ခေတ် ………
ပုဂံသွားဘို့ စကားနဲ့ အကိုတယောက်နဲ့B Pyae စပ်မိစပ်ရာလေးတွေပြောဖြစ်ခဲ့ကြပါတယ် ။
B Pyae ကျူရှင်တက်တဲ့အကြောင်းတွေထည့်ပြောကြရင်း အကုန်ကြုံရသမျှလေးတွေပါ ပြောဖြစ်သွားတော့ ခုလိုပိုစ့်လေး တပုဒ်အဖြစ် B Pyae က ဖန်တီးလိုက်ပါတယ် ။
အဲ့ဒီအကိုရဲ့စကားတွေကို ကောက်နှုတ်ရင်း Steemit Post အဖြစ် ဖြည့်စွက်လိုက်တာကတော့ ……
တကယ်တော့ ..
အသုံးမကျတဲ့ သူတယောက်အဖြစ်
ရပ်တည်နိုင်ဖို့ မလွယ်ပါဘူး။
သူတို့တွေမှာလဲ ဖြတ်သန်းခဲ့ရတဲ့
ခေတ်ဆိုတာရှိတယ်။
အဲဒါတွေကို နားလည်သွားရင်
အသုံးမကျသူတွေကို
ကိုယ်ချင်းစာတတ်သွားလိမ့်မယ်။
သင်ကိုယ်တိုင် ဖြတ်သန်းဖူးရင်တော့
သင်အသုံးမကျဘူးဆိုတာ
ဝန်ခံမိပါလိမ့်မယ်။
................
သိတတ်စအရွယ်မှာ မိဘလူကြီးတွေက
သားကြီးရင် သမီးကြီးရင် ဘာလုပ်မှာလဲ?
ဆရာဝန်ကြီးလား စစ်ဗိုလ်ကြီးလား
အင်ဂျင်နီယာကြီးလား ဆိုပြီး လမ်းကြောင်းပေးတဲ့
အမေးတွေ မေးတတ်ကြတဲ့ ခေတ် ……
အတန်းထဲမှာ စာဘယ်လောက်ညံ့ညံ့
ကျောင်းခေါ်ချိန်မပြည့်ရင်တောင် ကျုရှင်မှန်မှန်တက်ထားရင် Aခန်းမှာအမြဲနေရပီး အတန်းတိုင်းအောင်တဲ့ ခေတ် ……
ဆယ်တန်းကျမှာကို သေမလောက် ကြောက်တတ်ကြပြီး နတ်ကြီးတယ်လို့ ပြောတတ်ကြတဲ့ ဆယ်တန်းကို လမ်းကြောင်းမှန်မှန်နဲ့ ပူဇော်ပသတတ်ရင်
အောဒီနဲ့တောင် အောင်လို့ရတဲ့ ခေတ် ……
တက္ကသိုလ်မှာ မေဂျာရွေးတဲ့အခါ အမှတ်နဲ့မဆိုင် ဝါသနာနဲ့တလွဲ ခေါင်းပန်းလှန်သလို ကျချင်ရာကျရွေးတတ်ကြပီး တက်ရပီးရောဆိုတဲ့ ခေတ် ……
တက္ကသိုလ်ကျောင်းတက်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ ဘွဲ့တစ်ခုခုရဖို့ဖြစ်ပြီး ကျောင်းပြီးဘွဲ့ရတဲ့တနေ့နေ့ ဘွဲ့ဓာတ်ပုံကို အိမ်တိုင်မှာချိတ်ဆွဲနိုင်ရမည်ဟု ကြုံးဝါးကာ ဘွဲ့ရမှ လူရာဝင်မယ်ဆိုတဲ့အသိတစ်ခုက အရိုးစွဲနေကြခြင်းကြောင့် ဘွဲ့တခုခုရဖို့ အသဲအသန်
လုံးပန်းကြရတဲ့ ခေတ် ……
ကျောင်းပြီးဘွဲ့ရတော့ ဘွဲ့တော်လက်မှတ်ကို ကိုင်ဆွဲကာ ပညာမာန်တခွဲသားနဲ့ အလုပ်ထဲဝင်ကာမှ
ရခဲ့တဲ့ဘွဲ့တော်ကြီးဟာ သုံးစားလို့မရမှန်းသိသွားပြီး သောက်တလွဲ ဖြစ်နေပါကလားးရယ်လို့ အချိန်လွန်နောင်တရတတ်ကြတဲ့ ခေတ် ……
ဒီခေတ်ကြီးကို တွန်းလှန်ရင်း အသုံးကျတဲ့သူတယောက်ဖြစ်ဖို့  B Pyae ကြိုးစားရတော့မယ်လို့  ဆုံးဖြတ်လိုက်မိတယ် ။
MSC 021
good writing
thank you brother
ကတိနော်ပြောပြီးရင်ဖြစ်အောင်လုပ်
ဟုတ်
အမှန်ကန်အတွေးနဲ့အရေး
မှန်လွန်းရင်ဘေးထွက်နေရတတ်တာကျ မပြောပု
ဟား ဟားး
ရီစရာပေါ့လေ နော့
ကြိုးစားထား အားတင်းထား ဖိုက်တင်း
ဒေါ် ပြည့်
ဟုတ်ကဲ့ thank you
hi
hello
မှန်သောစကားများပါ
ဟုတ်အန်တီ
အမြင်တေမှန်လာပီ
ဟဟ
MSC မှာတော့ အသုံးကျ အသုံးဝင် အသုံးတည့် သူ B Pyae လေးပါ
ပုဂံကြရင် မုန့် ကျွေးနော်😁😁😁
ဟုတ်ကဲ့
5tin
ဟုကဲ့
သိပေမယ့်လဲ မပြင်နိုင် အရိုးစွဲနေတဲ့ခေတ်
ဒီလိုနဲ့ဖြည်းဖြည်းပြင်ရမှာပေါ့လေ