ ။ ကျန်းမာရွှင်လန်းကြပါစေ ။ B Pyae စဉ်းစားထားတာလေးတွေကို နောက်ရက်ဆက်ရေးပါ့မယ်ရှင် ။

@pyaesonekhinkhin

MSC 021

Sort:  

ဒီလို ဂိုဏ်းတွေက နိုင်ငံခြားမှာလည်း ရှိတယ် နပြည့်

ဟုပ

သမီးရေဆိုင်ကယ်သူခိုးတွေကများခိုးနည်းလဲများ

ဟုတ်တယ်အန်တီရေ

အေးဗျာ အ​တွေး​တွေက ​ကြောက်​ဖို့​ကောင်းလာတယ်

ဟုတ်တယ် တဖွဲ့နဲ့တဖွဲ့ဖြစ်စဉ်မတူကြဘူး

ဒါဆို b pyae တို့  ရေးကွက်တွေ ပေါတော့မယ် တို့ ရွှေမန်းက ဒီလို လုယက်မှုတွေ ကြားနေရတာ စိတ်မချမ်းသာစရာတွေချည်းပဲကွယ်

ဟုတ်တယ်ဘုန်းရေ
သူတို့ ထွက်ချက်လေးတွေကို bpyae ဖတ်ရတာတွေရှိတယ်ဘုန်းရ

အမှန်​က က​လေးဘဝငယ်​ငယ်​တုန်းကခိုးဆိုးလုနိုက်​တာ​တွေက​လေးမလို့ပြီးအ​ရေးမယူကြလိုဘဲအခိုးခံရတဲ့သူ​တွေကလဲ က​လေးမို့ပစ္စည်းပြန်​ရ​တော်​ပါပြီ ဆိုပြီး တရားစွဲအ​ရေးမယူကြ​တော့ကြီးသည်​အထိ ခိုးဆိုးလု နိုက်​​တွေ ဖြစ်​လာကြတာ

ဟီးး ယုယုပြောတာလဲမှန်တာဘဲ

ဒီလိုဖြစ်​​နေ​တော့သွားလာ​နေသူ​တွေအတွက်​မလုံခြုံပြီ​လေ....

အမှန်ပေါ့မမ

မန်း မှာ သူခိုးဂျပိုးတွေ ပေါများလာတာ မူးယစ်ဆေးက တရားခံပဲ ။

ဟုတ်တယ်

ကြောက် ကြောက်စရာပါပဲ

ဟုပ

တရားခံရဲ့ ‌လျှောက်‌လဲချက်‌‌လေးပါခင်‌ဗျ။ဟားးး!

ခ်ခ်

အကြမ်းဖက်လုပ်ရပ်တွေပဲ ညီမ ဘာ ရန်စမှမရှိပဲ လူတစ်ယောက်ကို ဓားနဲ့ ထိုးရဲကြတယ်😞

ဟုပမမရာ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62938.05
ETH 2552.06
USDT 1.00
SBD 2.63