ကျမသူငယ်ချင်းနှင့်မူးယစ်ဆေး

in #myanmar7 years ago (edited)

image

photo# facebook search

ဒီညအဖို့ ကျမအတွက်တော်တော်နဲ့အိပ်မပျော်ခဲ့ပါဘူးရှင်
ကျမသူငယ်ချင်းတယောက် ဆုံးပြီလို့သတင်းကြားမိလိုက်တဲ့အချိန်ကစပြီး ဟိုတွေးဒီတွေးနဲ့ ကြောက်ကလဲကြောက်ပေါ့

ကျမတို့ က မနှစ်က ဆယ်တန်းကျူရှင်တွေတက်ရင်း ဆရာအတူ အချိန်အတူ တဖွဲ့ထဲသင်ခဲ့ရသူတွေပေါ့
သူကboy ဆိုတော့ ဥာဏ်လဲကောင်းတာပါမှာပေါ့ စာသင်ပြီးလို့ စာပြန်ခိုင်းရင် သူကအရင်ဆုံးရတာ အိမ်အရင်ပြန်ရတဲ့သူပေါ့ သူ့ နာမည်က နိုင်ဦးလို့ ခေါ်ပါတယ် ကျမတို့ သူငယ်ချင်းတွေက သူ့ နာမည်ကိုဗြောင်းပြန် nick name ပေးပြီးခေါ်ကြတာ
"" ရှုံးဘိတ် "" လို့ ပေါ့ အဓိပ္ပါယ်က သူ့ နာမည်နိုင်အစား မနိုင်းဘူး ရှုံးမယ် မဦးဘူး ဘိတ်ချီးဆိုတဲ့ သဘောမျိုးပေါ့

သူ့ အရင်အိမ်ပြန်ချင်လို့ ကတော့ မနက်ဖန်သင်ယ့် ကျက်ရမယ့်သင်ခန်းစာကို ကြိုတင်ကျက်သွားမှ ဖြစ်တဲ့ထိစိတ်ကူးရတာပါ တနေ့ တနေ့ သင်ခန်းစာတွေနဲ့ အိမ်စာလုံးလည်ရိုက်နေတော့ ကြိုပီးစာကျက်ခဲ့လည်း တရက်ပါဘဲ ရက်တိုင်းမကျက်နိုင်တော့ အတန်းထဲမှာ သူသာလျှင်ပထမလိုဖြစ်နေတော့တာပေါ့ အောင်စာရင်းထွက်တော့လည်းသူက၄ဘာသာဂုဏ်ထူးပါတယ် ဒီလိုတော်တဲ့သူ ကျမတို့ မျှော်လင့်တောင့်တနေတဲ့ တက္ကသိုလ်ဆိုတဲ့ကျောင်းတော်ကြီးကို မတက်ရဘဲ လောကကြီးက အပြီးအပိုင် ထွက်သွားတော့ အံ့ဘြရတာပေါ့ သေမင်းကတော့ ကြီးငယ်မရွေးခေါ်တတ်တယ်ဆိုတာ ကြားဖူးမြင်ဖူးထားပေမယ့် ""ရှုံးဘိတ် ""အတွက် စိတ်မကောင်းဖြစ်ရပါတယ်

