B Pyae တို့ဟူးကြော်စားနေသည် …

in #myanmar6 years ago

ယနေ့ ညနေ သွားရန်ပြင်ဆင်နေတုန်းမှာ ကိုရွှေမိုးက မပြောမဆိုနဲ့ နေပူကျဲကျဲကြီးမှာ ရွာချလိုက်တော့ ကျောင်းသွားပျင်းနေတဲ့ B Pyae အတွက် ကိုရွှေမိုးကိုအကြောင်းပြပြီး မိုးရွာလို့ ကျောင်းမတက်တော့ဘူးလို့  မာမီကိုပြောမယ် အကြံရတော့တာပေါ့ ။

ထိုအကြံကို အကောင်အထည်ဖော်ဘို့  မာမီဆီအရောက်မှာဘဲ မိုးကတိတ်သွားပါလေရော ။ မိုးရွာတုန်း ၃မိနစ်အချိန်ကြာသေးတာ ကိုရွှေမီးကလည်း အမှီလိုက်ပျက်ပေးတော့ ကျောင်းမသွားဘို့  ကို့ ဘက်မှာက 85% လောက်သာယာနေတာ ထင်ခဲ့တာပေါ့ ။

မာမီရှေ့အရောက်မှာဘဲ ကိုယ့်အကြံတန်းသိပုံပေါ်နေတယ်ထင်ပါရဲ့ " ကောင်မလေး ကျောင်းသွားဘို့ ပြင်တော့ မိုးတိတ်တုန်း ပို့ မယ် " တဲ့ ။ အဲဒီမှာ B Pyae တို့ စပြီး ခေတ်စကားလိုပြောမယ်ဆိုရင်ဖြင့် ဂွမ်းတာပေါ့နော် အယ့်လယ် ။ လုပ်ချလိုက်ပြန်ပြီကိုရွှေမိုးရယ် ။

B Pyae လည်း ဒီလိုနဲ့ကျောင်းရောက်သွားခဲ့တာပေါ့ ။ သူငယ်ချင်းတွေအမနှစ်ယောက်နဲ့ ကျောင်းအပြင်မှာတွေ့ပြီး အမတွေက B Pyae ကိုမျက်စပစ်ပြနေတာ ။ အထာတန်းသိတဲ့ B Pyae က မာမီကို နောက်လှည့်မကြည့်ဘဲ ကျောင်းပေါက်ထဲ ခပ်တည်တည်နဲ့ဝင်သွားတာပေါ့ ။

စိတ်ချလက်ချနဲ့မာမီထွက်သွားတော့မှ အတန်းထဲမဝင်ဘဲ အမတွေဆီပြန်လှည့်တော့တာလေ ။ အကြော်ဆိုင်ထိုင်ပြီး အကြော်စား အအေးသောက် ဒီsunday ဘယ်သွားကြရမယ်ဆိုတာ တိုင်ပင်ပြီး အချိန်၂နာရီက ပြည့်ခါနီးသွားတယ် ။

ပြန်လာကြိုချိန်ဆိုတော့ ကျောင်းဝင်ထဲက ထိုင်ခုံမှာပြန်ဝင်ထိုင်ရင်း လူစုခွဲပြီး လာအကြိုကို စောင့်နေလိုက်တာ ကွက်တိပါဘဲ ထိုင်ပြီးခနမှာ လာကြိုတော့ အိမ်ကိုပြန်တာပေါ့နော် ။

ဓာတ်ပုံက တင်ချင်ပေမယ့် မတင်င်္ဘူးလို့ ဆူထားတဲ့ ဟိုတယောက်ကြောင့် ဓာတ်ပုံဝါသနာပါတဲ့ B Pyae လဲ အကြံထုတ်ပြီး ရသလိုတင်ရတာပေါ့ ။ အကြော်ဆိုင်မှာ တိုဟူးကြော်လေးကို ကိုင်ပြီး မှတ်တမ်းတင်ထားလိုက်ပါတော့တယ် ။

received_285974598639937.jpeg

@pyaesonekhinkhin

MSC 021

Sort:  

အဲ့လယ်..ဟိုတျောက်တွေ ဘာတွေနဲ့..တိုးတက်နေတာ.. ခ်ခ်

OMG! How long no see bro :(

ငမ်း ​ကျောင်း​ပြေး

ခ်ခ် တခါထဲပါအေ

ကျောင်းပြေးလိုက်တာပေါ့။
အားပေးပါအုံးဗျာ။အသစ်လေးပါ။

ဟုတ်ကဲ့

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62065.67
ETH 2429.85
USDT 1.00
SBD 2.68