ပတ်ဝန်းကျင် ( ၂ )

in #myanmar7 years ago

မိမိနေထိုင်သောပတ်ဝန်းကျင်နဲ့ အညီ ပြောင်းလဲနေထိုင်သင့်လျှင်နေပြီး မနေထိုင်သင့်လျှင် သင့်တင့်တဲ့မိမိနဲ့ကိုက်ညီသင့်လျော်မယ့်ပတ်ဝန်းကျင်ကိုသာ နေထိုင်သင့်ကြောင်း သူငယ်ချင်းလည်း သိကြမှာပါ မနေ့ က steemit မှာ ရေးတင်ခဲ့သော ပတ်ဝန်းကျင်ရဲ့ အဆက်လေးကို ထပ်ရေးချင်ပါတယ် ကျေးဇူးပြု၍ ဖတ်ပေးကြပါအုံးနော်

မန်းလေးမြို့ရဲ့ မြို့သစ်အရှေ့ပိုင်းမှာတည်ရှိတဲ့ သင်ပန်းကုန်းရပ်ကွက်ရဲ့ မူးယစ်ဆေးရောင်းဝယ်ခြင်းနှင့် ခိုးဆိုးလုယက် ဒုစရိုက်သမားများ ကျင်လည်ရာအိမ်နေရာတချို့မှာ ဓားအမျိုးမျိုးလွယ်ကာ လူမိုက်လူဆိုးထိန်းများဖြင့် စောင့်ကြပ်ထားရှိပြီး ထိုနေရာများသို့  လူစိမ်းဝင်ထွက်သွားရန် ခက်ခဲလှပါတယ်

ရပ်ကွက်အတွင်း ဝင်ထွက်နေကျ ကားများ ဆိုင်ကယ်များကို မြင်ရုံနဲ့ ဝင်ထွက်နေကျကို မှတ်သားထား၍ တစိမ်းကားများ ဆိုင်ကယ်များ လမ်းမှား၍ဖြစ်စေ တမင်ဝင်လာသည်ဖြစ်စေ လမ်းထိပ်မှ အိမ်များတွင်နေထိုင်ကြသောလူများ ဈေးရောင်းချသော ဈေးသည်များက ဖုန်းဆက်၍လည်းကောင်း ကိုယ်တိုင်သွား၍လည်းကောင်း လူမိုက်ကြီးများထံ အကြောင်းကြားပေးကြပါတယ်

image
photo credit # မူးယစ်ဆေးဝါးတိုက်ဖျက်ရေး

ဝင်လာသည့်ကား ဆိုင်ကယ်များမှလူများကို ခပ်စိမ်းစိမ်းကြည့်ကာ စောင့်ကြည့်ကြပါတယ် အမှန်တကယ်လမ်းမှားဝင်လာခဲ့သူများကို လမ်းညွှန်ပေးပြီး ဆက်လက်ပြီး သူတို့ အလုပ်ကို လုပ်ကြတာပေါ့ ထူးခြားတာတစ်ခုက ရဲများ မူးယစ်အဖွဲ့များဝင်လာပါက ချက်ချင်းအကဲခတ်နိုင်ခြင်းပါဘဲ မြင်လိုက်တာနက် မယလာပြီဟေ့ ဟုအသံပေးအချက်ပြကြပြီး အိမ်တံခါးနောက်ပေါက်များဆီသို့ ပြေးလွှားထွက်ပြေးတတ်ကြပါတယ် အိမ်ထဲမှာတော့ မပြေးနိုင်ကြသူများ မူးယစ်ဆေးသုံးစွဲပြီး ဇိမ်ခံမှိန်းနေသူများ နှင့် တညလုံးလှည့်လည်ခိုးလုနေကြ၍ အိပ်ရေးပျက်ကာ ရဲရှောင်ရင်းအိပ်နေကြသူ တချို့ကိုသာ ဖမ်းဆီးနိုင်ခဲ့ခြင်းမျိုးပါ
ထိုသို့ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးတာမျိုးကလည်း နေပြည်တော်မှအထူးမူးယစ်ဖမ်းဆီးရေးဆင်းလာပြီး ဖမ်းခြင်းမျိုးပါ ၆လမှတစ်ခါလောက်သာ ရှောင်တခင်ဖမ်းဆီးကြတာဆိုတော့လည်း ဒုစရိုက်သမားများအတွက်က ကြောက်ရွံ့မှုနည်းပါးစွာ ဆက်လက်လှုပ်ရှား နေကြတာပါ

