နားထောင်မိသော သီချင်းတပုဒ်

in #myanmar6 years ago (edited)

အချစ်သည် ……

ပို၍ ဝေးသွားခါမှ ပိုသိသည် …

ဝေး …
ဝေးပြီ ဝေးပြီ ……

အနေဝေးတာ တွေ့နိုင်သေးသည် ……

ဝေး ……
ဝေးပြီ ဝေးပြီ ……

အမြင်ဝေးတာ ဘယ်ခါမနီးပီ ………

တခါမှ B Pyae မကြားဖူးမိသော ဒီသီချင်းကို မာမီထံမှကြားခဲ့ရလေသည် ။

ကြားကြားခြင်းမှာ နားစွင့်ထောင်မိတော့ ခုနစာသားတွေကကျော်သွားပါတယ် ။ သူဆက်ဆိုရင် သီချင်းကလဲမဆုံးသေးတဲ့အတွက် ထပ်ကြားမှာပါဟု တွေးရင်း B Pyae ဖုန်း recording ကိုနှိပ်စောင့်နေတုန်းမှာဘဲ ခုနစာသားပါတဲ့အပိုဒ်ကို ကြားရပါပြီ ။

မာမီထပ်ဆိုတဲ့အသံကို recording ဖမ်းပြီး သူ့ ကိုစူးစူးစိုက်စိုက်ကြည့်မိတော့လည်း သူကပုံမှန်အနေအထား ။ ကိုယ်ကသာ ဘာကိုတွေးမိတယ်မသိ သတိရသလိုလို လွမ်းလွမ်းဆွေးဆွေးဖြစ်သလိုလိုနဲ့ ခတ္တတွေဝေသွားမိတာပါ ။

သူဆိုနေတာကို လာချောင်းကြည့်တာမို့  B Pyae အသာလေးဘဲ လှည့်ထွက်လာခဲ့ပြီး ရင်ထဲမှာ မာမီနဲ့ကိုယ့်မိသားစုအကြောင်းတွေးပြီး စိတ်မကောင်းဖြစ်ခဲ့ရပါတယ် ။

B Pyae အိမ်ပြန်ရောက်တော့ အခန်းထဲမှာ ထပ်နားထောင်မိတယ် ။ နားထောင်တာမှ အကြိမ်ကြိမ်ပေါ့ ။ အရမ်းကို အဓိပ္ပါယ်ရှိတဲ့သီးချင်းကို မာမီဆိုသွားခဲ့တာဘဲလို့ တွေးမိပြီး မျက်ရည်ဝဲမိပါတယ် ။

စာသားက ရိုးရှင်းသလောက်
အဓိပ္ပါယ်အပြည့်ရှိလှတဲ့ သီချင်းတပုဒ်ပါဘဲ ။ ခိုးနားထောင်ရတာဆိုတော့ အဆိုတော်ဘယ်သူနဲ့ သီချင်းအမည်ကဘာဆိုတာ မသိခဲ့ရပါဘူး ။ ခံစားချက်မတူ တိုက်ဆိုင်မှုမရှိရင်တော့ နားထောင်ရတာ ပျင်းစရာကြီးဖြစ်နေမှာ အမှန်ပါဘဲ ။

B Pyae စုံစမ်းရအုံးမယ် ။ အဲ့ဒီသီချင်းကို ဘာရယ်ကြောင့်တော့မသိ နားထဲမှာစွဲနေမိပြီး မာမီဆိုနေတာလေးကိုလည်း မျက်လုံးထဲမှာ မြင်ယောင်နေမိတာ ။
B Pyae ကိုယ်တိုင်လဲကြိုက်လို့ ပါ ။

327936-1kIabm1423745701.png

photo crd #google search

MSC အကိုအမများ မင်္ဂလာပါရှင် ။ စိတ်ချမ်းမြေ့ပျော်ရွှင်ကြပြီး လိုရာဆန္ဒတွေပြည့်ဝကြပါစေလို့  ဆုတောင်းပေးလိုက်ပါတယ် ။

@pyaesonekhinkhin

MSC 021

Sort:  

အဝေး အဝေး အဝေးဆုံး ထူးအိမ်သင်လားပ ကိုယ်တွေလဲ သီချင်းနဲ့ အဝေး အဝေးးး ဖြစ်နေတာကြာပေါ့ မမှတ်မိတော့ဘူး ကြားဖူးနေသလိုဘဲ ။သူကဝေးတွေ အများကြီး ဆိုထားတော့ သူလားလို့ပါ ခ်ခ် ။

ဟားးး ဘူဆိုတာနာမသိလို့ ပါဆိုအေ

သီချင်းကောင်းလေးပါ ခင်ဗျ
@aggamun

ဘယ်သူဆိုတာသိပါလားအကို

သိဘူးအေ ဂီတနဲ့မွေးကတည်းက ဝေးနေထာ

ငိ ! တကယ်လား ?

ချိုမိုင်မိုင်တော့ရပါတယ်

ညီမကို ခ‌လေးဘဲထင်‌ထားတာ။အခု‌တော့ ခံစားတတ်‌‌နေပြီ‌ပေါ့။

ခလေးပါဘဲ အကိုမဟော်ရ
ဒါမယ့် ဖီးလဲဖီးတတ်နေတာ ဟားး

သူများမှ မိန်းမနှင့် ခွဲနေရပါတယ် ဆိုမှဟင့်😧😢😖

ဟီးး sorry မရည်ရွယ်ပါဘူး

မင်းနဲ့ငါ
ခရီး​တွေ ဘယ်​​လောက်​​ဝေးကွာ​နေလည်း
ငါနှစ်​လုံးသား​လေးတချက်တချက်​​ ခုန်​လိုက်​တိုင်း
မင့်​နာမည်​​လေးပဲ မြည်​မြည်​​နေတယ်​......
ဟဟ.......ဟဟ.....ဟဟ .....ဟဟ

ယို့  ယို့ 

ဝေးပြီတဲ့လား ကွယ်

တကယ်ကို ဝေး …
ဆွေး ဆွေးပြီကွယ် …

လောကကြီးမှာအချစ်သည်လူကိုစိတ်ချမ်းမြေ့စေတာလဲဖြစ်စေနိုင်ပါသည်

လူအမျိုးမျိုး ခံစားမှုအမျိုးမျိုးနဲ့ ချစ်ခြင်းအမျိုးမျိုးပေါ့အန်တီရယ်

ဟာ သူများတွေဖီလ်းကုန်ဘီ 😁

ဟီးး မဖီးရဲပါ ဖီးချင်တာအောင့်ထားရပါတယ်ဆို

ဖီးလ်​တက်​တယ်​​တော့

ခလိန်းမာလဲ အတဲနဲ့လေ :P

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63968.82
ETH 2633.99
USDT 1.00
SBD 2.84