ပြင်စရာရှိတာပြင်စေချင်သည်

in #myanmar6 years ago (edited)

လုပ်ချင်သောဆန္ဒတွေက များနေသော ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်မိပါတယ် ။ ဆန္ဒရှိရာနောက်ကို ဖြစ်အောင်လိုက်ချင်သည့် ဝါသနာကြောင့် ကျန်းမာရေးချို့တဲ့သည့်အထိ အအိပ်ပျက်ခံ အစားပျက်ခံလုပ်တတ်တဲ့ အကျင့်ကို ပြင်ရတော့မယ် ။

" သမီးလေးငယ်ပါသေးတယ် ။ ပုံမှန်လေ့လာပြီး ပုံမှန်ကြိုးစားသင်ယူရင်း ပုံမှန်အလုပ်ကိုသာလုပ်ကိုင်သွားရင် တနေ့အောင်မြင်တဲ့ပန်းတိုင်ဆိုတာ သမီးကိုစောင့်ကြိုနေမှာပါ " ဆိုတဲ့ မာမီစကား

" သိပ်ချမ်းသာချင်တာ လူတိုင်းလေ ။ ကျန်းမာရေးမကောင်းဘဲ ချမ်းသာနေတော့ မိမိကိုယ်တိုင်မပျော်ရသလို ကျန်တဲ့မိသားစုကလဲမပျော်နိုင်ဘူး ။ ပိုက်ဆံမလိုဘူး ညီမလေးကျန်းမာတာဘဲ လိုချင်တာပါ " ဆိုသော အမရဲ့စကား

" မမငယ်ငယ် ဘာလိုချင်လို့  ပိုက်ဆံတွေရှာနေတာလဲ ။ ပိုက်ဆံကမရသေးဘူး နေမကောင်းက ခနခနဖြစ်နေတယ် ။ လိုချင်တာသားကိုပြောလေ ဒက်ဒီကိုဝယ်ပေးဘို့  ကူပြောပေးမယ် " ဆိုသော မောင်လေးရဲ့စကား

ကျန်သော သံယောဇဉ်ရှိသူတို့ ၏ ကိုယ့်အပေါ်စေတနာထားကြသော စကားသံများကို ကြားပြီး နားထောင်တော့မယ်လို့  ဆုံးဖြတ်လိုက်ပါတယ် ။ အအိပ်မှန်အောင် အစားမှန်အောင် နေတော့မယ် ။ ပုံမှန်ကြိုးစားပြီး ကျန်းမာရေးနဲ့ညီအောင် နေတော့မယ်လို့ တွေးပြီး စိတ်ကူးတွေကိုပြင်လိုက်ပါပြီ ။

အမှန်တကယ်တွေးကြည့်တော့လဲ သူတို့ တွေစကားဟာ မမှားပါဘူး ။ ကိုယ်ညဖစ်ချင်တဲ့ဆန္ဒဟာလည်း မမှားခဲ့ပါဘူး ။ ကိုယ့်မှာရှိတဲ့ ဇွတ်မရမချင်းလုပ်ချင်နေတဲ့ အကျင့်ကလေးကသာ မှားနေခဲ့တာပါ ။ ဒီအကျင့်လေးကို ပြင်လိုက်တာနဲ့ ကိုယ့်အတွက်ရော မိသားစုနဲ့သံယောဇဉ်ရှိကြသူတွေအတွက်ပါ အားလုံးစိတ်ချမ်းသာကြမယ်ဆိုတော့ ပြင်မှဖြစ်မှာပေါ့နော် ။

ဒါကြောင့် B Pyae လို တဇွတ်ထိုးအကျင့်ရှိသူတိုင်း အကြောင်းကြောင်းတွေကို ငဲ့ပြီး ကိုယ်လဲသင့်တော် သူတို့ တွေလဲစိတ်ချမ်းသာမယ့် နည်းလမ်းဖြစ်မယ့် ကိုယ့်ရဲ့ဇွတ်လုပ်တတ်တဲ့အကျင့် ကို ပြင်လိုက်ကြဘို့  တိုက်တွန်းပါရစေ ။

image

photo credit # facebook

@pyaesonekhinkhin

MSC 021

Sort:  

ကျန်းမာခြင်းသည် လာဘ်တစ်ပါး..ဖြစ်လို့ ဂရုစိုက်သင့်ပါတယ်။ချမ်းသာဖို့က ကျန်းမာနေမှ ဖြစ်မှာ..

ဟုတ်ကဲ့ပါရှင့်

ချမ်းသာပြီး မကျန်းမာရင်​ အလကားပါဘဲ​လေ
ကျန်းမာ​ရေးဂရုစိုက်​ပါဗျ

ဟုကဲ့ ဟုကဲ့

Good knowledges post

5tin! cute sis
take care

ဇွတ်​လုပ်​တတ်​တဲ့အကျင့်​ကို ​မထားတာအ​ကောင်းဆုံးပဲအမ​ရေ့....​နောင်​တဆိုတာ ​နောက်​ကပါလာတတ်​တာ်

ဟု sis thank you

ချမ်းသာချင်ရင်ကျန်းမာအောင်နေမှရမယ်နော်မယ်ပြည့်ရေ။

အေးပါ မိဇာရယ်

ဟုတ်တယ် ညညဆို ပြည့်ကိုလိုင်းပေါ်မှာတွေ့နေရတယ်။( အမှန်တော့ကိုယ်လဲ ဇီးကွက်ဖြစ်နေတာ 😁)
Take care sis.

ခ်ခ် မနေ့ညက မြင်ဘူးမို့ လား

ဇွတ်လုပ်တတ်တာလေးလျော့ပါမမ :)

ဟုဟု အန်ကယ်

ကျန်းမာရေးကိုသာဂရုစိုက်ပါညီမလေးရာ
အကိုတို့လိုမမိုက်နဲ့😁😁
ညဘက်စောစောအိပ်👍👍👍

ဟားး မိုက်တော့ဘူး

ကောင်းဘာဘီ ပြင်ဘာ့မယ်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63750.99
ETH 3130.22
USDT 1.00
SBD 3.95