ရောင်းချသူက ဆက်လက်ရောင်းချနေကြသလို ခိုးယူသူများလည်း ဆက်လက်ခိုးယူကာ သူခိုးဈေးဖြင့်ဝယ်ယူသူများလည်း ဆက်လက် ဝယ်ယူနေကြဆဲပါဘဲ ဓားလွယ်ထားသောလူမိုက်ကြီးများကလည်း ဆက်လက်အာဏာပြဆဲပေါ့
ပိုက်ဆံ၂ထောင်လောက်နဲ့ No.4 ခေါ်ဘိန်းဖြူ ကို ဝယ်သုံးကြပြီး အိမ်ထဲမှာကြာကြာနေလို့ မရပါဘူး အော်ဟစ်မောင်းထုတ် ဆဲဆိုရိုက်နှက်တတ်ကြပါတယ် ပိုက်ဆံမပါ၍ သူတို့ ဆီလာရောက်ရန်မပြောနှင့် အိမ်ရိပ်တောင်မနင်းရဲအောင် မူးယစ်ဆေး၏ သားကောင်းလေးများကလည်း လူမိုက်ကြီးများကို ကြောက်ရွံ့ တတ်ကြပါတယ် ပါလာတဲ့ပိုက်ဆံလေးကို မြင်အောင် အကို ဒီမှာပိုက်ဆံပါတယ်နော်ဟု ရိုသေပြနေရတဲ့ မူးယစ်ဆေးစွဲနေသူများအား သနားမိပါတယ် ထိုသို့ အနိုင်ယူပြီး ရဲလာလျှင်တော့ ဓားလွယ်လူမိုက်ကြီးများကလည်း လွတ်အောင်ပြေးကြရတာပါဘဲ

ရောင်းချနေသော အိမ်များအတွင်းရှိအမှိုက်ပုံများတွင်လည်း မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုခဲ့ကြသော မလိုအပ်တော့သည် ပိုက်များ ခဲပတ်များ ဆေးထိုးအပ်တခါသုံးများက အပြည့်ပါ သင်ပန်းကုန်း ရပ်ကွက်နှင့်နီးစပ်ရာအမှိုက်ပုံများ နေရာကွက်လပ်များ လယ်ကွင်းပြင်များ တွင်လည်း စွန့် ပစ်ထားကြသည်မှာ မြင်ရက်စရာမရှိအောင် စိတ်ပျက်စရာကောင်းလှပါတယ်

image
photo credit # မူးယစ်ဆေးဝါးတိုက်ဖျက်ရေး

ထိုသို့ သောနေရာများ၏ ပတ်ဝန်းကျင်မှာ သူငယ်ချင်းတို့ အနေဖြင့် နေထိုင်နိုင်ကြပါမလား ကျမအနေဖြင့် ထိုပတ်ဝန်းကျင်နှင့် ဝေးသောနေရာမှာသာ နေထိုင်လိုပါတယ် Steemit friends များ မင်္ဂလာပါရှင် နောက်ထပ်ရေးရန်ကျန်သေးသည့်အပိုင်းများကိုလည်း ရေးပြအုံးမှာဖြစ်သောကြောင့် ဆက်လက်အားပေးကြပါအုံးနော်

@pyaesonekhinkhin
MSC 021

Sort:  

မနေချင်ပါဘူးဗျာ

thank for your sharing knowledge

လူညွှန့် တုံးစေသောအရာများဖြစ်သည်

ရဲ တိုင်ဘူးလား

လာဖမ်းလိုက် ပြေးလိုက်
ပြန်လာရောင်းလိုက်ပေါ့

ဟုတ်တယ်နော်

ဟုတ်တယ်မမ

အော်​ ပတ်​ဝန်းကျင်

ဘာဖြစ်လား ဟင်

မျှော်ပီဗျာ

မျှော်နိုင်သမျှတော့ မျှော်အုံးနော် သီချင်းဆိုတာ

သြော် ပတ်ဝန်းကျင်

ဟုတ်တယ် ကြည့်နေမှတော်ကာကြမှာ

@mrainp420 has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

        To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
        To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
        To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63252.26
ETH 2662.75
USDT 1.00
SBD 2.79