image

photo# facebook search

သူသေပုံကလည်း အဆန်းကြီးပါ
မူးယစ်ဆေးဝါးကိုချောင်းဆိုးပျောက်ဆေးနဲ့ဟိုရောဒီရောစပ်ပြီး အလွန်အကျွံသုံးစွဲမိလို့  ရှော့ဖြစ်သေတယ်လို့  ကျမကြားတာကိုး မထင်မိဘူးလေ ဖြစ်ပုံကဒီလိုပါတဲ့ သူစာမေးပွဲအောင်တော့ သူ့ မိဘတွေကကျောင်းတက်ရင် သူလိုနေသော MTX ဆိုင်ကယ်ဝယ်ပေးမယ်လို့ ပြောထားကြတယ်တဲ့ကျောင်းကလကုန်ရင်တက်ရတော့မှာကြောင့် ဆိုင်ကယ်ဝယ်မပေးသေးတဲ့မိဘတွေကို စိတ်ကောက်ပြီး သူ့ အရပ်ထဲကfriend တယောက် (အရပ်သူငယ်ချင်းပေါ့နော်)နဲ့အိမ်ကိုထွက်လည်ရင်း အဲ့ဒီသူငယ်ချင်းက စိတ်ညစ်နေရင် ဒါလေးသောက်ပေါ့ မင်းမှာပက်ဆံပါလားသွားဝယ်မယ်နည်းလမ်းပြမယ်ဆိုပြီးခေါ်သွားရာက ဘဝဆုံးရတဲ့အဖြစ်ပါ

စာတွေတော်ပါရက် အသိဥာဏ်တွေရှိပါရက်နဲ့ တခဏလေးစိတ်လွတ်ပီး အဆုံးဖြတ်မှားခဲ့ရတယ်
လူပေါင်းမှားခဲ့ရတယ် မိဘတွေက ဝယ်ပေးနိုင်တဲ့အခြေနေကို သူမမြင်တော့ဘူမဝယ်ပေးသေးတဲ့မိဘတွေရဲ့အခြေအနေကိုဘဲသူမြင်တယ် သူ့ ကို သူလိုချင်တာဝယ်ပေးနိုင်အောင် ပက်ဆံရှာလို့ မိဘတွေမအားတာကိုလည်းသတိမမူနိုင်တဲ့ သူငယ်ချင်းအဖြစ်က စိတ်မကောင်းစရာပါ

image

photo# facebook search

သူမူးယစ်ဆေးတွေသုံးပြီး ခနအကြာမှာဘဲ သတိလစ်ပီးလဲကျသွားခဲ့တော့ သူ့ သူငယ်ချင်းကသူ့ ကိုပစ်ထားခဲ့ပီး ထွက်ပြေးသွားတယ်လို့ သိရတော့ သနားမိတယ် ကျမစိတ်ထဲမှာတွေးမိတာက သူ့ သူ့ငယ်ချင်းသာထွက်မပြေးဘဲသူ့အိမ်ကိုအကြောင်းကြားခဲ့ရင် ဆေးကုသချိန်ရပီး အသက်ရှင်မလားလို့ ပေါ့
သူ့ပါးစပ်ထဲ နှခေါင်းနဲ့နားတွေထဲက သွေးတွေထွက်ပီး သေဆုံးနေတယ်လို့ကြားရပြန်တော့ သူသုံးစွဲခဲ့မူးယစ်ဆေးကို မမြင်ဘူးဘဲနဲ့ကို ကျမကြောက်နေတော့တာ

ဖြစ်ပြီးခဲ့တာတွေနဲ့ကုန်ဆုံးသွားတဲ့အချိန်တွေကို ပြန်ယူလို့ မရပါဘူး မဖြစ်ခင်က အချိန်တွေမကုန်ခင်က ဆုံးဖြတ်ချက်မမှားဘို့ စိတ်ကိုအေးအေးထားပြီး စဉ်းစားဆုံးဖြတ်သင့်တာပါ
ဒါကို ကျမသူငယ်ချင်းဖြစ်တဲ့ နိုင်ဦးဆိုတဲ့်ရှုံးဘိတ်ကကျမတို့အတွက်လက်တွေ့သင်ခန်းစာပြသွားခဲ့ပါပြီ

image

photo# facebook search

Steemit friends များလည်း လူပေါင်းမမှားကြစေဘို့  ဆုံးဖြတ်ချက်မမှားစေဘို့အကြံပေးပါရစေ
သူငယ်ချင်းနိုင်ဦးလည်းကောင်းရာမွန်ရာဘုံဘဝရောက်ပါစေ နောက်ထပ်ဒီလိုအဖြစ်မျိုးတွေလည်း ကျမမမြင်ရ မကြားရပါစေနဲ့လို့ဆုတောင်းရင်း ကျမအသက်ရှိနေသရွေ့ မမြင်တွေ့ရတော့ဘူးပေါ့ သူငယ်ချင်းရယ်………

image

photo#facebook search

@pyaesonekhinkhin

Sort:  

