ခွဲခွာခြင်း

in #myanmar6 years ago

ခွဲခွာရခြင်းဆိုတဲ့ အကြောင်းတရားအတော်များများကို ပြီးခဲ့သော ၅လအတွင်းမှာ ကျမရင်ဆိုင်ခဲ့ရသည်မှာ အကြိမ်ပေါင်းများစွာပါ ။

ကျမမွေးထားတဲ့ " ယု " ဆိုသောခွေးမလေး အဆိပ်မိပြီး သေဆုံးခဲ့ရာက အစပြုပြီး ခွဲခွာခြင်းဆိုတဲ့ဒုက္ခကို စတင်ကြုံခဲ့ရတာဟာ ကျမအတွက် စိတ်အထိခိုက်ဆုံး ခံစားခဲ့ရခြင်းတွေကို ဆက်တိုက်ကြုံလာခဲ့ရတယ် ။

ချစ်လျက်နဲ့ခွဲခွာရခြင်းတွေ
နာကျည်းပြီးခွဲခွာရခြင်းတွေ
မခွဲခွာချင်ဘဲ ခွဲခွာခဲ့ရခြင်းတွေစတဲ့ အမျိုးမျိုးသော အကြောင်းတွေကြောင့် ခွဲခွာခြင်းဆိုတဲ့အရာကို ကျမအတော်ခံစားဘူးခဲ့ရပြီးပါပြီ ။

မစားနိုင် မသောက်နိုင်ဖြစ်ပြီး အိပ်ယာထဲတခွေခွေလူးလိမ့်ပြီး ငိုကြွေးခဲ့ရတဲ့နေ့တွေဟာ ရက်ပေါင်းမနဲခဲ့ပါဘူး ။
နောက်ဆုံးမှာ ကျမတယောက်ထဲ ကျန်နေခဲ့ရတဲ့ ခွဲခွာခြင်းအမျိုးမျိုးရဲ့နောက်က အဖြေတခုကို ကျမလက်တွေ့သိလိုက်ရတဲ့အထိပါဘဲ ။

ပြန်စဉ်းစားကြည့်မိတော့ ပြီးခဲ့တဲ့ ၅လကမှ ခွဲခွာခြင်းကို ကျမကြုံလာခဲ့တာမဟုတ်ဖူးရှင့် ။ အမေနဲ့အမ ရုံးသွားဘဏ်သွားအလုပ်လုပ်ကြတယ် တနေကုန်ပေါ့ ။ ဒါဟာ သူတို့ ကျမကို ခနတာ ခွဲခွာသွားကြတာပါ ။ ဒီခွဲခွာခြင်းကို မခံစားရဘဲ မေ့လျော့နေခဲ့တာက ညနေပြန်လာမယ်ဆိုတဲ့ ကျမအသိစိတ်ကြောင့် ဘာမှမခံစားရခြင်းဆိုတာ တွေးမိလိုက်ပါတယ် ။အဆိပ်မိသွားတဲ့ ခွေးမလေး " ယု " အတွက်က ပြန်မလာနိုင်တော့ဘူးတာ စိတ်ကသိတဲ့အတွက် ပူဆွေးမှုတွေခံစားခဲ့ရခြင်းဆိုတာလဲ သိလိုက်ပါတယ် ။

စိတ်ဟာအဓိကကျတယ်လို့  ကျမစိတ်ဓာတ်တွေကျနေချိန်တုန်းကလည်း ဆင်ခြင်မိလို့  ရေးတင်ခဲ့ဘူးပါတယ် ။ အခုလည်း ကျမခွဲရမယ့် အကြောင်းတရားတခုကိုကြုံလာလို့  ပြန်စဉ်းစားမိရင်း ရေးဖြစ်ရပြန်ပြီ ။

ကျမအကောင်းဆုံးရလိုက်တဲ့အဖြေတခုက ခွဲခွာသွားရလို့ ပူဆွေးနေမယ့်အချိန်တွေကို မခွဲခွာခင်က အတူပျော်ခဲ့ဘူးတဲ့အကြောင်းတွေကို ပြန်စဉ်းစားပြီး ပြန်သတိရ ပြန်ကြည်နူးမယ် ။ နောက်ဆုံးပြန်မတွေ့ရတဲ့ခွဲခွာမှုမျိုးကိုတောင် ကျမမသိစိတ်ကနေ သူရှိနေတယ် သူပြန်လာတယ်ဆိုတဲ့စိတ်ကို ဖြည့်ပြီး စိတ်ကူးယဉ်ပျော်နေတော့မယ် ။

လက်တွေ့မကျတဲ့ စိတ်ကူးယဉ်ခြင်းတွေပါလာလို့  အရူးလို့ပြောခံရနိုင်ပေမယ့် ကျမ သိပ်မခံစားရတော့ ဖြေသာပါတယ် ။ ဝမ်းနည်းခြင်းတွေကိုလည်း ပျောက်စေပြီး မျက်လုံးကိုမှိတ် ကျမအတွေးတွေနဲ့ အိပ်စက်ကြည့်တာတော့ အတော်ဟုတ်နေခဲ့ပါပြီ

IMG_20180311_210044.jpg

photo credit # pinterest

@pyaesonekhinkhin

MSC 021

Sort:  

အကို​တော့ ​ခွေး​လေး​တွေ​မွေးပြီး သံ​ယောဇဉ်​ တွယရလွန်း​​တော့ ​နောက်​ကိုမ​မွေး​တော့ဘူး၊သူတို့တခုခုဖြစ်​ သွားရင်​ အရမ်းခံစားရတယ်

ဟုတ်တယ် ညီမလေးခွေးလေးလဲ အဆိပ်မိတာ သေသွားတာ

သံယောဇဉ် မေတ္တာ တရား

အေ့ဆို

ခွဲခွါခြင်းဆိုသည်မှာ ချန်ခဲ့သူလည်း လွမ်း ကျန်ခဲ့သူလည်း လွမ်း

အဟင့် ငိုချင်နေတာနော် မယ်စု ခ်ခ်

Very good post ! Thank for sharing!

သံ​​ယောဇဉ်​ သံ​ယော​ဇဉ်

always feel pr lr b pyae

လောက ဓမ္မတာပါပဲ​လေ.....။

ဟုကဲ့ရှင့်

ခွဲခွာခြင်းဆိုတာ တစ်​​နေ့​နေ့ ​တော့ လူတိုင်းကြုံရမှာပဲ​ဆိုတာသိ​ပေမဲ့
တကယ်​ကြုံလာရတဲ့အခါ ခံစားရခက်​တယ်​ဗျ

ဟုတ်တာပေါ့

အင်း...သံဃောဇဉ်တွေဆိုတော့လည်း

ဟုတ်တယ်မမ

ကျော့်အဖွားဆို ကြောင် ၁၇ ကောင်ထိမွေးဖူးတာ ခုတော့ သေကုန်လို့ ၇ကောင်လောက်ဘဲကျန်ဒေ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.031
BTC 69430.02
ETH 3814.93
USDT 1.00
SBD 3.66