Game & Me

in #myanmar6 years ago

ငွေရှာလွယ်တဲ့ နေရာတိုင်းမှာ လောင်းကစားဟာ လိုက်လာတတ်တာကို B Pyae သတိထားမိလာပါတယ် ။ သိလို တတ်လို့ ပြောခြင်းမျိုးမဟုတ်ပါဘူး ။ B Pyae မြင်တာလေးကို ရေးပြတာပါ ။

Online ငွေရှာနည်းမျိုးစုံကို steemit လုပ်ရင်းကနေ B Pyae သိလာပါတယ် ။ တကယ်ရှာရပြီး တကယ်ထုတ်သုံးလို့ ရသလို ကိုယ့်အရင်းအနှီးကို လိမ်သွားလို့  ဆုံးတာတွေလဲ ဗဟုသုတအဖြစ် ရှေ့က ခံခဲ့ရသူများက ပြောပြကြလို့  B Pyae သိရပါတယ် ။

images.jpeg

နောက်ထပ်သိတာကတော့ လောင်းကစားနည်းတွေပါ ။ 999 နဲ့ ဘယ်လိုရှုံးတယ် ဘယ်လိုကုန်တယ်တွေကြားနေရပါတယ် ။ Steem ကိုသာ B Pyae အစကသိခဲ့ရိုးအမှန်ပါ ။ အဒေါ်က steemit က အရင်းမပါဘဲ စာရေးပြီးငွေရတယ် B Pyae နဲ့သင့်တော်တယ်ဆိုပြီး ဆယ်တန်းဖြေပြီးစ B Pyae ကို လုပ်ခိုင်းခဲ့တာပါ ။ သူသင်ပေးတာလဲ steemit နဲ့ပတ်သက်တာပါဘဲ ။

Steemit ရေးရင် myanmar tag တွေဖတ်ရင်းက တခြား online ငွေရှာနည်းတွေကိုဖတ်ရ သိရတော့ သူတို့ တွေရဲ့ link ကိုထောက်ပြီး ဖတ်ရာကနေ တဆင့်တဆင့် ပိုပိုသိလာရတာပါ ။

ပြောချင်ရေးချင်တာနဲ့ နဲနဲလွဲပြန်ပြီ ။ လောင်းကစားနည်း ပြန်ဆက်ပါအုံးမယ် ။ 999လောင်းကစား ရှုံးသံတွေကြားရပြီးတဲ့နောက်မှာ အခုတခါ steemit မှာ ထပ်ကြား ထပ်မြင်ရပြန်ပါပြီ ။

s-l400.jpg

လောင်းကစား ၃ခု ခုလောလောဆယ် steemit မှာ hot ဖြစ်တာ ဖတ်ရ မြင်ရပါတယ် ။ 8 ball / Lucky io နဲ့ Steem dice ဆိုတာတွေပါ ။ 8 ball က အရင်းမပါဘဲ သူပေးတဲ့ coin တွေကနေ ဘိလိယက်ကို အလောင်းအစားနဲ့ပြန်ထိုးရတယ်ဆိုတော့ မဆိုးဘူးလို့  ဆိုရပါမယ် ။ ဒီတော့ ဆော့သင့်တယ်လို့ B Pyae က ထောက်ခံတယ်ပေါ့ ။

ကျန်တဲ့၂နည်းကိုလည်း B Pyae ကိုယ်တိုင်အကောင့်လုပ်ဝင်ပြီး လေ့လာပါတယ် ။ ဆော့တော့မယ်ဆိုတာနဲ့ ကိုယ့်အရင်းထည့်မှသာ ဆော့ရတာ နောက်ပြီး ဆော့သူအများစုက အရှုံးနဲ့သာ ရင်ဆိုင်ရတာချည်း မြင်နေတာပါ ။ ဒီတော့ B Pyae မထောက်ခံဘူးပေါ့ ။

IMG_20180614_161012.jpg

ပြန်သုံးသပ်လိုက်တော့ အားလုံးဟာ ပိုက်ဆံလိုချင်လို့  လုပ်ကြတာပါ ။ ပိုက်ဆံပိုနေလို့ ဖြုန်းသလို ဘာကြောင့်ဖြစ်နေလဲ ? စဉ်းစားလိုက်တော့ မတော်လောဘဖြစ်မိတာရယ် ငွေရှာတဲ့နည်းလမ်းမမှန်တာရယ်ကြောင့်ဆိုတာ သိလာပါတယ် ။

ပိုက်ဆံလိုချင်လို့  ရှာပေမယ့် ရှာတဲ့နည်းလမ်းမမှန်ရင် ပိုက်ဆံကကိုယ့်ဆီ ခနအလည်လာပြီး ကိုယ့်ရှိတာပါယူသွားတဲ့ အဖြစ်မျိုးတွေကြုံနေတာကို မြင်လာရလို့ ပါ ။ ဒါကြောင့် steemit မှာ အခုဖြစ်နေတဲ့ လောင်းကစားကို မဆော့သင့်ဘူးလို့ ထင်တာပါဘဲ ခြွင်းချက်ကတော့ ကျွမ်းကျင်နားလည်စွာ အနိုင်ယူဆော့တတ်သောပညာရှင်များကို မပြောပါရှင် ။

all photos credit # google search

@pyaesonekhinkhin

MSC 021

Sort:  

လောင်းကစားဆိုဒ်တွေကတော့ မဆော့တာအကောင်းဆုံးပါ ကြာရင် ကိုယ့်ဆီကဘဲပါတာ

ဟုတ်တယ်အကို
တချိုကတော့ ရနေကြတယ် အထာသိတာလားမသိ

ရှမ်းလဲပါတယ်နောက်မဆော့တော့နဲ့

ငမ့် ဆော့ပါပုဟက်

8Ball ပဲ ဆော့တယ် ကျန်တာ သိဘူး😁

good တယ် ဘဒို

ကျွန်တော်ဆိုဆော့လိုက်တိုငှ်းုံးလို့မဆော့တော့ဘူး

ခုတော့ ဆော့တော့ဘူး luckygamesio က နိုင်တာလည်းမပေးဘူး ဂျင်း site ကြီး ဘာလို့ သိလဲဆိုတော့ 5 sbd လောက် ရင်းလို့ သိခဲ့ရတာ ဟီးးးး

ဟားး ဘုန်းလဲရှုံးဘူးတယ်လား

8ball ကို​ထောက်​ခံပါတယ်​😂😂

verify ဖြစ်ပြီး အကောင့်ဝင်မရလို့ စိတ်နာဒေ

အခုခေတ်ကလေးလေးတွေ တော်ကြပါတယ်
သမီးတို့တစ်တွေပေါ့ ချီးကျူးပါတယ် ရှူံးတာနိုင်တာကတော့
မပြောပါဘူး ကျွမ်းကျင်မှုတွေကိုပြောတာပါ

လောင်းကစားတော့မလုပ်တတ်ဘူး ကိုယ့်ထဲက ပါမှကြာက်တာထက်ရှုံးရတဲ့ခံစားချက်ကို ကြိုက်ဘူး

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54787.37
ETH 2302.94
USDT 1.00
SBD 2.35