B Pyae & hair colour

in #myanmar6 years ago

ယနေ့  B Pyae ညစ်နေတာတွေအကုန်လျှော်ပစ်လိုက်ပါတယ် ။ ခေါင်းပါလျှော်တဲ့အပြင် အလျှော်လွန်သွားပြီး ဆံပင်ပါ အရောင်ပြောင်းပစ်လိုက်တယ် ။ MSC gathering မှာ ဆံပင်အရောင်လေးနဲ့ ပုဂံမှာ ကဲလို့ ရပြီပေါ့ ။

ပြောင်းလို့ ရမယ်ထင်သမျှအကုန်သာ ပြောင်းချင်မိတော့ပါ စိတ်ထဲမှာမလန်းဆန်းရင် နေရတာ ဘယ်လိုကြီးမှန်းမသိနဲ့ ။

received_237387550176396.jpeg

ညနေပိုင်း နေကသိပ်မပူ မိုးအုံ့အုံ့လေးဆိုတော့ ဆံပင်ဆိုင်သွားချင်တယ်ဆိုလို့  မာမီက လိုက်ပို့ပြီး ဆံပင်ဆိုင်မှာ ကိုယ့်ကိုထားခဲ့ပြီး မောင်မောင်လေးကျောင်းကြိုသွားကြပါတယ် ။

ဆံပင်ဆိုင်ကလဲ ဖွင့်လိုက်တဲ့ feel song စကားပြောစရာ အဖော်ကပါမလာ တယောက်ထဲပိုပြီးစိတ်ညစ်လာတယ် ။ ဖုန်းထုတ်ကြည့်လိုက်တော့လဲ ဆံပင်ဆိုးတာနဲ့ အဆင်မပြေ ။ ဆိုးဆေးက ခုမှစပြီး ဆိုးဘူးတာဆိုတော့ မျက်စိကိုစပ်ပြီး နှာခေါင်းထဲလဲမွှန်ထူနေတာပါ ။

ခနအကြာမှာ ကျောင်းကြိုပြန်လာတာ ပြန်ရောက်လာလို့ တော်ပါသေးရဲ့ ။ ဆံပင်အနက်နဲ့ နေလာခဲ့ပြီး ခုမှမအရောင်ဆိုးတော့ ဘယ်လိုထွက်လာမလဲ စိတ်ကတထင့်ထင့်ရယ် ။ မောင်လေးရောက်လာမှ ဆံပင်ဆိုင်ကလူတွေကြည့်ပြီး ဟိုဟာပြော ဒီဟာပြောနဲ့ အပျင်းပြေတော့တယ် ။

received_237387500176401.jpeg

B Pyae တို့ မောင်နှမ တဝါးဝါးပွဲကျနေတော့မှ ဆံပင်ဆိုင်က အဖီးသီချင်းလဲရပ်တော့တယ် ။ ဆံပင်ဆိုးထားတာ တနာကျော်ကြာတော့ ခေါင်းလျှော်ပြီး ကိုယ့်ဆံပင် ဘာအရောင်ဖြစ်လာမလဲ ဆိုးတဲ့အရောင်မှ ထွက်ပါ့မလား ဘုရား ဘုရား B Pyae လေးလှပါစေတော် ။

#pyaesonekhinkhin

MSC 021

Sort:  

ဟားး.ပုံတင်ပေးပါဗျို့

မြင်ချင်နေတယ်ပေါ့လေ
မပြနိုင်ပါပုတော် ဘာရောင်ဆွာ

လှမှာပါ ညီမလေးရ

လှလဲ ထွက်ပီအကိုရေ thanks for all bro

ငင့်ပေါလိုက်တဲ့ acc တွေအေ။

နာအကောင့်ပေါတာ myanmar နဲ့ msc ကိုမထိခိုက်ပါပုအေ msc pro လဲမယူပါ နာ့မိသားစုတွေ

😢😢😢😢

ဟုတ်ပါ့
မာမီ့ သမီးလေးလှပါစေတော်

လှချင်တာ ခ်ခ်
ရုအ်ဆိုးတော့အလှကြိုက်တာပေါ့အဖွားရေ

ငယ်‌တုန်းလုပ်‌ချင်‌တာလုပ်‌ထားပါ။ဘာပဲလုပ်‌လုပ်‌ ညီမကလှပါတယ်‌။

မုန့် ကျွေးချင်လာပီ

လှမှာပါလေ

ကျေးဇူးတင်ပါတယ်

အရောင်ပြောင်းတော့တမျိုးလှနေမှာပေါ့နော်

လှဘူးရှင့်

လျော်အေ အကုန်လျှော်

လျှော်တာဘဲယေ

This post has received a 2.98 % upvote from @booster thanks to: @pyaesonekhinkhin.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63220.55
ETH 2560.85
USDT 1.00
SBD 2.80