အဖိုးနဲ့ B Pyae

in #myanmar6 years ago (edited)

FB_IMG_1519303909868.jpg

MSC admin တွေ january best author ရွေးဘို့ တိုင်ပင်ကြမယ်ဆိုပြီး meeting လုပ်ကြပါတယ် ။ လွန်ခဲ့တဲ့တပတ်ကပေါ့ ။ B pyae လဲ ရေးမယ်စိတ်ကူးထားတာက အဲဒီနေ့ထဲပေါ့ ။ ကချင်ပြည်နယ်ဘက် ဘုရားဖူးထွက်သွားလိုက်တော့ ရေးတင်ဖြစ်တာက နဲနဲနောက်ကျသွားတယ် ။

Meeting မစခင်မှာ လူစုံပြီလား တယောက်နဲ့တယောက်မေးကြရင်း ချောင်းကြည့်ပြုံးပြလုပ်ရင်း မိမိလုပ်စရာရှိတဲ့အလုပ်တွေကို လိုင်းဖွင့်လုပ်နေကြတာပေါ့ ။

အဖိုးနဲ့ B pyae ဆုံမိပါလေရော ။ အဖိုးက သူအလုပ်မအားတဲ့အကြောင်းတွေပြောပြတာပေါ့ ။ အပြင်မှာကလဲ ဆယ်တန်းတွေဖြေဘို့ရက်ကနီးလာတော့ စာသင်ရ စာကျက်ခိုင်းရနဲ့ MSC ကဖွင့်ထားတဲ့ MSSA မှာလဲ စာသင်ရ အဖိုးအတွက် အတော်အလုပ်ရှုပ်တဲ့ ကာလပါ ။

ဒီကြားထဲ ဆုအတွက်စာတွေစစ်ရ ရွေးရဆိုတော့ သူတယောက်ထဲ ချာလပတ်လည်နေတော့တာပေါ့ ။ အဖိုးကပြောနေရင်းကနေ စာသံပေသံလေးနဲ့ စာလေးပို့ တော့ B pyae ကလဲသိတဲ့အတိုင်းလေ ဗေထိဆို ရှေ့ကပါပြီးသားဆိုတော့ အဖိုးစာကို သံယောင်လိုက်တော့တာပေါ့ ခ်ခ် ။

Screenshot_2018-02-24-13-50-43-46.png

အဖိုးကလဲရှေ့က သူပန်းသမျှ ရှုပ်သမျှတွေကို စာစပ်ပြီးပို့  ကျမကလဲ ss မှာပြတဲ့အတိုင်းဘဲ ပြန်စပ်ပို့ နဲ့ နောက်ဆုံး ရီနေရတော့တာပါဘဲ ။

ကျမတို့  အတော်လေးကို ပျော်ရပါတယ် ။ ကျမဆိုလိုချင်တာက MSC မိသားစုဟာ အခုလိုဘဲ Admin တွေရော အဖွဲ့သားတွေရော စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပျော်နေကြတယ်ဆိုတာကို ပြောပြချင်တာပါ ။

အကြောင်းအမျိုးမျိုးတွေရှိလာခဲ့ကြရင်လည်း စုပေါင်းတိုင်ပင်ပြီး အကြံပေးကြပြီး တတ်နိုင်သလောက် ကူညီနေကြတယ်ဆိုတဲ့ မိသားစုစိတ်ဓာတ်အပြည့်ရှိတဲ့အကြောင်းနဲ့ အဖွဲ့သားတွေရဲ့ ချစ်စရာကောင်းတဲ့ အလေ့အကျင့် အမူအရာတွေကို တွေ့ရပါတယ် ။

ခုလိုတွေတွေ့ရတော့ MSC မိသားစုအတွက် စိတ်ချမ်းသာမှုဖြစ်စေတာပေါ့ရှင် ။ ခနတာ ပျော်ရွှင်ရတော့လည်း ခနတာတော့ စိတ်ညစ်စရာတွေကို မေ့သွားတာပေါ့ ။ အဖိုးနဲ့ ကျမကတော့ အဲ့လိုပါဘဲ ခနတာလေးတော့ ပျော်ရွှင်ရကြတာပေါ့ ။

Screenshot_2018-02-24-13-50-36-18.png

@pyaesonekhinkhin

MSC 021

Sort:  

ဟားဟား
ဖိုးဖိုးလည်း သနားပါတယ်
သူ့ကိုတွေ့ရင် ပြေးတဲ့သူကများတယ်ဆိုပြီးပြောနေတာ
ခုလိုပျော်အောင် ပြောပေးတော့လည်း ပင်ပန်းမှုတွေပြေပျောက်ရတာပေါ့ညီမလေးရာ။Good Goodပါဗျ။👏👏👏👍👍👍

ဟားး ဟုတယ်နော့

ဖိုးဖိုး နှင့်​ပြိုင်​ဘယ်​သူနိုင်

အဖိုးနိုင်

ဘာလဲလို့ဖတ်လိုက်ရတာဖတ်ဖတ်မော ရင်ဘတ်နောက်ကကြော ဒီအဖိုးကြီးတစ်ယောက်တည်းမျက်လုံးမကောင်းနာမဟုတ်ဘူး။ဒီမှာလည်းကန်းတော့မယ်။

ခ်ခ် ဟုလား ဦးလေးရေ ဖတ်ပေးလို့ ကျေးဇူးပါရှင်

အဖို့း မြေး ကဗျာရွက်ကြေတာပါလား

ဟုတယ်အကို

Ss ထဲက စာသားတွေက အလန်းနော်.ကြွေပြီလေ 😍😍

အဲ့ဒီတော့

လစ်တော့

ဖိုးဖိုး လို့ပဲခေါ်တော့မယ်

အလဲ့ ​ကြွေပြီ​လေ..။

ကြားထဲက စာတွေထက် ss ကို ဖတ်ရတာပိုကောင်းတယ် hee hee

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 59388.60
ETH 2528.39
USDT 1.00
SBD 2.50