အိပ်မက်ကလေး ……

in #myanmar6 years ago

အလှဆုံးနေ့ရက်တွေကို
အတတ်နိုင်ဆုံး ပြုံးထားပြီး
သာသာယာယာ ပျော်ရွှင်စွာနဲ့
စိတ်တူကိုယ်တူဖြတ်သန်းရင်း
သူတို့ တွေကြည်နူးနေတာကြည့်ရင်း
ပီတိဖြစ်ခဲ့ရပါတယ် ……

သူ့ ကောင်မလေး သိပ်တော်တယ် …
သူ့ကိုတနေကုန်ရီအောင်လုပ်နိုင်စွမ်းတယ် ……

သူ့ကောင်မလေး သိပ်ချစ်စရာကောင်းတာ ယုံလိုက်ပြီ …
သူပြောပြစဉ်အခါက ချစ်စရာကောင်းတာကို ကိုယ်မှလက်တွေ့မမြင်မိတာလေ ……

ဟိုးတုန်းက စိတ်ညစ်ခဲ့ရသမျှအချိန်တွေဟာ သူ့အတွက် အလှပဆုံးအချိန်တွေကို ရောက်ရှိလာဘို့ဆိုတာ အခုလက်တွေ့ပါဘဲ ။

ဟော… ဟိုမှာ သူတို့၂ယောက်လက်ကိုတွဲပြီး လမ်းလျှောက်လာနေကြပါလား ! တိုက်ဆိုင်လိုက်တာဟာ အခုဘဲသူတို့ အကြောင်းတွေးနေမိတာ ။

2521591_S.jpg

crd org source

သူတို့ တွေရဲ့လိုက်ဖက်လွန်းတဲ့အတွဲကို မမြင်ဟန်ဆောင်ပြီး ခိုးကြည့်မိရင်း သက်ပြင်းပျော့ပျော့လေးချပြီး မျက်နှာလွှဲ တဖက်ကိုငေးနေလိုက်ပါတယ် ။

ဘုရားရေ … ကိုယ့်အရှေ့မှာ ခြေအစုံတွေရပ်ပြီး သူ့လက်တဖက်က ကိုယ့်ဆီလှမ်းလာတော့ ခေါင်းမော့ကြည့်ရတော့တာပေါ့ ။

လက်ထဲမှာ ဖိတ်စာတစောင် …
အရောင်က ပန်းနုရောင်နဲ့
ရွှေရောင်တောက်နေတဲ့စာတွေနဲ့ပါ
" ထိမ်းမြားမင်္ဂလာဖိတ်ကြားလွှာ " တဲ့ ။

Congratulation ပါလို့  နှုတ်ဆက်ပြီး ဖိတ်စာကိုလှမ်းယူထားပြီး ဂုဏ်ပြုလိုက်တော့ သူက ပြုံးပြပြီး ဆက်ဆက်လာခဲ့နော်လို့ ပြောရင်း ထွက်သွားတာပေါ့ ။

ဖိတ်စာကို ဆုတ်ကိုင်ရင်း သူတို့ လက်ထပ်ကြတော့မှာပါလားလို့ တွေးနေခိုက် ဝုန်းကနဲအသံကြားလိုက်တာ လန့် နိုးလာခဲ့တယ် ။

ဟာ ! စာကြည့်ရင်း အိပ်ပျော်သွားပြီး အိပ်မက်မက်နေပါလားနော် ……
လက်ထဲကကျက်နေတဲ့စာအုပ်ပြုတ်ကျမှ
လန့် နိုးခဲ့တာပါလား ……

စာမကျက်တော့ဘဲ အိပ်ယာထဲဝင်ပြီး အိပ်မက်ကိုပြန်စဉ်းစားရင်းဖြင့် ရင်ထဲမှာတော့ဘာလိုလိုနဲ့ အိပ်မက်ကလေး မက်ခဲ့တယ် …… ……

@pyaesonekhinkhin

MSC 021

Sort:  

ကြေကွဲ ထိရှ ပြီပေါ့ ခ်ခ် ကိုယ်နဲ့မထိုက်တန်လို့  သဘောထားလိုက် အရင်ကထက်လှအောင်နေပေါ့ ဟုတ်ဘူးလား

မှန်လိုက်တာဘုန်းရာ
စိတ်ချနေပြမှာပါ ခိခိ

အလှဆုံးအိပ်မက်ထဲ အမြဲရှိသူ... အကြင်နာတွေကို စိုးမိုးထား...

မင်ဂါဆောင်ပါပီဆို .…

အိပ်​မက်​က​လေး လန့်​နိုးလာလို့​တော်​​သေး 😁😁

အိပ်မက်ထဲ ကျန်ခဲ့တာပေါ့ ဟီး ဒါနိမိတ်ပြတာနော်

အ​တော်​ စိုးရိမ်​သွားမှာ​နော်
အိမ်​မက်​ထဲကအတိုင်းဖြစ်​သွားမှာကို ..အဟိ..

😱 အရမ်းကိုအံ့ဘြသွားမိတာယုယုရေ

ဒီလောက်နဲ့ပဲကျေနပ်ပါတယ်ပေါ့ဗျာ ဖြစ်ဖူးပါတယ်

👋 ရိုက်လိုက်ပါအူး

အိမ်မက်လေးက ကောင်းပေမဲ့ ကျန်ရစ်သူ ဘယ်သူပါလိမ့်

B Pyae လို့မထင်မိဘူးလား မမစု 😐

အိပ်ပျက်ညတွေ ဖြစ်ခဲ့ရပီ😌

ဟိ! ခုတော့လည်း ဒါတေ ဒါတေ ပီးခဲ့ပါပီ 😂

မင်္ဂလာဖိတ်စာနော်အိမ်မက်တာသမီးလဲတွေးကြည့်နေလားကွယ်

သမီးကျန်ခဲ့တာပေါ့အန်တီရယ် ခိခိ

မင်္ဂလာ ‌ဆောင်‌ချင်‌‌နေပြီတူတယ်‌။

ဟာ ဟုရပါပုဂျာ ထုမှခလိန်းပါ ဟိ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62869.05
ETH 2545.35
USDT 1.00
SBD 2.72