B Pyae ခေတ်မှီပြီ …

in #myanmar6 years ago

ကြောက်မက်ဖွယ်ဖြစ်ခဲ့ရသော ပီးခဲ့တဲ့စနေနေ့ ညရဲ့ B Pyae ကိုယ်တိုင်ကြုံခဲ့ရသော မန်းလေး၏ အထူးအဆန်းမဟုတ်တော့သော အကြောင်းလေးကို ပြောပြချင်ပါတယ် ။

ညနေစောစော ဘဏ်ကပြန်လာတဲ့အမကို လခထုတ်ရက်ဆိုတော့ B Pyae ကလဲ ဝိရိယထားပြီး စောင့်ကြိုနေခဲ့ပါတယ် ။

သူထုတ်လာတဲ့လခထဲက ဖုန်းဘေလ်ထည့်ခိုင်းရတယ် ။ B Pyae လိုချင်တဲ့ မိတ်ကပ် နှခမ်းနီစတာတွေကို ပူဆာဝယ်ခိုင်းတာဟာ ဒီလိုလခထုတ်ချိန်တိုင်းပါဘဲ ။

သူပြန်လာတော့ ဆိုင်ကယ်အင်ဂျင်ဝိုင်လဲဘို့  မာမိကိုပြောတော့ သူ့ ကိုနားအုံးဆိုပြီး ဆိုင်ကယ်ဆိုင်ကလူကို ဖုန်းဆက်ပြီး ဆိုင်ကယ်လာယူခိုင်းရင်း လိုတာဖြည့်ပြင်ပေးဆိုပြီး ဆိုင်ကယ်ကိုယူသွားစေပါတယ် ။

B Pyae နဲ့ မမက ရေချိုးအဝတ်စားလဲပြီး မာမိကိုပြောပြီး ဆိုင်ကယ်သွားယူရန် လမ်းလျှောက်ရင်းဆိုင်ကယ်ဆိုင်ကို ထွက်လာခဲ့တာပါ ။

ဆိုင်ကယ်ဝပ်ရှော့နဲ့ အိမ်က ၃ပြလောက်တော့ ကွာတော့ လမ်းတပြလျှောက်တာနဲ့ ကိုယ့်ဆိုင်ကယ် ပြင်ပြီးလို့  ရပ်ထားတာလဲ လှမ်းမြင်နေရပါတယ် ။

မမက ဆိုင်ကယ်ကို ပြီးလောက်ပြီ ဟိုမှာရပ်ထားတယ်လို့  လက်ညှိုးအထိုးမှာ ဆိုင်ကယ်တစီးက အနားကိုကပ်လာပြီး လက်ထဲက ပိုက်ဆံအိပ်နဲ့ဖုန်းပူးကိုင်ထားတာကို ဆွဲလုပါတော့တယ် ။

8199346f7699db98d28a957fa220152a.jpg

photo org source

ဟယ် ! သူခိုး လုတာတော့ B Pyae တို့  အော်လဲအော် ကြောက်လဲကြောက်တာပေါ့ ။ ဘေးကလည်း ဝိုင်းအော်တော့ ဆိုင်ကယ်ကို တအားမောင်းပြေးသွားပါတော့တယ် ။

B Pyae တို့ ညီမနှစ်ယောက်လုံးက နဂိုထဲကမှ မျက်စိအားနည်းသူတွေဆိုတော့ လမ်းဘေးကပ် ဖြေးဖြေးလျှောက်နေတော့ သူတို့ ဆိုင်ကယ် အနားကပ်လာထဲက သတိထားမိလိုက်တာပါ ။

ပိုက်ဆံအိပ်နဲ့ဖုန်းကိုလည်း တင်းကြပ်စွာသတိနဲ့ကိုင်လာတော့ သူတို့ လုတာအလွယ်မရသွားတာပေါ့ ။ တော်သေးတယ် မပါသွားလို့  ။

B Pyae တို့ လည်း ဆက်မသွားရဲတော့ဘဲ အိမ်ဘက်ပြန်လှည့်ရင်း အမျိုးတွေကိုပြောပြသတိပေးပြီး ဆိုင်ကယ်ကိုလဲ လာပို့ ခိုင်းရပါတော့တယ် ။

B Pyae ရဲ့ ရင်ခုန်ဖွယ်ရာ မန်းလေးရဲ့ ခေတ်စားနေတဲ့ အတွေ့အကြုံတခုပါဘဲရှင် ။ ခေတ်မှီသွားတာပေါ့ ။

@pyaesonekhinkhin

MSC 021

Sort:  

ကိုယ်​တိုင်​ကြုံ​တွေ့ရတာဆို​တော့​ကြောက်​စရာတအား​ကောင်းမှာဘဲ....

ပြန်လုပီးမှ ကြောက်နေတာ ခိခိ

လူမလုသွားတာတော်သေးတယ်

ဟီးး ပြန်လုတာ ညီမ၂ယောက်လုံးက

ကံသီပေလို့ပေါ့ကွာ.....

တော်သေးတယ်
လူကိုအန္တရာယ်မဖြစ်စေတာ

လမ်းလျှောက်တာကို ဆင်းလုတာ တော်သေး ဟုတ်ပ

မန်းလေးက တော်တော် အခြေအနေဆိုးနေပြီဘဲ နပြည့်ရေ သတိနဲ့နေ သတိနဲ့သွား မှောင်တာနဲ့ အပြင်မထွက်နဲ့တော့နော်

ဟုတ်မမစု

ညီမလေး တကယ် မန်းလေး ကဆိုးနေတေ😯သွားတာလာတာ ဂရုစိုက်ပါအေ

တော်သေးတာပ ပိုက်ဆံအိပ်ပဲလုလို့

တကယ်​ကြီးလားဟယ်

တကယ်ပါဆို ယုယုရယ်

တော်သေးတာပေါ့အေ ငါလေးလဲ မန်းတလေးတောင်မလာရဲ ဖြစ်နေပါပြီအေ

ဟားး လာပါတခေါက်လောက် အရုပ်ဝယ်ပေးရမာ

‌တော်‌‌တော်‌ဆိုး‌နေပြီ ဘဲ။‌တော်‌‌သေးတာ‌ပေါ့ ညီမ။

ဟုတ်တယ်အကို

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63498.69
ETH 2645.91
USDT 1.00
SBD 2.80