Me&My friends …… 1

in #myanmar6 years ago

ကျောင်းပိတ်ရက်ဖြစ်သောကြောင့် B Pyae တို့ သူငယ်ချင်းတစု ဆုံကြရန် တဦးနှင့်တဦး ဖုန်းဆက်ကြပါတယ် ။ B Pyae အိမ်မှာဆုံကြတာများသောကြောင့် မာမီမရှိ၍ ပျင်းနေသော B Pyae က သူငယ်ချင်းများကို နှိုးဆော်ပါတော့တယ် ။

သူငယ်ချင်း၎ဦးထံ ဖုန်းဆက်ပြီး ခနအကြာမှာ တဦးရောက်လာပါတယ် ။ ကျန်သူုငယ်ချင်းများကိုစောင့်ရင်း B Pyae တို့ စကားပြောဖြစ်ကြပါတယ် ။

ဟိးုတပတ်က B Pyae တို့ သူငယ်ချင်းတစု ပြင်ဦးလွင်သွားတဲ့အကြောင်းကို ဖုန်းထဲက ရိုက်ခဲ့တဲ့ပုံတွေပြန်ကြည့်ရင်းနဲ့ သူ့အကြောင်းကို သူငယ်ချင်းက ပြောပြတိုင်ပါတယ် ။

သူပြောပြတာက သူ့ ချစ်သူနဲ့သူ အဆင်မပြေတာလေးတွေပေါ့ ။ သူ့ချစ်သူက
** အစစအရာရာသူ့ ကိုအလိုလိုက်ကြောင်း

** ဘာမဆို သီးခံအလျှော့ပေးကြောင်း

** အလွန်ချစ်တတ်ကြောင်းအစုံအလင်ပေါ့ ။

B Pyae နားထောင်နေရင်း သူ့ ကိုမေးလိုက်ပါတယ် ။ " ဒါဆိုဘာအဆင်မပြေတာလဲ ? ဒီလောက်ချစ်တတ်ပြီး အလိုလိုက်နေတာကို နင်ကိုကလွန်တာပေါ့အေ " ဆိုတော့ သူငယ်ချင်းက သူ့ချစ်သူအူတိုတတ်လို့ ဆိုပြီး ဖြေပါတယ် ။

" အမယ်လေး ဒါလေးများအေ ။ ချစ်လို့ အူတိုတာ တိုပါစေ ဘာဖြစ်လဲပေါ့ " B Pyae ပြန်ဖြေအပြီးမှာ သူငယ်ချင်းက ကြောင်တောင်တောင်ကြည့်နေပြီး " ငါတို့အကြောင်း နင်မသိဘဲဟာ ရမ်းပြောနေတယ် " လို့ ထပ်ပြောပါတယ် ။

B Pyae လည်း " ဟ! မသိလို့ ပေါ့ နင်ပြောတာနားထောင်းပြီး နင်တို့ အတွဲကို ဆုံးဖြတ်ကြည့်တာလေ " လို့ ပြန်ပြောလိုက်တာပေါ့ ။

သူငယ်ချင်းက " ငါမပြောချင်လို့  " တဲ့ ။
B Pyae နဲ့ အဲဒီမှာစတွေ့တော့ပါဘဲ ။ မပြောချင်တဲ့အရာဆို ပိုသိချင်တာလေ ။ မရဘူးပြောရမယ် ဇွတ်မေးတော့တာပေါ့ ။ သူကလဲ မပြောဘူးငြင်းပြီး အိုက်တင်ခံနေသေးတာ ။

received_285973225306741.jpeg

ဒီလိုနဲ့သူပြောပြမယ်ပြင်နေတုန်းမှာ တခြားသူငယ်ချင်းတွေရောက်လာတော့ စကားပြတ်သွားခဲ့တာပေါ့ ။ ညမှဖုန်းဆက်ပြီး မရမကကို မေးရအုန်းမယ်ဟု B Pyae တွေးထားလိုက်ပြီး ရောက်လာတဲ့ သူငယ်ချင်းတွေနဲ့အတူ အိမ်မှာစားကြသောက်ကြ ပျော်ကြဘို့ အစီအစဉ် စလိုက်ပါတယ် ။

ဆက်ရန်ကို မနက်ဖြန်မှ ထပ်ရေးမယ်နော် ……

MSC မှ အကိုအမများအားလုံး မင်္ဂလာပါရှင် ။

@pyaesonekhinkhin

MSC 021

Sort:  

တန်းလန်းရီး😌😌

လာမယ်မမရေ မကြာမှီမျှော် ခ်ခ်

ဒီမှာလာ အတင်းအုပ်တော့မယ်ပေါ့😁😁😁😁

ဟုတ်တယ် အတင်းတွေရေးပြမှာ ဟားး

ခုတော့ အတင်း အစား သတင်း ဖြစ်ပေါ့
😂

သစ်ရွက်လှုပ်တိုင်းရင်ခုန်သောအရွယ်

ဟုတ် အန်တီ

သူငယ်​ချင်း​တွေနဲ့စား​သောက်​လိုက်​၊စကား​ပြောလိုက်​​ပျော်​စရာပါ....ဆက်​ဖတ်​မယ်​​နော့...

ကျေးဇူးပါမမရေ

ဟဲဟဲ b pyae ခမျာ သိပ်မသိချင်ရှာဖူးနော် ထပ်တူပါပဲ သိချင်ပါတယ်လို့ 

ညကျဖုန်းဆက်မေးထားတာ စာစီအုန်းမယ်ဘုန်းရေ

သဝန်တိုတက်လွန်းရင်လည်း တဖက်သားသိက္ခာကို ထိပါးရာရောက်တယ်

မမစုရေ သူတို့  အတူတူ ဘူဘူချင်းတစ်လုပ်နေတာ ခ်ခ်

ညီမက ဘယ်‌လိုအ‌ကြောင်းအရာ ဖြစ်‌ ဖြစ်‌‌ရေးတတ်‌ပါတယ်‌ဆိုတာ မှန်‌ဘူးလား။

အကိုတယောက်ထဲ ညီမလေးကို ရေးတတ်တယ်အားပေးတယ် thank you so much ပါ

လက်ကုန်ဘဲ

#အပေါ်ကမန့်အဆက် :P

ကျန်သေးတယ် မကုန်သေးပါ

ကွီးယားကားကြည့်​ရသလို့ပဲ့😒

သီးခံဖတ်အေ :(

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63033.54
ETH 2434.49
USDT 1.00
SBD 2.54