Me&My friend ……… ၃
B Pyae ရဲ့ ဟိုနေ့က သူငယ်ချင်းတယောက်ရဲ့မှည့်အကြောင်း နဲ့ သူတို့ RS အကြောင်း အဆုံးသတ်လေးတင်ချင်ပါတယ် ။
B Pyae ပြောနေတုန်း မသာမလေးဆဲပြီး ဖုန်းချသွားတော့ ဆက်မပြောလိုက်ရဘူးလေ ။ ဒီထက်ဆိုးတာက သူက သူ့RSကို ပြန်ပြောပြလိုက်တာပါဘဲ ။
B Pyae ကို သူ့ RS က နောက်နေ့ကျောင်းမာတွေ့တော့ မျက်စောင်းထိုးကြည့်ပြီး မခေါ်တဲ့ထိပေါ့ ။ အမှန်တကယ်တွေးကြည့်ရင် သူကကျေးဇူးတင်ရမှာကိုလေနော့ ။
သူ့ အစား သူများကအစားဝင်သေပေးနည်းကို B Pyae က အကြံလဲပေးရသေးတယ် ။ မထူးအတူတူ မျက်စောင်းထိုးတာ မကျေနပ်လို့  ထပ်ပြောလိုက်တော့မယ်ဆိုပြီး သူငယ်ချင်းကို B Pyae ထပ်ပြောပစ်လိုက်တာပေါ့ ။
" မနေ့ က နင်ဖုန်းချသွားလို့  ငါမပြောလိုက်ရတဲ့စကားကို ထပ်ပြောအုံးမယ်ဟာ " အစချီပြီး " နင့်ရီးစားကလေ နင်မသိစေချင်တာကို လျှောက်ပြောတယ်လေ အဲ့တော့ သူ့ ကို နင့်တခုခုဖြစ်ချင်တာ သိစေချင်တာရှိပြီး ကိုယ်တိုင်ပြောရခက်နေရင် သူ့ ကိုသာ ပြောပြလိုက် ။ သူက ထုံးစံအတိုင်း လျှောက်ပြောတော့ သိရောလေ " အဲတော့ ကောင်းဘူးလားအေလို့  ပြောလိုက်တာပေါ့ ။
" ပီးတော့ နင့်ရီးစားက သူ့ အတွက် ငါပြောပေးတာကို နားမလည်ဘဲ မျက်စောင်းထိုးကြည့်လို့  ငါသူ့ ကို nickname တခုထပ်ပေးလိုက်တယ်ပြောလိုက်ပါအေ ။ သူ့ နာမည် ကိုမောင်းလို့  " ခ်ခ် ။
သူငယ်ချင်းက ဘာလို့ ကိုမောင်းလို့ ခေါ်လ်ဲမေးပြန်တော့ " ရှေးတုန်းက အရပ်တကာကို သိစေချင်တာရှိရင် လူကြီးတွေကမောင်းထုကြေငြာပေးရတာ နင်သိတယ်ဟုတ် ။ မောင်းထုသံကြားရင်လည်း အရပ်ထဲကလူတွေက တခုခုကိစ္စရှိတာသိကြပြီး မောင်းသံကြားရာဆီလားပြီး နားထောင်ကြတယ်လေ ။ အဲ့မောင်းလိုဘဲ နိရီးစားက ဒါကြောင့် ကိုမောင်းလို့ ခေါ်တာလေ " လို့  B Pyae ပြန်ဖြေပြလိုက်တာပေါ့ ။
သူလဲ သဘောတွေကျပြီး ပြောမယ် သေချာကို အဲ့ဒီ nickname ခေါ်ရမယ် B Pyae ရေကျေးဇူးဘဲလို့ ပြောပြီး ကျောင်းအပြန် လမ်းခွဲလိုက်ကြပါတော့တယ် ။ ပြီးပြီနော် ။
MSC အကိုအမများ မင်္ဂလာပါရှင် ။
MSC 021
သွက်လပ်ပြီး ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတွေ
thank you မမစု
ကြည်နူးစရာသူငယ်ချင်းများ
အန်တီ msc လျှောက်ထားလား
သမီး fb acc ခင်ခင် ပြည့်စုံကိုလာပါအူးအန်တီရေ
သမီးကိုရှာလို့မရပါfbမှာအန်တီ့ကိုလာအပ်ပါအုးံသမီးအန်တီaccကmoewai queenhtawပါ
ဘာမှမလုပ်တတ်သေးပါသမီးအန်တီ့accကMoewai Queenhtawပါနော်
ဟုတ်တယ် b pyae ရေ @moewaikamawet ကို MSC အဖွဲ့ကပဲ ထင်နေတာ အဖွဲ့ဝင်မပါသေးဘူးထင်တယ် ကူညီပေးလိုက်ပါဦး MSC ရဲ့ Pro post တိုင်းလိုလို သူအမြဲ v,m ပေးနေကြဆိုတော့ သတိထားမိတာပါ
ဟုတ် ဘုန်း အန်တီကို msc မပုတင်ရန် လိုအပ်တာတွေပြောပြပေးအူး သမီးကျန်တာကူညီပါ့မယ်ဘုန်း
အရင်ကတည်းကပြောနေတာ သမီးရေ ခက်တာက သူ့အကောင့်ကမသိ စကားပြတ်ပြတ်သွားတာနဲ့ မပြောဖြစ်နေတာ ကူညီလိုက်ပါဦး
ဟု ဖီ
အန်တီရဲ့ link ပေးလိုက်မယ်လေ အန်တီက facebook ကျသိပ်မသုံးဖူးထင်တယ် မတွေ့ဖြစ်
ကိုဒိုမီလှုပ်ရှားပေးလိုက်အူး
ကိုမောင်း က ခဏခဏ မြည်နေလို့ နားအူနေဦးမယ် B Pyae ရေ
မျက်စိက အားနည်းပါတယ် ဆိုမှ....
အထုခံရမှာပေါ့လေ ဘယ်တတ်နိုင်မလဲ
နားဘဲအူအူ
မျက်စိဘဲကန်းကန်း ခံနိုင်ရည်ရှိအောင်ကြိုးစားထားပါတယ်
မ ပြည့်ရေးတဲ့ ပိုစ်ဖတ်မှ ဓပ် ပုံကြည့်ပြီးငယ်
ဘဝသတိယလိုက်တာ ပျော်စရာအချိန်တွေ
အတိတ်ကိုပြန်လည်သတိရခြင်းပေါ့
ရည်းစားအကြောင်းပဲပြောနေ ယွကျားမြန်မြန်ရလိမ့်မယ်
ဟီးး သမီးရီးစားအကြောင်းဟုဖူးလေ
သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါး...
ဟုတ်တယ်မမ စကြ နောက်ကြပေါ့
ကျုပ်တို့ရဲ့ စတီးမောင်းလေး BP ပ
ဟီးး မောင်းမထုနိုင်တာကြာပါပီအူးထွေးရာ
ပျော်စရာပါဗျာ
ဟုတ်
တို့ညီမတို့များ သူများကို ပြောရမယ်ဆိုရင် ဉာဏ်ပြေးပါ့။
ဟီးး ကိုယ့်ကျ လှိမ့်ခံနေရတာပါအကိုရာ
နောက်ဆုံး တော့ နာမည်ရသွားတာလေးတစ်ခု အဖြေထွက်လာတာပေါ့..ကိုမောင်းတဲ့ ။သူငယ်ချင်းတွေ အကြောင်း ပေါ့ပေါ့ပါးပါးလေးရေးပြထားတာ ကြိုက်ပါတယ်ခင်ဗျာ။
ကျေးဇူးပါအကို