စပ်မိစပ်ရာ

in #myanmar6 years ago (edited)

ရက်ကို လစား
လကို နှစ်စား
ရာသီအလီလီတွေ
ပြောင်းသော်ငြားလည်း
ဘယ်လိုတွေစားလို့ 
ဘယ်လိုတွေပြောင်းပြောင်း
ဆောင်းရောက်မှာတော့
တွေးကြောက်တယ် ……

ဒီစာသားလေးကို B Pyae က လေးလေးနက်နက် စဉ်းစားပြီးရေးထားခဲ့တာပါ ။ ကိုယ်တကယ်တိုက်ဆိုင်တဲ့ ကိုယ်နဲ့ပတ်သက်တဲ့ အမှတ်တရများစွာတို့ သည် ဆောင်းဥတုနှင့်သက်ဆိုင်သောကြောင့်ပေါ့ ။

B Pyae ရေးထားတပတ်အကြာမှာ B Pyae ဒီစာသားရဲ့အဆက်ကို ဆက်ရေးဘို့  ပြင်ဆင်လိုက်ပါတယ် ။
အကြောင်းတိုင်ဆိုင်ခဲ့ပေမယ့် အမှတ်ရဘို့  မလိုအပ်တော့တဲ့အတွက် ဆက်ရေးဘို့  စဉ်းစားရတာလဲ ခက်တော့ခက်တာပေါ့ ။

B Pyae လဲ ခပ်တည်တည်နဲ့ အဆက်ကို Funny ပြောင်းဘို့ သာ အကြံထွက်လေတော့ ရေးထားတာ ပြန်ကြည့်ပြီး ဆက်ထည့်လိုက်တာပေါ့ ။ တကယ်လည်း ကိုယ့်အတွက် ရီစရာတွေအဖြစ်ကျန်ခဲ့တာဆိုတော့လည်း Funny လေးနဲ့ အဆုံးသတ်ရတာပေါ့ ။

*** ဘာကြောင့်လဲ ?
ဘာကြောင့်လဲလို့  … ! လို့ မေးနေကြတော့
ဖြေရခက်တယ်
သူငယ်ချင်းတို့ ရယ်
မနှစ်က ဆောင်းမှာ
မာမီဝယ်ပေးထားတဲ့
အကြိုက်ဆုံးအနွေးထည်
ပျောက်သွားလို့ ပါကွယ် ……

B Pyae အဆက်ကို ကိုယ်ဘာသာရေးပြီး ပြန်ဖတ်ပြီး ခေါင်းတညိမ့်ညိမ့်လုပ်ပြီး ပြုံးစိစိမျက်နှာနဲ့ ကိုယ့်ဘာသာ သဘောကျမိနေပါတော့တယ် ။

ဘယ်နေ့
ဘယ်လ
ဘယ်ရာသီ ဘယ်လိုပြောင်းပြောင်း
ဘာမှဂရုစိုက်စရာ မလိုတော့တဲ့အတွက်ပါ ။

MSC က အကိုအမတွေလဲ B Pyae ရေးတာ တိုးတက်လာသလားစစ်ပေးကြပါအုံး ။ ပြုံးစိစိတော့ မလုပ်ကြနဲ့နော် ။ အကိုအမများအားလုံး မင်္ဂလာပါရှင် ။

received_279201825983881.jpeg

@pyaesonekhinkhin

MSC 021

Sort:  

ပြုံးစိစိနဲ့ဘဲဖတ်ပြီး ခံစားလိုက်ပါတယ်။

ဟိုက်! မပြုံးနိုင်တော့ဘူး အခု

အနွေးထည်ပျောက်တာတကယလားသမီး

မဟုတ်ပါဘူး အန်တီရယ်
ဆက် feel ဘို့ မလိုတော့လို့  funny ရေးလိုက်တာပါ

ပြောင်းလဲခြင်းက သဘာဝ...မျိုးကြီးသီချင်း ဆိုပြမို့ဟာ မရတော့လို့😁😁😁
ဒီနွေ ဒီမိုးတွေ ပြောင်းရင်...ဒီဆောင်းကိုလည်း ရောက်ပြန်လေဦးမည်... ဆောင်းရောက်ရင်. .. သဇင်ပွင့်မည်..နှင်းကျမည်... ဆုတောင်းမပြည့်ခဲ့ပါလေပြီ....😁😁😁

ဆုတောင်းမှားခဲ့လေသလား အချစ်ရယ် ! အဲ့သချင်းကို ဒိယမိ

အ‌နွေထည်‌ လိုချင်‌လို့ ထင်‌တယ်‌။ဘအ‌နွေထည်‌လဲဆို‌တော့.......

ဟားး ဟားး တော်လိုက်တာ ငါ့အကိုက

အဟား မိုက်​တယ်
နင်​က​ဆောင်း​​ကြောက်​တဲ့အ​ကြောင်း​ရေးရင်
ငါက ​ဆောင်းချစ်​တဲ့အ​ကြောင်း​လေး​ရေးမယ်​ အဟိ ​နောက်​အပတ်

ချချ ယုယုရေ
မ မက်ာပီရင် အိုကေနာ

ဆောင်းလည်း ဆောင်းမပီ
အအေးမမီတော့
အနွေးဓာတ်က
တမင် မကြံရတော့ပါ

ဗြဲ !
မပီပြင် ဝိုးတဝါး

မမပြည့်က အချော အယ်လဲ့

တကယ်လား ?

မပြုံးဘူး ရယ်နေတာ 😂

ဟားး ဟားး အုဒွန်လဲ တော်တာဘဲ

အဆက်ဆိုတော့ ငါက အထုံးမှတ်နေတာ
အဲ့မှာစလွဲတာပ

အုထွေးကလဲ မတူဘူးလား တူတယ်မှတ်နာ အဆက်နဲ့အထုံးက

အနွေးထည် ပျောက်တာတောင် ကဗျာလေးနဲ့ ၊ မိုက်တယ်ဗျာ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62264.03
ETH 2431.11
USDT 1.00
SBD 2.50