လွမ်းတယ် …… မာမီ

in #myanmar6 years ago

MSC မှအကိုအမများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့  ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်ရှင် ……

လူတယောက် သို့ မဟုတ် မိမိအသုံးပြုနေကျ ပစ္စည်းတစုံတရာ နှင့် တွေ့နေမြင်နေသုံးနေကျ အရာတခုခုဟာ ကိုယ့်အတွက် အဖိုးတန်းတယ်ဆိုတာကို မရှိတဲ့အခါမှာ ပိုပြီးသိသာတယ်လို့  ဆိုကြပါတယ် ။

ဒီစကားဟာ အရမ်းမှန်တာဘဲ ။ B Pyae တယောက်သိသိသာသာကြီးကို ဒုတိယအကြိမ်မြောက် လက်တွေ့သိလိုက်ရပါတယ် ။ အကြောင်းမူကား B Pyae မာမီမော်လမြိုင်ပြန်ပြီး အမျိုးတွေဆီအလည်သွားမှာ အခုဆို ၅ရက်ပြည့်ခဲ့ပါပြီ ။

ဒီလ august ဟာ B Pyae အတွက် အနှောင့်ယှက်ဖြစ်စရာ လ များလားလို့ ထင်မိပါတယ် ။ မနှစ်က ဒီ august မှာ B Pyae အချစ်ဆုံးခွေးမလေး " Yu " အဆိပ်မိပြီး သေဆုံးခဲ့ရပါတယ် ။ ဒါက ပထမအကြိမ် ခံစားရခဲ့ရခြင်းပေါ့ ။

အခုလဲ ဒီ august မှာ လာပြန်ပြီ ။ B Pyae အတွက် မရှိမှပိုသတိရလာတဲ့ အကြောင်းအရာတွေကို ဖန်တီးပေးပြန်ပြီ ။ မာမီရယ် ခနလေးအလည်သွားတာကိုဘဲ လွမ်းလှပါတယ် ။

မနက်မိုးလင်းရင် " ဘာစားမလဲ ? အိပ်ယာထ မျက်နှာသစ်မုန့် စားပြီးမှ ပြန်အိပ် " ဆိုတဲ့ အသံလေးမကြားရတာ အချိန်၅ရက်လေးကို အကြာကြီးလို့ ထင်မိတယ် ။

ဒီမနက် အစောကြီးထပြီးဖုန်းဆက်ကြည့်တော့ မြဝတီဘက်ဘုရားဖူးသွားတယ်ဆိုလို့  ပြန်လာပါတော့လို့  မပြောရက်တော့ဘူး ။ မာမီတယောက် အမျိုးတွေဆီလည်တုန်းမှာ ပျော်ပါစေလေ ။

တအိမ်လုံးမှာ အခုဆို မမကလဲ အလုပ်သွားတော့ တယောက်ထဲ ဟိုတွေးဒီတွေးရင်း B Pyae လွမ်းနေပါတယ်မာမီ ။ မိုးကလဲ ဖွဲဖွဲကျ အဆင်မပြေမှုတွေများစွာနဲ့ B Pyae တယောက်ထဲနေရတာပျင်းလှပြီမို့  အမြန်ပြန်လာပါတော့လား မာမီရယ် ။

မှတ်ချက် ** မာမီပြန်လာရင် အဆူခံရမှာသိလို့  ကြိုတင်ပြီး အကာအကွယ်ယူထားသည့်အနေဖြင့် ဒီစာလေးမြင်ပြီး မဆူအောင် ရေးတတ်ရတတ်ရတာပေါ့ ။ လွယ်တော့ မလွယ်ဘူးပေါ့ ခ်ခ် ။

" ငဖားကြီး ငပြည့် "

MYXJ_20180823131048_save.jpg

@pyaesonekhinkhin

MSC 021

Sort:  

တကယ်​က ​သောင်းကျန်းချင်းတိုင်း​သောင်းကျန်း​နေတာပါ
တကယ်​လွမ်း​နေတာမဟုတ်​ပါဘူး အန်​တီ

အောက်က မှတ်ချက်လေးကြောင့် အဆူခံရဦးတော့မှာဘဲ ဟဲဟဲ ။

TT လလ😋😋😋အာဘွား

မာမီကကြိုသိပီးသားဒေ ယွကျားယူရင် မာမီးကိုတတိတောင်ရမယါမထင် မထင်

အပျိုကြီးလုပ်မှာပါဆို

လွမ်းတာလည်းဥာဏ်​​ကောင်းလိုက်​တာ...👍

ကျေးဇူးပါမမ

သမီးလိမ်မာလေး နပြည့်ပေါ့လေ

လိမ်မာဘူးမမစုရ
ပြန်လာရင်ဆူမာသိလို့ လေ ကာထားတာ ခ်ခ်

ပြည့်‌ မာမီက အသား‌ဖွေးတယ်‌‌နော်‌။ညီမကြ ဘာလို့ မ ဖြူ။ အ‌ဖေနဲ့ တူတာထင်‌တယ်‌။

ဟီး ဟုတယ် ညီမလေးက မဲတယ်နော်

နက်​တာပါခွယ်​ မမဲပါဘူး

ဟိဟိ😂😂😂😂

လွမ်းရင် ကော်ဖီခါးခါးလေးတစ်ခွက်သောက်လိုက်ပါ 😁😁

ကော်ဖီဆို ဘလက်မှကြိုက်တာ

နီးလွမ်း​တော့ ရန်​​တွေဖြစ်​ ......​ဝေးလွမ်း​တော့ လွမ်းကျန်​ရစ်​ ....
ဟုပ်​တယ်​ ဟုပ်

ဟုတ်တယ် ရန်တော့ဖြစ်ရဲဘူး ဦးယုရ

လူတစ်ယောက်ရဲ့တန်ဖိုးကို အဲဒီလူမရှိတဲ့အချိန်မှသိကြတာများပါတယ်

ဟုတ်တယ်အကို

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62701.63
ETH 2445.02
USDT 1.00
SBD 2.67