Mind … 2

in #myanmar7 years ago (edited)

တခါတလေ ကိုယ်ကသတိမထားမိဘဲ ကိုယ်စိတ်ညစ်ရလို့ မျက်နှာမကောင်းဖြစ်နေချိန်များနဲ့ အလိုမကျနေချိန်မျိုးတွေမှာ မာမီနဲ့အမဖြစ်သူက သတိထားမိပြီး စိတ်မကောင်းတာတွေဟာ သူတို့ ကို ကူးစက်စေသလိုဖြစ်သွားရတာမျိုးကြုံရပါတယ် ။

ကိုယ့်အတွက် စားဝတ်နေရေးနဲ့ကျောင်းထားပေးဘို့ ရှာဖွေနေတဲ့သူတို့ကို ကျေးဇူးမဆပ်ရသေးဘဲ စိတ်ညစ်အောင်လုပ်နေသလို ဖြစ်နေခဲ့ရတယ် ။
ကိုယ်စိတ်တခုကို ဦးစားပေးခံစားနေရတာဟာ မတန်သလိုဖြစ်နေခဲ့ရတယ် ။ ကိုယ်စိတ်ပျော်ရွှင်နေရင် သူတို့ တွေပါ ပျော်နေတာတွေ့ရပြန်တော့လည်း ကျေနပ်မိတယ် ။

ကိုယ်တစ်ယောက်ထဲအတွက် ကိုယ့်စိတ်ဟာ အဓိကကျသော်လည်း ကိုယ့်စိတ်ညစ်မှု အဆင်မပြေမှုတွေကြောင့် အိမ်ကမိသားစုအပြင် ခုတော့ မွေးထားတဲ့ခွေးကလေးတွေနဲ့စိုက်ပျိုးထားတဲ့အပင်လေးတွေပါ ထိခိုက်စေသလိုဖြစ်ခဲ့တယ် ။

သစ်ခွပင်တွေက ညှိုးကျတာ ၂ရက်အတွင်းမှာ သိသိသာသာဖြစ်ပေမယ့် ပြန်လန်းလာအောင် ကျမ၂ပတ်လောက် အချိန်ပေးဂရုစိုက်ရတော့မယ်လေ ။ ခွေးကလေးတွေကလည်း တငိုင်ငိုင်နဲ့ သူတို့  စားနေကျ ဝါးဟားဟားရေခဲမှုန့် သည်ကိုတောင် သိပ်အရေးမစိုက်သလိုလုပ်ပြနေတယ် ။ ပြီးခဲ့တဲ့၂ရက်က ကျမဝယ်မကျွေးဖြစ်ခဲ့ဘဲ အိပ်နေခဲ့တော့ သူတို့ ကိုမကျွေးတော့ဘူး ထင်သွားပုံရတယ် ။ ကျမအခန်းထဲကထွက်လာရင်လည်း အရင်လို ပြာယာခတ်နေအောင် လုယက်ပြီး မကြိုကြတော့ဘဲ ကြောက်နေသလိုပုံနဲ့ မျက်နှာလေးတွေကလုပ်ပြနေတော့ တကယ်စိတ်မကောင်းဖြစ်ရပါတယ် ။

ကျမစိတ်တခုထဲ မကြည်မလင်ဖြစ်တဲ့အတွက် မဆိုင်တဲ့သူတွေအားလုံးကိုပါ ထိခိုက်စေတာမျိုး ဖြစ်နေတာဟာ ကောင်းတဲ့လက္ခဏာတော့မဟုတ်ဖူးရှင့် ။ ဒါကြောင့် ကိုယ့်ကြောင့်သူတို့ ပျော်ရွှင်ရတာကိုဘဲ ကျမလိုလားတဲ့အတွက် စိတ်ကို ပြင်ဘို့လိုအပ်လာပါပြီ ။

ကျမစိတ်ကို လှအောင် ပထမဆုံးပြုပြင်မယ် ။ ပြောင်းလဲပစ်မယ် ။ ပြီးရင် ကျမစိတ်ကို အတတ်နိုင်ဆုံး ပျော်ရွှင်စေဘို့  နည်းလမ်းတွေကိုရှာပြီး ကျင့်ကြံရတော့မယ် ။ ယုတ်ဆွအဆုံး ကျမစိတ်တွေတကယ်ညစ်နေခဲ့ရင်တောင် သူတို့ ရှေ့မှာ ဟန်ဆောင်နေပြနိုင်အောင် လုပ်မှရတော့မယ်လေ ။

စိတ်ကဆောင်တဲ့နောက်ကို သတိလက်လွပ် လိုက်နေလို့ မရတော့ပါဘူး ။ သတိကလေးထားပြီး နေတတ်အောင် ပြုပြင်ရပါမယ် ။ စိတ်မပါလို့ မလုပ်တာမျိုး မပြောတာမျိုး မစားတာမျိုးတွေကို ရှောင်ကြဉ်ရတော့မယ်လေ ။

steemit က သူငယ်ချင်းများလဲ စိတ်ကို ပျော်ရွှင်စွာထားနိုင်အောင် စိတ်ကိုလှအောင်ပြုပြင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ။ မင်္ဂလာပါရှင် ။

FB_IMG_1508099222808.jpg

photo credit # facebook

@pyaesonekhinkhin

MSC 021

Sort:  

????? I don't understand, but this picture so cute 😀🌹

i wrote myanmar language anyway thank for support

You got a 0.95% upvote from @postpromoter courtesy of @pyaesonekhinkhin!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Be Care my sis .

ဟုတ်ကဲ့

ပေးတဲ့ဆုနဲ့ပြည့်ပါစေအမရေ

ဟုတ်ကဲ့ပါ
ပြည့်အောင်လဲ ကိုယ်ကကြိုးစားရတာပေါ့ရှင်
စိတ်ကို သတိထားတော့ အမှားကင်းတာပေါ့

မကြည့်ဖြစ်ဖူးဟေ့ ခုမှလိုက်ဖတ်ရတယ်။

စိတ်​ညစ်​​နေတာ သိသာတယ်

သမီးအူးလေး လှလား :D

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63811.18
ETH 2610.29
USDT 1.00
SBD 2.83