စိတ်မကောင်းပါဘူးဗျာ။
ကျွန်တော့်သူငယ်ချင်းမှာလဲ တစ်ယောက်ရှိတယ်။
သူကျတော့ အသက်မသေပဲ ထောင်ကျသွားတာ။
မူးယစ်ဆေးတွေက ကျွန်တော်တို့ ချစ်ရခင်ရတဲ့သူတွေကို
တစ်ယောက်ချင်းစီ မသိမသာခေါ်သွားနေတာ။

အစကမင့်ကိုလဲသိပ်မသကာင်္ဘူးဆေးသမားမှတ်နာ :P

အဲ့ ဟုတ်​ဘူးလား

သူငယ်ချင်းတွေလိုက်ထိန်းရင်းနဲ့ သိလာတာပါဂျာ
ကျွန်တော်က ယာမကာလုလင်စစ်စစ်ပါ
မယုံရင် လိုက်တိုက်ကြည့် :P

ဘာယမကာလုလင်လဲပွင့်ပွင့်လင်းလင်းအရက်တမားလို့ပြောစမ်းပါဗျ :P

အရက်သမားပြောရင် Cheetah မိမှာဆိုးလို့ပါ :P

လုပ်ချလိုက်ကြပါ သမီူအရိုက်ခံရအောင်လုပ်ကြတာ

အမလေး ထင်ရက်လေတယ်တော်
ကျုပ်အဒေါ်သိရင် သတ်ခံရအောင် သက်သက်လုပ်တာလား

မပြည့် အာ့အပေါ်က ခိုခို ၂ ယောက် 😁😁

ဝမ်းနည်းစရာပဲ, ပထမဆုံး စမ်းသုံးတာနဲ့ ဘဝပါ ပေးလိုက်ရတာ။ မူးယစ်ဆေးက လုံးဝ out of control ကို ဖြစ်နေတာ။ မြစ်ကြီးနား တက္ကသိုလ် က ကျားအိမ်သာတွေမှာ ဆေးထိုးအပ်ပြစ်ဖို့ သီးသန့် အမှိုက် ပုံး ထားထားရတယ်တဲ့။ အနာဂါတ်လူငယ်တွေ အတွက်ပညာသင်တဲ့ နေရာ မှာ ဆေးထိုးအပ်တွေရှိနေတာ... ရှေ့ရေးကို စဉ်စားလို့ ကို မရဘူး။⁠⁠⁠⁠

ဟုတ်တယ်အကို

တကယ်ကြီးလား?

နု​မျှောစရာ​နော်

ဟုတ်တယ်အကို

စိတ်မကောင်းပါဘူးဗျာ
အခုဆို မပြည့် ကိုလည်း
fb ဆေးလိပ်ကြီး ခဲလို့ တွေ့နေရပြန်တယ်

ဟုတ်ကဲ့ရှင့်
ကျမအကိုတွေပြောလို့  ပြန်ချိန်းပြီးပါရှင်
sorry for this

သိသိကြီးနဲ့မှားနေတာကိုလူလို့ခေါ်ရမလိုပဲ

ဝမ်းနည်းစရာပါအကိုရာ

မူးယစ်ဆေးကြောင့်ပျက်စီးသွားသူတွေအများကြီးပဲ ပျောက်ကွယ်သင့်ပြီ မူးယစ်ဆေး။

yes bro
i hate drug

good post!
thanks for sharing!

thank you brother
it's true story of my friend
so sad for him

This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 61940.19
ETH 2433.78
USDT 1.00
SBD 2.50